Local News
နှမ်းခါးရွာကို လေယာဉ်နဲ့ ဗုံးကျဲ စပါးတွေ ကားနဲ့တင်ခိုးသွား
နှမ်းခါးရွာကို လေယာဉ်နဲ့ ဗုံးကျဲ စပါးခင်းတွေရိတ်ပြီး ကားနဲ့တင်ခိုးသွား၊ PDF ၄ ဦး ကျဆုံးဂန့်ဂေါ၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၁။ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ဗုံးကျဲခဲ့ပြီး ပြည်သူတွေရဲ့ စပါးခင်းတွေ ရိတ်သိမ်းခိုးယူသွားခဲ့တယ်လို့ Gangaw Battalion PDF ဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၁ နာရီကျော်အချိန်မှာ စစ်ကောင်စီက ဂန့်ဂေါမြို့နယ်က ခေါင်းဆောင်ပိုင်းတွေ အစည်းအဝေးလုပ်နေချိန်မှာ ဗုံးလာကျဲသွားခဲ့တာဖြစ်တယ်လို့ Gangaw Battalion PDF တပ်ရင်း ၁ ရဲ့ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်
ရဟက်ယာဉ် ၃ စီးလာတယ်၊ ပထမ သူတို့ ဗုံး ၂ လုံးကျဲတယ်။ ကျနော်တို့ သတင်းပေါက်နေတဲ့ ခန်းမလွဲသွားလို့၊ အဲဒီမှာ လူတွေမရှိဘူး၊ပြီးတော့စက်သေနတ်နဲ့ တောက်လျှောက်သူတို့က အစည်းအဝေးလုပ်တယ်ထင်တဲ့နေရာတွေကို ပစ်ပါတယ်” လို့ သူကပြောပါတယ်။
ရဟတ်ယာဉ်နဲ့ဗုံးကျဲပြီးနောက်ပိုင်းမှာနောက်ထပ်ရဟတ်ယာဉ်၂စီးနဲ့နှမ်းခါးရွာအနောက်ဘက်နဲ့တောင်ဘက်ကရွာတွေမှာစစ်သားတွေလာချသွားခဲ့တယ်လို့ပြောပါတယ်။ရွာထဲဘက်ကို စစ်ကြောင်းထိုးမယ်ပုံစံလုပ်တာ ကျနော်တို့အားလုံး သတင်းရတော့ တချို့လူတွေက
လွတ်လောက်မဲ့နေရာကို ထွက်ပြေးတယ်။ အနောက်ဘက် တောင်ဘက် ပြေးတဲ့ဒေသခံတွေကြ စစ်ကောင်စီအဖွဲ့က ဖမ်းမိသွားပါတယ်။အစည်းအဝေးလာတဲ့လူတွေလည်း အဖမ်းခံရတဲ့အထဲပါမယ်၊ပြီးတော့ အရေးကြီးခေါင်းကြီးပိုင်းတွေ လွတ်မြောက်သွားပါတယ်” လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီနေ့က PDFဘက်က၆ဦးသေနတ်ထိမှန်ခဲ့ပြီး၄ဦးကျဆုံးခဲ့တဲ့အထဲမှာဂန့်ဂေါPDFတပ်ရင်း၁က၁ဦးပါဝင်တယ်လို့သိရပါတယ်။“ကျန်တာက ဒေသခံကာကွယ်‌‌ရေးအဖွဲ့ထဲ့ကပါ၊ဆက်သွယ်လို့ရတဲ့ ရဲဘော်တွေအကုန်ပြန်စုနေတုန်းပါ၊ အစည်းအဝေးမှာ ဖုန်းတွေအကုန်သိမ်းထားလို့ပါ” လို့ Gangaw Battalion PDF ရဲ့ တာဝန်ခံက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီက နှမ်းခါးရွာထဲကို ဝင်မွှေနေပြီး ပြည်သူတွေရဲ့ စပါးခင်းတွေကို ရိတ်သိမ်းပြီး Faw ကားတွေနဲ့ ခိုးယူသွားတာ ဧက ဘယ်လောက်ဆိုတာ မသိရသေးဘူးလို့ သိရပါတယ်။မြေလတ်အသံ
Credit
Zawgyi
န်မ်းခါ်းရာကို လေယာဥ္နဲ့ ဗုံးက်ဲ စပါးခင်းတြေရိတ်ပြီး ကားနဲ့တင္ခိုးသြား၊ PDF ၄ ဦး က္ဆုံးဂန့်ဂေါ၊ ဒီဇင္ဘာ ၁၈၊ ၂၀၂၁။ဂန့်ဂေါမြို့နယ်၊ န်မ်းခါ်းရာကို စစ်ကောင္စီက ရဟတ်ယာဥ္နဲ့ ဗုံးက်ဲခဲ့ပြီး္ပည်သူတြေရဲ့ စပါးခင်းတြေ ရိတ်သိမ်းခိုးယူသြားခဲ့တယ္လို့
ရဟက်ယာဉ် ၃ စီးလာတယ်၊ ပထမ သူတို့ ဗုံး ၂ လုံးက်ဲတယ်။ က်န္တောို့ သတင်းပေါက်နေတဲ့ ခန်းမလြဲသြားလို့၊ အဲဒ်ီမာ လူတြေမရြိဘူး၊ ပြီးတော့စက်သေနတ္နဲ့ တောက်လျော်က်သူတို့က အစည်းအေဝးလုပ္တယ္ထင္တဲ့နေရာတြေကို ပစ္ပါတယ်” လို့ သူက္ပောပါတယ်။
ရဟတ်ယာဥ္နဲ့ဗုံးက်ဲပြီးနောက္ပိုင်းမာနောက္ထပ်ရဟတ်ယာဉ်၂စီးနဲ့န်မ်းခါ်းရာအေနာက္ဘက္နဲ့တောင္ဘက္က်ရာတြေ်မာစစ်သားတြေလာခ်သြားခဲ့
တယ္လို့္ပောပါတယ်။်ရာထဲဘက္ကို စစ်ကြောင်းထိုးမယ္ပုံစံလုပ္တာ က်န္တောို့အားလုံး သတင်းရေတာ့ တခို့လူတြေက
လြတ်လောက္မဲ့နေရာကို ထြက်္ပေးတယ်။ အေနာက္ဘက် တောင္ဘက်္ပေးတဲ့ဒေသခံတြေကြ စစ်ကောင္စီအ္ဖဲ့က ဖမ်းမိသြားပါတယ်။ အစည်းအေဝးလာတဲ့လူတြေလည်း အဖမ်းခံရတဲ့အထဲပါမယ်၊ပြီးတော့ အေရးကြီးခေါင်းကြီးပိုင်းတြေ လြတ်္မောက်ြသားပါတယ်” လို့ သူကဆက်္ပောပါတယ်။
အဲ့ဒီနေ့က PDFဘက္က၆ဦးသေနတ္ထိမန္ခဲ့ပြီး၎ဦးက္ဆုံးခဲ့တဲ့အထ်ဲမာဂန့်ဂေါPDFတပ်ရင်း၁က၁ဦးပါဝင္တယ္လို့သိရပါတယ်။“က်န္တာက ဒေသခံကာကြယ်‌‌ရေးအ္ဖဲ့ထဲ့ကပါ၊
ဆက်ြသယ္လို့ရတဲ့ ရဲဘော်တြေအကုန်္ပန္စုနေတုန်းပါ၊ အစည်းအေဝ်းမာ ဖုန်းတြေအကုန်သိမ်းထားလို့ပါ” လို့ Gangaw Battalion PDF ရဲ့ တာဝန္ခံက္ပောပါတယ်။
လက်ြရိမာ စစ်ကောင္စီက န်မ်းခါ်းရာထဲကို ဝင်မွှေနေပြီး္ပည်သူတြေရဲ့ စပါးခင်းတြေကို ရိတ်သိမ်းပြီး Fawကားတြေနဲ့ ခိုးယူသြားတာ ဧက ဘယ်လောက္ဆိုတာ မသိရေသးဘူးလို့ သိရပါတယ်။္မေလတ်အသံ
Credit