Local News

CDMတွင်ပါဝင်ခဲ့သောမီးရထားဝန်ထမ်းများရဲ့လူမှုဘဝအခက်အခဲများ(ကူညီနိုင်မဲ့ပြည်သူတွေသိအောင်ရှယ်ပေးကြပါ)

Unicode

မီးရထားပြေးဆွဲမှု လုံးဝရပ်ဆိုင်းသည်အထိ CDM လုပ်ခဲ့သော မီးရထားဝန်ထမ်းများ၏ လူမှုဘဝအကျပ်အတည်းဖေဖော်ဝါရီ ၈ ရက်မှ စတင်ကာ ရာနှုန်းပြည့်နီးပါး CDM လုပ်ခဲ့သော မီးရထားဝန်ထမ်းများသည်ရန်ကုန်မြို့ မလွှကုန်းနှင့် သိမ်ဖြူရှိ မီးရထားဝန်ထမ်းအိမ်ယာများတွင် ထောင်နှင့်ချီနေထိုင်ကြသည်။

CDM လုပ်ပြီး သုံးရက်အကြာတွင် လုပ်ငန်းခွင်ဝင်ရန် ထိပ်ပိုင်းအရာရှိများက ဝန်ထမ်းများကိုဖိအားပေးမှုများရှိခဲ့ပြီး ယနေ့ နေ့လယ်တွင်လည်း အုပ်ချုပ်ရေးပိုင်းက ရဲအင်အား ၅၀ခန့်သုံးကာ မလွှကုန်းရှိ ဝန်ထမ်းအိမ်ယာတွင် လာရောက်ဖိအားပေးခဲ့သည်။

မီးရထားဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ လုံခြုံရေးကို အထူးစိုးရိမ်နေရပြီးစစ်အာဏာရှင်ပြုတ်ကျရေး CDM ဖြင့် အဆုံးစွန်ထိ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။အစိုးရယန္တရားရပ်တန့်ရေးအတွက် CDM တွင် ဝန်ထမ်းအားလုံးပါဝင်ပေးကြရန် မီးရထားဝန်ထမ်းများက တိုက်တွန်းကြသည်။

Credit Original Writter

zawgyi