Local News

ကားတိုက်ခံရလုနီးပါး ကလေးမလေးရဲ့အသက်ကို ကယ်တင်လိုက်တဲ့ သရဲ (ရုပ်သံ )…

စူပါမင်းအစရှိတဲ့ ဇာတ်ကားတွေထဲမှာ တစ်စုံတစ်ယောက် ဒုက္ခရောက်နေပြီဆိုရင် သူရဲကောင်းတွေ ရောက်လာပြီး ကယ်တတ်ပါတယ်။ အခုလည်း CCTV မှတ်တမ်းမှာတော့ ကားတိုက်ခံရလုနီးပါး ဖြစ်နေတဲ့ ကောင်မလေးတစ်ဦးကို သရဲတစ်ကောင်က ဝင်ကယ်ခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ ဘယ်နေရာမှာ ဖြစ်ပျက်ခဲ့တယ်ဆိုတာကိုတော့ မူလစာမျက်နှာမှ ဖော်ပြမထားပါဘူး။ ဖြစ်စဉ်အချိန်ကတော့ (၂၀၁၇) ဇွန်လ (၁၈)ရက် ညပိုင်း (၁၁း၃၀) ဝန်းကျင်လောက်မှာ ဖြစ်ခဲ့တာပါ။ လူတော်တော်များများကတော့ ဒီဗွီဒီယိုကို သံသယပွားနေပါတယ်။

တော်တော်များများကတော့ ဒီဗွီဒီယိုဖိုင်ကို Fake ဆိုပြီး ပြောနေကြပါတယ်။ တစ်ချို့ကလည်း ဝိဉာဉ်တို့ သရဲတို့ဟာ အရာဝတ္ထုတွေ ပစ္စည်းတွေကို သယ်မနိုင်ခြင်း မရှိဘူးလို့ ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ဒီဗွီဒီယိုဖိုင်လေးကတော့ လူမှုကွန်ရက်မှာ ရေပန်းစားခဲ့ပါတယ်။

Credit:လင်းသူရိန် (MyanmarNote)

source : rumble.com

Zawgyi




Credit