Local News

အာဏာသိမ်းအစိုးရလို့ မခေါ်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ထုတ်

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရလို့ သုံးစွဲဖော်ပြတာဟာ မမှန်မကန် အသုံးအနှုန်းဖြစ်ကြောင်းနဲ့ သုံးစွဲခြင်းမပြုဖို့ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို သောကြာနေ့က ညွှန်ကြားစာ တစောင်ပေးပို့ခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပေဒအရ အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော် ကို အရေးပေါ် အခြေအနေကြေညာခဲ့ရတာဖြစ်လို့ လက်ရှိ အစိုးရကို အာဏာသိမ်းအစိုးရလို့ မမှန်မကန် မသုံးစွဲပါနဲ့လို့လည်း အဲဒီ စာမွာ ဖော်ပြထားပါတယ်။

သတင်းမီဒီယာတွေနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေအနေနဲ့ အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်နေတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရလို့ မမှန်မကန် သုံးနှုန်းခေါ်ဆိုတာနဲ့ လူထုဆူပူအုံကြွမှုဖြစ်အောင် သွေးထိုး လှုံ့ဆော်ပေးတာ စတဲ့ လုပ်ရပ်တွေကို မလုပ်ဆောင်ဖို့လည်း ပြောပါတယ်။သတင်းမီဒီယာ ကျင့်ဝတ်တွေနဲ့ အညီ သတင်းတွေကို ဖော်ပြကြဖို့လည်း အဲဒီ စာမွာ ပါရှိပါတယ်။

VOA Burmese News

[ Unicode ]

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရလို့ သုံးစွဲဖော်ပြတာဟာ မမှန်မကန် အသုံးအနှုန်းဖြစ်ကြောင်းနဲ့ သုံးစွဲခြင်းမပြုဖို့ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို သောကြာနေ့က ညွှန်ကြားစာ တစောင်ပေးပို့ခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော် ကို အရေးပေါ် အခြေအနေကြေညာခဲ့ရတာဖြစ်လို့ လက်ရှိ အစိုးရကို အာဏာသိမ်းအစိုးရလို့ မမှန်မကန် မသုံးစွဲပါနဲ့လို့လည်း အဲဒီ စာမှာ ဖော်ပြထားပါတယ်။

သတင်းမီဒီယာတွေနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေအနေနဲ့ အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်နေတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရလို့ မမှန်မကန် သုံးနှုန်းခေါ်ဆိုတာနဲ့ လူထုဆူပူအုံကြွမှုဖြစ်အောင် သွေးထိုး လှုံ့ဆော်ပေးတာ စတဲ့ လုပ်ရပ်တွေကို မလုပ်ဆောင်ဖို့လည်း ပြောပါတယ်။သတင်းမီဒီယာ ကျင့်ဝတ်တွေနဲ့ အညီ သတင်းတွေကို ဖော်ပြကြဖို့လည်း အဲဒီ စာမှာ ပါရှိပါတယ်။

VOA Burmese New

Credit