မအူပင္ၿမိဳ႕နယ္ ရဲမ်ား၏မိန္းမမ်ားက စစ္သင္တန္းမတက္ေရာက္လိုေၾကာင္းဝိုင္းေျပာသျဖင့္ သင္တန္း ရပ္ဆိုင္းထားရ
ကိုကိုေမာင္/ ဧရာဝတီတိုင္းမ္
ဒီဇင္ဘာ ၁၃ ရက္
ဧရာဝတီတိုင္း၊ မအူပင္ၿမိဳ႕နယ္အတြင္းရွိ ရဲတပ္ဖြဲ႕ဝင္မ်ား၏အမ်ိဳးသမီးမ်ားကို ဒီဇင္ဘာလပထမပတ္ အ တြင္း စစ္သင္တန္းတက္ေရာက္ခိုင္းခဲ့ၿပီး သင္တန္းစတက္သည့္ေန႔မွာပင္ ရဲတပ္ဖြဲ႕ဝင္မ်ား၏မိန္းမမ်ားက စစ္ သင္တန္းတက္ေရာက္လိုျခင္းမရွိသျဖင့္ ဆန္႔က်င္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ႏွင့္နီးစပ္သည့္အသိုင္းအဝိုင္းထံက သိရသည္။စစ္ေကာင္စီ၏ၫႊန္ၾကားခ်က္ေၾကာင့္ မအူပင္ၿမိဳ႕နယ္အတြင္းရွိ နယ္ေျမရဲစခန္းမ်ားအပါ စခန္းမ်ားအားလုံးမွ ရဲတပ္ဖြဲ႕ဝင္မ်ား၏မိန္းမမ်ား အင္အား ၁၀၀ ဝန္းက်င္ျဖင့္ အေျခခံစစ္ပညာႏွင့္ လက္နက္ငယ္သင္တန္းမ်ားစတင္သင္ၾကားေပးေနျခင္းျဖစ္ၿပီး အမ်ားစုမွာတက္ေရာက္လိုျခင္းမရွိေၾကာင္း သိရသည္။
စစ္သင္တန္းအား မျဖစ္မေနဆက္လက္တက္ေရာက္ရမည္ဆိုပါက ရဲစခန္းဝန္းအတြင္းေနထိုင္ေတာ့မည္မဟုတ္ဘဲ ရဲလိုင္းခန္းျပင္ပတြင္သာေနထိုင္မည္ဟု ေျပာဆိုခဲ့ၾကေၾကာင္း သိရသည္။
”ရဲေတြရဲ႕မိန္းမေတြကို စစ္သင္တန္းစေပးတဲ့ေန႔က သင္ တန္းေပးေနတဲ့သူေတြကို က်န္းမာေရး၊လူမႈေရး၊စီးပြား ေရးေတြနဲ႔ အမ်ိဳးမ်ိဳးအေၾကာင္းျပၿပီးမတက္ခ်င္တဲ့အေၾကာင္းဝိုင္းေျပာၾကတယ္ ။မတက္လို႔မရဘူးဆိုရင္စခန္းထဲမေနဘူး။အျပင္ထြက္ေနမယ္။ မိဘအိမ္ေတြျပန္ေတာ့မယ္ဘာညာနဲ႔ဝိုင္းေျပာၾကတာ။” ဟု မအူပင္ၿမိဳ႕ရဲ တပ္ဖြဲ႕ႏွင့္နီးစပ္သူတဦးက ဧရာဝတီတိုင္းမ္ကို ေျပာ သည္။
ရဲတပ္ဖြဲ႕ဝင္မ်ား၏မိန္းမမ်ားက စစ္သင္တန္းတက္ေရာက္ရန္ျငင္းဆန္ခဲ့သျဖင့္ အဆိုပါစစ္သင္တန္းစတင္သည့္ရက္ ၁ ရက္ထဲသာ သင္ၾကားခဲ့ၿပီး ထပ္မံသင္ၾကားျခင္း မရွိေတာ့ဘဲ သင္တန္းရပ္ဆိုင္းလိုက္ေၾကာင္း သိရသည္။
စစ္ေကာင္စီအေနျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ မိန္းမမ်ားကို စစ္သားမ်ား၏မိန္းမမ်ားအတိုင္း စစ္သင္တန္းေပး၍ လက္နက္တပ္ဆင္တိုက္ခိုက္ေစ ရန္ျပင္ဆင္လာျခင္းျဖစ္ၿပီး ၿမိဳ႕နယ္အလိုက္ရဲမ်ား၏အစီအစဥ္ျဖင့္ စစ္သင္တန္းမ်ားပို႔ခ်ရန္ ၫႊန္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။
ဓာတ္ပုံ- အမ်ိဳးသမီးရဲေမမ်ားကို မိန္႔ခြန္းေျပာၾကားေနစဥ္
မအူပင်မြို့နယ် ရဲများ၏မိန်းမများက စစ်သင်တန်းမတက်ရောက်လိုကြောင်းဝိုင်းပြောသဖြင့် သင်တန်း ရပ်ဆိုင်းထားရ
ကိုကိုမောင်/ ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ၏အမျိုးသမီးများကို ဒီဇင်ဘာလပထမပတ် အ တွင်း စစ်သင်တန်းတက်ရောက်ခိုင်းခဲ့ပြီး သင်တန်းစတက်သည့်နေ့မှာပင် ရဲတပ်ဖွဲ့ဝင်များ၏မိန်းမများက စစ် သင်တန်းတက်ရောက်လိုခြင်းမရှိသဖြင့် ဆန့်ကျင်မှုများပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။
စစ်ကောင်စီ၏ညွှန်ကြားချက်ကြောင့် မအူပင်မြို့နယ်အတွင်းရှိ နယ်မြေရဲစခန်းများအပါ စခန်းများအားလုံးမှ ရဲတပ်ဖွဲ့ဝင်များ၏မိန်းမများ အင်အား ၁၀၀ ဝန်းကျင်ဖြင့် အခြေခံစစ်ပညာနှင့် လက်နက်ငယ်သင်တန်းများစတင်သင်ကြားပေးနေခြင်းဖြစ်ပြီး အများစုမှာတက်ရောက်လိုခြင်းမရှိကြောင်း သိရသည်။
စစ်သင်တန်းအား မဖြစ်မနေဆက်လက်တက်ရောက်ရမည်ဆိုပါက ရဲစခန်းဝန်းအတွင်းနေထိုင်တော့မည်မဟုတ်ဘဲ ရဲလိုင်းခန်းပြင်ပတွင်သာနေထိုင်မည်ဟု ပြောဆိုခဲ့ကြကြောင်း သိရသည်။
”ရဲတွေရဲ့မိန်းမတွေကို စစ်သင်တန်းစပေးတဲ့နေ့က သင် တန်းပေးနေတဲ့သူတွေကို ကျန်းမာရေး၊လူမှုရေး၊စီးပွား ရေးတွေနဲ့ အမျိုးမျိုးအကြောင်းပြပြီးမတက်ချင်တဲ့အကြောင်းဝိုင်းပြောကြတယ် ။မတက်လို့မရဘူးဆိုရင်စခန်းထဲမနေဘူး။အပြင်ထွက်နေမယ်။ မိဘအိမ်တွေပြန်တော့မယ်ဘာညာနဲ့ဝိုင်းပြောကြတာ။” ဟု မအူပင်မြို့ရဲ တပ်ဖွဲ့နှင့်နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
ရဲတပ်ဖွဲ့ဝင်များ၏မိန်းမများက စစ်သင်တန်းတက်ရောက်ရန်ငြင်းဆန်ခဲ့သဖြင့် အဆိုပါစစ်သင်တန်းစတင်သည့်ရက် ၁ ရက်ထဲသာ သင်ကြားခဲ့ပြီး ထပ်မံသင်ကြားခြင်း မရှိတော့ဘဲ သင်တန်းရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ မိန်းမများကို စစ်သားများ၏မိန်းမများအတိုင်း စစ်သင်တန်းပေး၍ လက်နက်တပ်ဆင်တိုက်ခိုက်စေ ရန်ပြင်ဆင်လာခြင်းဖြစ်ပြီး မြို့နယ်အလိုက်ရဲများ၏အစီအစဉ်ဖြင့် စစ်သင်တန်းများပို့ချရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- အမျိုးသမီးရဲမေများကို မိန့်ခွန်းပြောကြားနေစဉ်
Crd