အသံတိတ်သပိတ်ပြုလုပ်တဲ့နေ့မှာပြည်သူတွေအပြင်မထွက်တာဟာတပ်သတင်းပေးလိုစွပ်စွဲခံရပြီးအသတ်ခံရမှာကြောက်လို့ဖြစ်ကြောင်းSAC
ထုတ်ပြန်ရန်ကုန်၊ ဒီဇင်ဘာ ၁၁ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ် (Slient Strikes) ပြုလုပ်တဲ့ နေ့မှာ ပြည်သူတွေ အပြင်မထွက်ကြတာဟ
တပ်သတင်းပေးလို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံရမှာ ကြောက်လို့ မထွက်တာဖြစ်ကြောင်း SAC က နိုင်ငံပိုင်သတင်းဌာနကနေ ထုတ်ပြန်ကြေညာလာပါတယ်။
NUG၊ CRPH တို့က ဒီဇင်ဘာ ၁၀ ရက်နေ့ကို အသံတိတ်သပိတ်ပြုလုပ်မယ့်နေ့အဖြစ် သတ်မှတ်ပြီး ပြည်သူတွေအပြင်မထွက်အောင် လေလိုင်းကနေ
ထုတ်ပြန်ချက်အမျိုးမျိုးနဲ့ ခြိမ်းခြောက်တာကြောင့် ဈေးဆိုင်တွေ ပိတ်ထားပြီး ကျောင်းသားကျောင်းသူတွေ ကျောင်းတက်မရဘဲ
ပြည်သူတွေသွားလာလှုပ်ရှားမှုနည်းပါးခဲ့တာလို့ထုတ်ပြန်ထားပါတယ်။အဲ့လိုဈေးဆိုင်တွေပိတ်ပြီးသွားလာလှုပ်ရှားမှုနည်းရတာဟာ လက်ရှိအစိုးရကို ဆန့်ကျင်တဲ့အနေနဲ့
အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်တာမဟုတ်ဘဲ တပ်သတင်းပေးလို့ စွပ်စွဲခံရပြီး နိုင့်ထက်စီးနင်းပြုလုပ်ခံရမှာ စိုးတာကြောင့် သွားလာလှုပ်ရှားမှုကိုဆင်ခြင်လိုက်ရတာဖြစ်တယ်လို့ ပြည်သူအများစုက ပြောတယ်ဆိုပြီး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ SAC ကို ဆန့်ကျင်ကြောင်း ပြည်သူတွေအပြင်မထွက်ဘဲ ဈေးဆိုင်တွေပါပိတ်ထားကာ အသံတိတ်သပိတ်ဆင်နွှဲကြတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့အသံတိတ်သပိတ် အောင်မြင်ကြောင်း ကမ္ဘာ့သတင်းမီဒီယာတွေကပါ ဖော်ပြထားတာဖြစ်ပါတယ်။
အသံတိတ်သပိတ်ကျင်းပတဲ့နေမှာ SAC တပ်ဖွဲ့ဝင်တွေသာ အပြင်ထွက်ကြပြီး ပိတ်ထားတဲ့ ဆိုင်ခန်းတွေက ခြိမ်းခြောက်ဖျက်ဆီးပြီး ဆိုင်ပြန်ဖွင့်ခိုင်းတာတွေ ပစ္စည်းတွေ သိမ်းယူတာတွေ လုပ်နေပြီးတပ်ထောက်ခံသူအနည်းငယ်သာ အပြင်ထွက်ပြီး ထောက်ခံပွဲပြုလုပ်ကြတာဖြစ်ပါတယ်။
Credit