သားသမီးရှိတဲ့ မိခင်တိုင်းကို သတိပေးစာ ရေးသားလာတဲ့ စိုင်းလွှမ်း
စစ်လွန်းဝတီထက်လေးကတော့ ဖေဖေ စိုင်းလွှမ်းနဲ့ မေမေ ထက်ထက်မိုးဦးတို့ရဲ့ တစ်ဦးတည်းသော သမီးလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မေမေထက်ထက်ကို ချစ်ခဲ့သလိုမျိုး စစ်လွန်းလေး ရှိလာပြန်တော့လည်း စစ်လွန်းလေးကို ချစ်ပြီးအားပေးခဲ့ကြသူတွေပါ။
ခုချိန်မှာတော့ လူကြီးတွေရဲ့ အဆင်မပြေမှုတွေကြောင့် စစ်လွန်းလေးက ဖေဖေနဲ့ပဲအတူနေထိုင်နေတာ ဖြစ်ပါတယ်။ ဖေဖေစိုင်းလွှမ်းကလည်း သမီးလေးရဲ့ပုံလေးတွေကို အမြဲတင်ပေးနေကျဖြစ်ပြီး ချစ်မွေးပါတဲ့ စစ်လွန်းလေးက မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုလေးနဲ့ ပြည့်စုံတဲ့သူလေးလို့ဆိုရလောက်အောင်ကို အပြုံးလေးတွေက အရမ်းကို Sweet ဖြစ်နေတာကြောင့် သူမမှာလည်း ချစ်တဲ့ပရိသတ်ကအများအပြားပဲဖြစ်ပါတယ်။သမီးလေး စစ်လွန်းဝတီထက်ဟာ မိခင်နဲ့ အတူ မနေရပေမယ့်လည်းဖခင်ရဲ့ ဆိုဆုံးမမှုတွေအောက်မှာ အရမ်းကို လိမ္မာလွန်းတဲ့ သမီးလေးအဖြစ် ရှိနေပါတယ်နော်။ အသက်ငယ်ပေသော်ငြားလည်း ဘာသာရေးအလုပ်တွေကို နေ့စဉ်ပြုလုပ်ပြီးလူကြီးမိဘတွေကို ရိုသေလွန်းတဲ့ ကလေးတစ်ယောက်ပါနော်။
သရုပ်ဆောင်အဆိုတော်စိုင်းလွှမ်းကသူများကို ချစ်ရင်ပျော်အောင်ထားပါ၊ကိုယ့်ကိုကိုယ်ချစ်ရင်လွတ်မြောက်ရာလမ်းရွေးပါ။မျိုးစုံသောသောကတွေနဲ့ဒီလောကကြီးထဲက လူတွေကြားမှာလူတိုင်းအေးချမ်းသာယာစေဖို့မိဘတွေဆိုတာအရေးကြီးဆုံးပါ၊မိဘဆိုတာအမျိုးမျိုးရှိကြတယ်။
မိဘတိုင်းကကျေးဇူးရှိကြတာမှန်ပေမဲ့သားသမီးတွေကိုစောင့်ရှောက်တဲ့နေရာမှာမြတ်သော မိဘဖြစ်ဖို့မိတ်ဆွေကောင်းလိုလည်းရင်းနှီးစေဖို့ကို မိဘတိုင်းကသားသမီးတွေကိုအဓိကသင်ပေးဖို့၂မျိုးနှင့်ကာကွယ်ပေးဖို့၂မျိုးကိုအချုပ်အားဖြင့်မြတ်စွာဘုရားကဆုံးမခဲ့တယ်။
၁လုပ်စားဖို့အတတ်ပညာနဲ့လွတ်မြောက်ဖို့ပညာကို သင်ပေးကြရမာဖြစ်ပြီး၊၂အပ္ပါယ်ဘေးနဲ့မျိုးပျက်မဲ့ဘေးကိုမကျရောက်စေဖို့တော့ကာကွယ်ပေးကြရမယ်။ထပ်ပြီးအရွယ်ရလာကြတဲ့အခါရှာတတ်ဖို့၊ရှောင်တတ်ဖို့၊ထိန်းတတ်ဖို့၊ပေးတတ်ဖို့၊ယူတတ်ဖို့ ဆိုတဲ့အချက်၅ချက်ကိုလည် းသိအောင်ပြောပြဆုံးမသင်ယူစေရမယ်လို့မြတ်စွာဘုရားကဆုံးမထားတာကိုရှာဖွေနာယူမှတ်သားထားဖူးပါတယ်။
အရှင်သာရိပုတ္တရာရဲ့မိခင်လိုမဖြစ်စေဖို့ပါဆိုပြီးတော့သူ့ရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြထားပါတယ်။ စိုင်းလွှမ်းရေးသားလာတဲ့စာကတော့ထက်ထက်ကို ပြောတာလား ဘာလားနဲ့ပရိသတ်တွေကြားမှာ သို့လောသို့လောနဲ့ ဖြစ်စေပါတယ်နော်.. Cele World ပရိသတ်ကြီးလည်း အမြင်လေးကို ဝေဖန်ပေးကြပါအုံးနော်
Source Sai Hlwan
Credit