မြန်မာပြည်ရဲ့ အအောင်မြင်ဆုံး မင်းသားထဲမှာ တစ်ဉီးအပါဝင်ဖြစ်တဲ့ပရိတ်သတ်တွေရဲ့အချစ်တော် မင်းသားချော နေတိုး ရဲ့ဘဝအကြောင်းမြန်မာပြည်တစ်ပြည်လုံးက ချစ်ခင်အားပေးကြတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီနေတိုးဟာ အနုပညာလောကမှာ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်တဲ့အပြင် ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာတစ်နေရာ အရယူနိုင်ထားတဲ့ သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။
ရခိုင်အမျိုးသားတစ်ဦးဖြစ်တဲ့ ကိုနေတိုးကိုတော့ ၁၉၈၁ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ အဖဖြစ်သူ ဦးအောင်သန်းနဲ့ အမိ ဒေါ်သန်းမြင့်တို့မှ ဖွားမြင်ခဲ့ပါတယ်။ဇာတိကတော့ ရခိုင်ပြည်နယ်၊ မြန်အောင်မြို့ပဲ ဖြစ်ပါတယ်၊၊ အမည်ရင်းကတော့ မောင်နေလင်းအောင် ပဲဖြစ်ပါတယ်။ မွေးချင်းတွေကတော့ အစ်ကိုဖြစ်သူ ဇော်လင်းအောင်၊ ညီဖြစ်သူ ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင်မင်းသွေး(နေမင်းအောင်) နဲ့ ညီမဖြစ်သူ စုမွန်အောင်တို့ပဲ ဖြစ်ပါတယ်။အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ဖို့အတွက် ကိုနေတိုးဟာ ၁၉၉၉ ခုနှစ်မှာ ရန်ကုန်ကိုရောက်ရှိအခြေချခဲ့ပါတယ်။ YIIK Model Agency မှာတက်ရောက်ရာကနေ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။
အဲ့ဒီ့အချိန်တုန်းက ဇင်မင်းဆိုတဲ့ အနုပညာနာမည်နဲ့ အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်ခဲ့ပြီး မော်ဒယ်ပြိုင်ပွဲအချို့မှာလည်း ဆုတွေရရှိခဲ့ဖူးပါတယ်။ သူ့ရဲ့ရည်မှန်းချက်ကတော့ အောင်မြင်တဲ့အဆိုတော်တစ်ယောက် ဖြစ်ဖို့ပဲဖြစ်ပါတယ်။သူ့ရဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ကိုနေတိုးဟာ ၂၀၀၀ ပြည့်နှစ်မှာ သီချင်းခွေတစ်ခွေကို ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။ ဒါပေမယ့်လည်း ထင်ထားသလောက် အောင်မြင်မှု မရရှိခဲ့ပါဘူး။
တကယ်လို့များ အဲ့ဒီအခွေသာ ပေါက်ခဲ့မယ်ဆိုရင် ကျွန်တော်အခုမြင်တွေ့နေရတဲ့ ကိုနေတိုးကို အောင်မြင်တဲ့အဆိုတော် တစ်ယောက်အနေနဲ့ မြင်ကောင်းမြင်ရနိုင်ပါတယ်။
၂၀၀၁ ခုနှစ်မှာတော့ ကိုနေတိုးဟာ ၃ ပတ်ဆိုတဲ့ ဇာတ်ကားမှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနယ်ရော မြို့ပါမကျန် တစ်နိုင်ငံလုံးက ပရိသတ်(အထူးသဖြင့် အမျိုးသမီးပရိသတ်တွေ) ရဲ့ အသည်းနှလုံးကို ဗီဒီယိုကားပေါင်းများစွာနဲ့ ဖမ်းစားခဲ့ပါတော့တယ်။
သူ့ရဲ့ ထူးချွန်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ၂၀၀၉ ခုနှစ်မှာတော့ မိုးညအိမ်မက်မြူဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။
အဲ့ဒီ့နောက် ၂၀၁၅ ခုနှစ်မှာ နက္ခတ်မှားတိုက်ပွဲ၊ ၂၀၁၇ ခုနှစ်မှာတော့ တာတေကြီးဇာတ်ကားတို့နဲ့ အမျိုးသားဇာတ်ဆောင်ဆုတွေကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၈ အတွက် မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ရွေးချယ်ချီးမြှင့်တဲ့ Star Award ရုပ်ရှင်နှင့်ရုပ်သံထူးချွန်ဆုပေးပွဲမှာလည်း တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ပညာရေးအနေနဲ့ ကိုနေတိုးဟာ ရန်ကုန်တက္ကသိုလ်ကနေ သချင်္ာမေဂျာနဲ့ ကျောင်းပြီးထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့အလျောက် ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းလည်း ရက်ရောလှပါတယ်။
ကိုနေတိုးရဲ့ ဝါသနာတွေကတော့ ပန်းချီရေးဆွဲခြင်းဖြစ်ပြီး စာဖတ်ခြင်း၊ဓါတ်ပုံရိုက်ခြင်း၊ သီချင်းဆိုခြင်းနှင့် ခရီးသွားရတာကိုလည်းနှစ်သက်ပါတယ်။ ရံဖန်ရံခါမှာ ဂေါက်ရိုက်လေ့ရှိတယ်လို့လည်း သိရပါတယ်၊၊
ထူးခြားတဲ့ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ကိုနေတိုးဟာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ နှင်းဆီအငြိမ့်အဖွဲ့ဝင် လူရွှင်တော်တစ်ဦးဖြစ်ပါတယ်။
နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေးတို့နဲ့အတူ နှင်းဆီသခင်၊ နှင်းဆီရင်ခွင်၊ နှစ်သစ်နှင်းဆီ၊ ထာဝရနှင်းဆီ၊ ညီညွတ်ခြင်းနှင်းဆီ၊ ရတနာပုံနှင်းဆီ၊ နှင်းဆီပဝါခြုံတဲ့လက် အစရှိတာတွေကို ဖျော်ဖြေခဲ့ပါတယ်။
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်၊ မှတ်မှတ်ရရ တစ်ခြောက်လုံးဆုံတဲ့ နေ့မှာတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းခြောက်ယောက်ဖြစ်တဲ့ လူမင်း၊ ပြေတီဦး၊ ခန့်စည်သူ၊ နေတိုး၊ မြင့်မြတ်၊ ဒါရိုက်တာဝိုင်း တို့ဟာ အနုပညာပျိုးခင်းကို စတင်တည်ထောင်ခဲ့ပြီး မင်းသမီးအသစ် ၃ယောက်ကို ပွဲထုတ်ခဲ့ပါတယ်။
နောက်တစ်ခုအနေနဲ့ ဇနဝါရီလ ၁ ရက် ၂၀၁၁ ခုနှစ်မှာ (စေ့ထားသောတံခါးများ) ကိုရေးသားဖြန့်ချီခဲ့ပါတယ်။ သူ့အကြောင်းရေးသားထားတဲ့ ဒီစာအုပ်မှာဆိုရင် အခန်း၂၁ခန်းပါဝင်ပြီး သူ့အကြောင်းသေးစိပ် ၊ သူဝါသနာပါတဲ့အလုပ် ၊ မိသားစုအကြောင်း ၊ အချစ်ရေး ၊ ကဗျာ များနှင့် သူ့ ဓါတ်ပုံ တွေမြောက်များစွာပါဝင်ခဲ့ပါတယ်။
အဓိကအားဖြင့်တော့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဘုရား၊တရား ရေးအမြင်နဲ့ခံယူချက်တွေကိုလည်း ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။ အခုဆိုရင်တော့ ကိုနေတိုးကို ချစ်မြတ်နိုးကြတဲ့ ကိုနေတိုးရဲ့ ပရိတ်သတ်တွေလည်း ကျေနပ်အားရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်
Credit
Zawgyi
ျမန္မာျပည္တစ္ျပည္လုံးက ခ်စ္ခင္အားေပးၾကတဲ့ ႐ုပ္႐ွင္နဲ႔ဗီဒီယိုသ႐ုပ္ေဆာင္ အကယ္ဒမီေနတိုးဟာ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကို ဆြတ္ခူးႏိုင္တဲ့အျပင္ ပရိသတ္ေတြရဲ႕ရင္ထဲမွာ ေနရာတစ္ေနရာ အရယူႏိုင္ထားတဲ့ သ႐ုပ္ေဆာင္တစ္ဦးပဲျဖစ္ပါတယ္။
ရခိုင္အမ်ိဳးသားတစ္ဦးျဖစ္တဲ့ ကိုေနတိုးကိုေတာ့ ၁၉၈၁ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္ေန႔မွာ အဖျဖစ္သူ ဦးေအာင္သန္းနဲ႔ အမိ ေဒၚသန္းျမင့္တို႔မွ ဖြားျမင္ခဲ့ပါတယ္။
ဇာတိကေတာ့ ရခိုင္ျပည္နယ္၊ ျမန္ေအာင္ၿမိဳ႕ပဲ ျဖစ္ပါတယ္၊၊ အမည္ရင္းကေတာ့ ေမာင္ေနလင္းေအာင္ ပဲျဖစ္ပါတယ္။ ေမြးခ်င္းေတြကေတာ့ အစ္ကိုျဖစ္သူ ေဇာ္လင္းေအာင္၊ ညီျဖစ္သူ ႐ုပ္႐ွင္ႏွင့္ဗီဒီယို သ႐ုပ္ေဆာင္မင္းေသြး(ေနမင္းေအာင္) နဲ႔ ညီမျဖစ္သူ စုမြန္ေအာင္တို႔ပဲ ျဖစ္ပါတယ္။
အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္ႏိုင္ဖို႔အတြက္ ကိုေနတိုးဟာ ၁၉၉၉ ခုႏွစ္မွာ ရန္ကုန္ကိုေရာက္႐ွိအေျခခ်ခဲ့ပါတယ္။ YIIK Model Agency မွာတက္ေရာက္ရာကေန ေမာ္ဒယ္အျဖစ္နဲ႔ အႏုပညာေလာကထဲကို စတင္ဝင္ေရာက္ခဲ့ပါတယ္။
အဲ့ဒီ့အခ်ိန္တုန္းက ဇင္မင္းဆိုတဲ့ အႏုပညာနာမည္နဲ႔ အႏုပညာလႈပ္႐ွားမႈေတြကို လုပ္ကိုင္ခဲ့ၿပီး ေမာ္ဒယ္ၿပိဳင္ပြဲအခ်ိဳ႕မွာလည္း ဆုေတြရ႐ွိခဲ့ဖူးပါတယ္။ သူ႕ရဲ႕ရည္မွန္းခ်က္ကေတာ့ ေအာင္ျမင္တဲ့အဆိုေတာ္တစ္ေယာက္ ျဖစ္ဖို႔ပဲျဖစ္ပါတယ္။
သူ႕ရဲ႕အိမ္မက္ကို အေကာင္အထည္ေဖာ္ဖို႔အတြက္ ကိုေနတိုးဟာ ၂၀၀၀ ျပည့္ႏွစ္မွာ သီခ်င္းေခြတစ္ေခြကို ထုတ္လုပ္ျဖန္႔ခ်ီခဲ့ပါတယ္။ ဒါေပမယ့္လည္း ထင္ထားသေလာက္ ေအာင္ျမင္မႈ မရ႐ွိခဲ့ပါဘူး။
တကယ္လို႔မ်ား အဲ့ဒီအေခြသာ ေပါက္ခဲ့မယ္ဆိုရင္ ကြၽန္ေတာ္အခုျမင္ေတြ႕ေနရတဲ့ ကိုေနတိုးကို ေအာင္ျမင္တဲ့အဆိုေတာ္ တစ္ေယာက္အေနနဲ႔ ျမင္ေကာင္းျမင္ရႏိုင္ပါတယ္။
၂၀၀၁ ခုႏွစ္မွာေတာ့ ကိုေနတိုးဟာ ၃ ပတ္ဆိုတဲ့ ဇာတ္ကားမွာ အဓိက သ႐ုပ္ေဆာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အႏုပညာလႈပ္႐ွားမႈေတြကို ဆက္တိုက္လုပ္ေဆာင္ခဲ့ၿပီး
နယ္ေရာ ၿမိဳ႕ပါမက်န္ တစ္ႏိုင္ငံလုံးက ပရိသတ္(အထူးသျဖင့္ အမ်ိဳးသမီးပရိသတ္ေတြ) ရဲ႕ အသည္းႏွလုံးကို ဗီဒီယိုကားေပါင္းမ်ားစြာနဲ႔ ဖမ္းစားခဲ့ပါေတာ့တယ္။
သူ႕ရဲ႕ ထူးခြၽန္လွတဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ ၂၀၀၉ ခုႏွစ္မွာေတာ့ မိုးညအိမ္မက္ျမဴဆိုတဲ့ ႐ုပ္႐ွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရ႐ွိခဲ့ပါတယ္။
အဲ့ဒီ့ေနာက္ ၂၀၁၅ ခုႏွစ္မွာ နကၡတ္မွားတိုက္ပြဲ၊ ၂၀၁၇ ခုႏွစ္မွာေတာ့ တာေတႀကီးဇာတ္ကားတို႔နဲ႔ အမ်ိဳးသားဇာတ္ေဆာင္ဆုေတြကို ထပ္မံ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။
ဒါ့အျပင္ ၂၀၁၈ အတြက္ ျမန္မာႏိုင္ငံသတင္းစာဆရာအသင္းက ေ႐ြးခ်ယ္ခ်ီးျမႇင့္တဲ့ Star Award ႐ုပ္႐ွင္ႏွင့္႐ုပ္သံထူးခြၽန္ဆုေပးပြဲမွာလည္း တိမ္တိုက္တံတား ႐ုပ္႐ွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရ႐ွိခဲ့ပါတယ္။
ပညာေရးအေနနဲ႔ ကိုေနတိုးဟာ ရန္ကုန္တကၠသိုလ္ကေန သခ်ၤာေမဂ်ာနဲ႔ ေက်ာင္းၿပီးထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဗုဒၶဘာသာဝင္တစ္ဦးျဖစ္တဲ့အေလ်ာက္ ဘာသာတရားကိုင္း႐ိႈင္းၿပီး အလႉအတန္းလည္း ရက္ေရာလွပါတယ္။
ကိုေနတိုးရဲ႕ ဝါသနာေတြကေတာ့ ပန္းခ်ီေရးဆြဲျခင္းျဖစ္ၿပီး စာဖတ္ျခင္း၊ဓါတ္ပုံ႐ိုက္ျခင္း၊ သီခ်င္းဆိုျခင္းႏွင့္ ခရီးသြားရတာကိုလည္းႏွစ္သက္ပါတယ္။ ရံဖန္ရံခါမွာ ေဂါက္႐ိုက္ေလ့႐ွိတယ္လို႔လည္း သိရပါတယ္၊၊
ထူးျခားတဲ့ အႏုပညာလႈပ္႐ွားမႈေတြအေနနဲ႔ ကိုေနတိုးဟာ ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)ရဲ႕ ႏွင္းဆီအၿငိမ့္အဖြဲ႕ဝင္ လူ႐ႊင္ေတာ္တစ္ဦးျဖစ္ပါတယ္။
နာမည္ေက်ာ္ အႏုပညာ႐ွင္ေတြျဖစ္တဲ့ ေက်ာ္ေက်ာ္ဗိုလ္၊ မင္းေမာ္ကြန္း၊ ထြန္းထြန္း၊ ရဲေလးတို႔နဲ႔အတူ ႏွင္းဆီသခင္၊ ႏွင္းဆီရင္ခြင္၊ ႏွစ္သစ္ႏွင္းဆီ၊ ထာဝရႏွင္းဆီ၊ ညီၫြတ္ျခင္းႏွင္းဆီ၊ ရတနာပုံႏွင္းဆီ၊ ႏွင္းဆီပဝါျခဳံတဲ့လက္ အစ႐ွိတာေတြကို ေဖ်ာ္ေျဖခဲ့ပါတယ္။
၂၀၁၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၁ရက္၊ မွတ္မွတ္ရရ တစ္ေျခာက္လုံးဆုံတဲ့ ေန႔မွာေတာ့ ျမန္မာ့႐ုပ္႐ွင္ေလာကရဲ႕ ထိပ္တန္းေျခာက္ေယာက္ျဖစ္တဲ့ လူမင္း၊ ေျပတီဦး၊ ခန္႔စည္သူ၊ ေနတိုး၊ ျမင့္ျမတ္၊ ဒါ႐ိုက္တာဝိုင္း တို႔ဟာ အႏုပညာပ်ိဳးခင္းကို စတင္တည္ေထာင္ခဲ့ၿပီး မင္းသမီးအသစ္ ၃ေယာက္ကို ပြဲထုတ္ခဲ့ပါတယ္။
ေနာက္တစ္ခုအေနနဲ႔ ဇနဝါရီလ ၁ ရက္ ၂၀၁၁ ခုႏွစ္မွာ (ေစ့ထားေသာတံခါးမ်ား) ကိုေရးသားျဖန္႔ခ်ီခဲ့ပါတယ္။ သူ႕အေၾကာင္းေရးသားထားတဲ့ ဒီစာအုပ္မွာဆိုရင္ အခန္း၂၁ခန္းပါဝင္ၿပီး သူ႕အေၾကာင္းေသးစိပ္ ၊ သူဝါသနာပါတဲ့အလုပ္ ၊ မိသားစုအေၾကာင္း ၊ အခ်စ္ေရး ၊ ကဗ်ာ မ်ားႏွင့္ သူ႕ ဓါတ္ပုံ ေတြေျမာက္မ်ားစြာပါဝင္ခဲ့ပါတယ္။
အဓိကအားျဖင့္ေတာ့ ဗုဒၶဘာသာဝင္ တစ္ေယာက္အေနနဲ႔ ဘုရား၊တရား ေရးအျမင္နဲ႔ခံယူခ်က္ေတြကိုလည္း ထည့္သြင္းေရးသားေဖာ္ျပခဲ့ပါတယ္။ အခုဆိုရင္ေတာ့ ကိုေနတိုးကို ခ်စ္ျမတ္ႏိုးၾကတဲ့ ကိုေနတိုးရဲ႕ ပရိတ္သတ္ေတြလည္း ေက်နပ္အားရႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္
Credit