Local News

လိုချင်တဲ့ဆံပင်ရောင်ရဖို့ လေးကြိမ်ဆက်တိုက် ဆံပင်အရောင်ချွတ်လိုက်ပြီးနောက်မှာ ဓာတုဓာတ်မထည့်မှုကြောင့် ကတုံးတုံးလိုက်ရတဲ့ အမျိုးသမီး

တရုတ်နိုင်ငံ Sichuan ပြည်နယ်မှ အမျိုးသမီးတစ်ဦးဟာ ဆံသဆိုင်တစ်ဆိုင်မှ ကျွမ်းကျင်ပညာရှင်ထံမှ အကူအညီရယူခဲ့ပြီးနောက်

သူမဘဝရဲ့ အဆိုးဆုံးအချိန်ကို ဖြတ်သန်းလိုက်ရပါတယ်။

Deng လိုအမည်ရတဲ့အဆိုပါအမျိုးသမီးဟာ ဆံပင်ဆေးဆိုးရန် ဆံပင်ညှပ်ဆိုင်သို့သွားခဲ့ပြီး ဆံပင်ဆေးဆိုးခြင်းလုပ်ငန်းစဉ်တစ်ခုလုံး

ပြီးမြောက်ရန် ခုနစ်နာရီ ကြာခဲ့တဲ့အပြင် ၊ ဆေးဆိုးခြင်းလုပ်ငန်းစဉ်တွင် လေးကြိမ်တိုင်တိုင် ဆံပင်ဆေးဆိုးခဲ့ရပါတယ်။

အစပိုင်းမှာတော့ ဆံပင်ရှည်တဲ့ Deng က ​​ဆံပင်ကိုဆေးမဆိုးခင် သူမလိုချင်တဲ့အရောင်ရအောင် အရင်ဆုံး အရောင်ချွတ်ရမယ်လို့ ပရော်ဖက်ရှင်နယ် ဆံပင်ဆေးဆိုးသူက

သူမအား ပြောခဲ့ပေမဲ့လည်း ဆေးဆိုးခြင်းလုပ်ငန်းပြီးသွားတဲ့အခါ မျှော်လင့်ထားသည့်အတိုင်း ဆိုးဆေးထွက်မလာတာကြောင့် သူမဟာ အကြိမ်များစွာဆေးဆိုးရန်လိုအပ်နေခဲ့ပါတယ်။

ထို့နောက် ၎င်းဆံသဆရာက သူမရဲ့ဆံပင်ကို ဒုတိယအကြိမ် ဆေးဆိုးလိုက်တဲ့အခါ၊ Deng ဟာ ဦးရေပြား ပူလောင်နေသလို ခံစားခဲ့ရပေမဲ့လည်း

ဆေးဆိုးသည့်လုပ်ငန်းစဉ်တွင် ပုံမှန် ၎င်းလိုဘဲ ခံစားရလေ့ရှိကြောင်း ဆံသဆရာမှ သူမအား အာမခံခဲ့ပါတယ်။ထို့နောက် ဆေးဆိုးခြင်းလုပ်ငန်းကို တတိယအကြိမ်အဖြစ် တစ်ဖန်ပြုလုပ်ခဲ့ပြီး ဦးရေပြားမှာ မီးလောင်ဒဏ်ရာလို သူမခံစားရကြောင်း Deng က

ဆံသဆရာအား ပြောကာ ဆံပင်ဆိုးဆေးက သူ့ဦးရေပြားနဲ့ မသင့်တော်လောက်ဘူးလို့ ဆက်တိုက်ပြောပြနေခဲ့ပါတယ်။သို့သော်လည်း ဆံသဆရာကသူမရဲ့အတွေးကို လျင်မြန်စွာ သဘောမတူဘဲ ‘မဖြစ်နိုင်’ ကြောင်း ပြောကာ ဆံပင်ကို ဆက်ဆိုးနေခဲ့ပါတယ်။

သို့သော် သူမရဲ့ဆံပင်ဟာ မျှော်လင့်ထားသည့်အတိုင်း မဖြစ်လာဘဲ ပြာစိမ်းရောင်အစား ပန်းငီးစိမ်းရောင်အဖြစ်ပြောင်းသွားခဲ့ပါတယ်။

ထို့ကြောင့် စတုတ္ထအကြိမ်အဖြစ် Deng က သူမရဲ့ဆံပင်ကို ပြန်လည်ဆေးဆိုးခဲ့ရပြီး ယခုတစ်ကြိမ်မှာတော့ သူမရဲ့ဆံပင်ကို မူလဆံပင်အရောင်အတိုင်း အနက်ရောင်ဖြင့် ဆေးဆိုးပြန်ပါတယ်။

ဤတစ်ကြိမ်မှာ Deng ဟာ နာကျင်မှုကို မခံနိုင်တော့ဘူးလို့ပြောနေပေမဲ့ ဆံသဆရာက ဆေးဆိုးခြင်းလုပ်ငန်းပြီးခါနီးမို့လို့ သူမအား နာကျင်မှုကို ခဏအောင့်အီးခံထားလိုက်ဖို့ပြောခဲ့ပါတယ်။ထို့နောက် ဝေဒနာခံစားနေရတဲ့ Deng က သူမရဲ့သမီးကို ဆံပင်ညှပ်ဆိုင်မှာလာခေါ်ဖို့ အမြန်ဖုန်းခေါ်လိုက်ပါတယ်။

ထိုအချိန်မှာ ဆံသဆရာက Deng ရဲ့ဆံပင်မှာ တစ်ခုခုမှားယွင်းနေမှန်း သိလိုက်ရပြီးနောက် Deng ရဲ့ဆံပင်ကို ဆံပင်ဆိုးဆေးလျှော်ခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပြီးနောက် Deng ကို

ဆေးရုံသို့ချက်ချင်းပို့ခဲ့ရပြီး သူမဟာ ဆံပင်ဆိုးဆေးတွင် ပြင်းထန်တဲ့ ဓာတုဓာတ်မတည့်မှု နှင့် အသက်အန္တရာယ်ကိုထိခိုက်စေတဲ့ anaphylactic ကို ခံစားနေရကြောင်း ဆေးရုံရှိအရေပြားအထူးကုဆရာဝန်က အတည်ပြုခဲ့ပါတယ်။

သူမရဲ့ ဦးရေပြားရဲ့ 40 ရာခိုင်နှုန်းဟာ ဓာတုမီးလောင်ဒဏ်ကို ခံစားခဲ့ရပါတယ်။ မီးလောင်ဒဏ်ရာရဲ့ပြင်းထန်မှုကြောင့် အရေပြားအထူးကုဆရာဝန်ကDeng အား ကျန်ဆံပင်ဆိုးဆေးကြောင့် မီးလောင်သွားတဲ့ဦးရေပြားကို ပိုဆိုးစေမည်ကိုစိုးရိမ်တာကြောင့် သူမရဲ့ဆံပင်ကိုရိတ်ပစ်ဖို့ အကြံပြုခဲ့ရပါတယ်။

Deng ဟာ ​​ဒဏ်ရာကြောင့် ငါးရက်ကြာ ဆေးရုံတက်ခဲ့ရပြီး ဒီအဖြစ်အပျက်နှင့်ပတ်သက်ပြီး သူမက ဝမ်းနည်းစွာနဲ့ “ ကျွန်မ အမြဲတမ်း ဆံပင်ဘဲ အရှည်ထားခဲ့တာပါ၊ ကျွန်မ ကတုံးရမယ်ဆိုတဲ့အချက်ကို ဘယ်လိုမှလက်မခံနိုင်ခဲ့ဘူး” လို့ ဆိုခဲ့ပါတယ်။

ကံမကောင်းအကြောင်းမလှစွာဖြစ်ပြီးနောက် Deng ဟာ စိတ်ပိုင်းဆိုင်ရာဒုက္ခ၊ ဆေးဖိုး၊ ဆံပင်တုဖ်ုးနှင့် အခြားသောကုန်ကျစရိတ် စုစုပေါင်းကုန်ကျတဲ့ ဒေါ်လာ ၉၉၇၀ ဖြင့် ဆံပင်ညှပ်ဆိုင်ကို လျော်ကြေးတောင်းခဲ့ပါတယ်။

သို့သော်လည်း ဆံပင်ညှပ်ဆိုင်က ၎င်းတို့ရဲ့လုပ်ငန်းလုပ်ကိုင်သည့် ၁၀ နှစ်တာ ကာလအတွင်း ယင်းကဲ့သို့ ဖြစ်ရပ်မျိုးတစ်ခါမှ မဖြစ်ပွါးခဲ့ဖူးကြောင်းဆိုကာ သူမအား ဒေါ်လာ ၄၃၂ သာ လျော်ကြေးပေးဆောင်ခဲ့ကြပါတယ်။

လက်ရှိမှာ တာဝန်မဲ့တဲ့ ဆံပင်ညှပ်ဆိုင်အား တရားဥပဒေအရ အရေးယူရန် Deng က စဉ်းစားနေပြီး သူမရဲ့ ဇာတ်လမ်းဟာ တခြားသူတွေကို ဘဝသင်ခန်းစာအဖြစ် အသုံးချနိုင်လိမ့်မယ်လို့လည်း သူမ မျှော်လင့်နေပါတယ်။

Credit