“ဒီနေရာလေးမှာ ခွဲခွာသွားတဲ့ တော်လှန်ရေးညီအကိုမောင်နှမတွေ ညီငယ်တွေကိုသတိရတယ်” ဆိုပြီး နေရာလေးနဲ့ ပတ်သက်တဲ့ ရင်တွင်းခံစားချက်လေးတွေကို ဖွင့်ဟလာတဲ့ AAC မှ ကိုရဲမင်း
ထိုင်းနိုင်ငံအခြေစိုက်မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (Aid Alliance Committee for Myanmar- AAC) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရဲမင်းကတော့ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေသူ ဖြစ်ပါတယ်။မှာတော့ လွတ်မြောက်နယ်မြေ တစ်နေရာမှာရောက်ရှိနေခဲ့ပြီး ကိုယ်တတ်နိုင်တဲ့ဖက်ကနေ အာဏာရှင်ကို တော်လှန်ရေးမှာ အစွမ်းကုန်ပါဝင်နေခဲ့ပါတယ်။ကိုရဲမင်းက ထိုင်းနိုင်ငံဘက်က မြန်မာလုပ်သားတွေရဲ့ အခက်အခဲကို ကူညီပေးနေတဲ့သူတစ်ဦးဖြစ်သလို အခုလွတ်မြောက်နယ်မြေမှာလည်း စစ်ပညာသင်ယူနေကြတဲ့ တော်လှန်ရေးရဲဘော်တွေကို
စားနပ်ရိက္ခာသာမက အစစအရာရာ ကူညီပေးနေတာလဲ ဖြစ်ပါတယ်။ အရာရာကိုစွန့်လွှတ်ကာ မတရားမှုကိုတော်လှန်သူအဖြစ် ရဲရဲဝံ့ဝံ့ကူးပြောင်းခဲ့ပြီးနောက် ကိုယ့်ရဲ့ရပ်တည်ချက်အတွက်လည်း နောက်မဆုတ်တမ်းတိုက်ပွဲဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။ကိုရဲမင်းက သူရောက်ရှိနေတဲ့ လွတ်မြောက်နယ်မြေတစ်နေရာကနေ “ဒီနေရာလေးမှာ ဆုံးဖြတ်ချက်တွေ ချတယ်၊ ဒီနေရာလေးမှာ ပြည်သူက ကျွေးတဲ့ ထမင်းစားတယ်၊ဒီနေရာလေးမှာ ကျဆုံးသွားတဲ့ အာဇာနည်တွေကို အလေးပြုတယ်၊ ဒီနေရာလေးမှာ အမေ့ကို သတိရတယ်၊ ဒီနေရာလေးမှာ သားသားကို လွမ်းတယ်၊ ဒီနေရာလေးမှာ ထိုင်းရောက်မြန်မာတွေ အကြောင်းတွေးတယ်၊ ဒီနေရာလေးမှာ တော်လှန်ရေးအတွက်ကိုယ်လုပ်ပေးနေတာတွေကို အားမလိုအားမရ ဖြစ်လေ့ရှိတယ်၊ ဒီနေရာလေးမှာ ခွဲခွာသွားတဲ့ တော်လှန်ရေးညီအကိုမောင်နှမတွေ ညီငယ်တွေကိုသတိရတယ်
ဒီနေရာလေးမှာ လူငယ်တွေ ကျဆုံးသွားတိုင်း ခံပြင်းစိတ်၊ နာကျည်းစိတ်တွေနဲ့ အံကြိတ်ရတယ်၊ ဒီနေရာလေးမှာ နှုတ်ခမ်းနီတွေ မင်းဂွတ်သီးတွေ ကို ဖောက်သည်တွေလက်ထဲ ပုံမှန်ပို့ပေးရတယ်၊ ဒီနေရာလေးမှာ ထောက်ပို့ကိစ္စတွေကို စီမံခန့်ခွဲရတယ်။နောက်ဆုံး ဘာမှ လုပ်စရာမရှိရင် ဒီနေရာလေးမှာ တစ်ယောက်ထဲ အထီးကျန်ဆန်လေ့ ရှိတယ်။” ဆိုပြီး သူ့ခံစားချက်လေးကို ဖွင့်ဟပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်credit
“ဒီနေရာလေးမှာ ခွဲခွာသွားတဲ့ တော်လှန်ရေးညီအကိုမောင်နှမတွေ ညီငယ်တွေကိုသတိရတယ်” ဆိုပြီး နေရာလေးနဲ့ ပတ်သက်တဲ့ ရင်တွင်းခံစားချက်လေးတွေကို ဖွင့်ဟလာတဲ့ AAC မှ ကိုရဲမင်းထိုင်းနိုင်ငံအခြေစိုက်မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (Aid Alliance Committee for Myanmar- AAC) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရဲမင်းကတော့ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေသူ ဖြစ်ပါတယ်။မှာတော့ လွတ်မြောက်နယ်မြေ တစ်နေရာမှာရောက်ရှိနေခဲ့ပြီး ကိုယ်တတ်နိုင်တဲ့ဖက်ကနေ အာဏာရှင်ကို တော်လှန်ရေးမှာ အစွမ်းကုန်ပါဝင်နေခဲ့ပါတယ်။
ကိုရဲမင်းက ထိုင်းနိုင်ငံဘက်က မြန်မာလုပ်သားတွေရဲ့ အခက်အခဲကို ကူညီပေးနေတဲ့သူတစ်ဦးဖြစ်သလို အခုလွတ်မြောက်နယ်မြေမှာလည်း စစ်ပညာသင်ယူနေကြတဲ့ တော်လှန်ရေးရဲဘော်တွေကို
စားနပ်ရိက္ခာသာမက အစစအရာရာ ကူညီပေးနေတာလဲ ဖြစ်ပါတယ်။ အရာရာကိုစွန့်လွှတ်ကာ မတရားမှုကိုတော်လှန်သူအဖြစ် ရဲရဲဝံ့ဝံ့ကူးပြောင်းခဲ့ပြီးနောက် ကိုယ့်ရဲ့ရပ်တည်ချက်အတွက်လည်း နောက်မဆုတ်တမ်းတိုက်ပွဲဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။
ကိုရဲမင်းက သူရောက်ရှိနေတဲ့ လွတ်မြောက်နယ်မြေတစ်နေရာကနေ “ဒီနေရာလေးမှာ ဆုံးဖြတ်ချက်တွေ ချတယ်၊ ဒီနေရာလေးမှာ ပြည်သူက ကျွေးတဲ့ ထမင်းစားတယ်၊ဒီနေရာလေးမှာ ကျဆုံးသွားတဲ့ အာဇာနည်တွေကို အလေးပြုတယ်၊ ဒီနေရာလေးမှာ အမေ့ကို သတိရတယ်၊ ဒီနေရာလေးမှာ သားသားကို လွမ်းတယ်
၊ ဒီနေရာလေးမှာ ထိုင်းရောက်မြန်မာတွေ အကြောင်းတွေးတယ်၊ ဒီနေရာလေးမှာ တော်လှန်ရေးအတွက်ကိုယ်လုပ်ပေးနေတာတွေကို အားမလိုအားမရ ဖြစ်လေ့ရှိတယ်၊ ဒီနေရာလေးမှာ ခွဲခွာသွားတဲ့ တော်လှန်ရေးညီအကိုမောင်နှမတွေ ညီငယ်တွေကိုသတိရတယ်
ဒီနေရာလေးမှာ လူငယ်တွေ ကျဆုံးသွားတိုင်း ခံပြင်းစိတ်၊ နာကျည်းစိတ်တွေနဲ့ အံကြိတ်ရတယ်၊ ဒီနေရာလေးမှာ နှုတ်ခမ်းနီတွေ မင်းဂွတ်သီးတွေ ကို ဖောက်သည်တွေလက်ထဲ ပုံမှန်ပို့ပေးရတယ်၊ ဒီနေရာလေးမှာ ထောက်ပို့ကိစ္စတွေကို စီမံခန့်ခွဲရတယ်။
နောက်ဆုံး ဘာမှ လုပ်စရာမရှိရင် ဒီနေရာလေးမှာ တစ်ယောက်ထဲ အထီးကျန်ဆန်လေ့ ရှိတယ်။” ဆိုပြီး သူ့ခံစားချက်လေးကို ဖွင့်ဟပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်
credit