အင်္ဂါ သားသမီးတို့၏ စိတ်နေစိတ်ထား
အင်္ဂါတွေဟာ အပြင်ပန်း သဏ္ဍန်တည်ငြိမ်အေးဆေးစွာ နဲ့နေတတ်ကြပေမဲ့ အင်မတန် မှဒေါသကြီးတဲ့ နေ့နာမ်တွေဖြစ် ကြတယ်
မဟုတ်ရင် မခံချင် ကြဘူး။ဒေါသဖြစ်ရင် အပြင်မှာပေါက်ကွဲ ကြတာထက်ပါးစပ်ကပူညံပူညံ နဲ့ရေရွတ်နေ တတ်ကြ တယ်လူတွေ အပေါ်ဖော်ရွေစွာနဲ့ ခင်မင်တတ်ပါတယ် ဝတ္တရားပျက်ကွက်မိ ရင်လည်း အပြန်ပြန် အလှန်လှန်တွေးပူနေ တတ်ကြ တယ်။
မိသားစုတွေ အပေါ်မှာ ပျော်ရွှင်မှုတွေပေးချင်တဲ့ စိတ်တွေ ရှိကြတယ် တည်ငြိမ်အေးချမ်းတဲ့ပုံစံမျိုးပေမဲ့ တခါတလေ မိသားစုထဲမှာ ပေါကြောင်ကြောင် နိုင်တတ် ကြတယ်။
အလုပ်လုပ် တဲ့နေရာမှာသူများအပေါ်ဦးဆောင်လိုတဲ့ စိတ်ရှိ တယ်။ ကိုယ်လုပ်ရင် ကိုယ်အကောင်းလို့ထင်မြင် တတ်ကြတာ အင်္ဂါ အကောင်းဆုံးဖြစ်အောင်
လည်း ကြိုးစားတတ်ကြတယ်။အင်္ဂါတွေဟာ ကိုယ့်ကို ယုံကြည်မှု အပြည့်အဝရှိတယ်တခါတရံ ကိုယ့်ကိုယ်ပင် ချီးမွမ်းတတ်တယ် သူများတွေမြှောက်ပေးရင်တော့ သိပ်မကြိုက် ဘူး။
အပေါင်းအသင်း သူငယ်ချင်းတွေ ကြားမှာအေးအေးဆေးဆေးနေ တတ်ကြတာ အင်္ဂါပါ။ တည်ငြိမ်အေးချမ်းတဲ့ အပြုံးတွေကို လည်း ပိုင်ဆိုင် ထားကြတယ်။ကိုယ့်အပေါ်ကောင်းတဲ့ လူဆိုရင် လွယ်လွယ်နဲ့မမေ့တတ် သလောက် ကိုယ့် အပေါ်မကောင်းတဲ့လူဆိုရင်တော့ တသက်လုံ းပြန်လှည့် မကြည့် တတ်ကြဘူး။ အင်္ဂါတွေ ဟာ တိရစ္ဆာန်လေးတွေကို အသည်းယားစွာနဲ့ ချစ်တတ် ကြတယ်
အိမ်မက် ထူးထူးဆန်းဆန်းတွေ မက်ရင် သူငယ်ချင်းတွေ ကို သို့မဟုတ် မိသားစုထဲက လူတစ်ယောက်ယောက်ကို ပြန်လည်ပြီးပြောပြ ချင်တတ် ကြတယ်။ ဝမ်းနည်းစရာ တစ်ခုခုနဲ့ကြုံရင်မျက်ရည် လွယ်တတ် ကြတာ အင်္ဂါပါတော်ရုံနဲ့မမေ့တတ်ကြဘူး။ သို့ပေမဲ့ မေ့ပြီးသွား ရင်လည်း သူမဟုတ်သလိုပဲ အသစ်တဖန်ပြန်စ တတ်ကြတယ်။သူများအပေါ်မှာ ကူညီပေးချင်တဲ့ စိတ်အပြည့်အဝ
ရှိတယ် အားနာ တတ်တယ်။ စကားပြောရင်လည်း သူများ နားလည်အောင် ရှင်းလင်းစွာနဲ့ ပြောပြ တတ်ကြ တယ်။ အမှတ် တရတွေကိုတော့ တခုမကျန် မမေ့တတ်တာအင်္ဂါပါပဲ သီချင်းေ အးအေးလေးတွေဆို
တည်ငြိမ်အေးချမ်း တဲ့နေရာမှာတို းတိုးတိတ်တိတ် နားကျပ်နဲ့နားထောင်နေ ရတာတွေကို နှစ်သက်ကြ တာအင်္ဂါပါ။ အင်္ဂါသားသမီးလေးတွေဟာ အမြင်မှာ မထူးဆန်းဘူ းထင်ရပေမဲ့ တကယ်တော့
အများနှင့် မတူတဲ့ အချက်တွေကို ပိုင်ဆိုင် ထားသူတွေ ပါ။ သူတို့ဟာ အနေအေးတယ် အရှက်အကြောက်ကြီးတယ် .စိတ်ရင်းကောင်း သလောက် အားနာလည်းကြီ းတတ်ကြတယ် လူစိမ်းတွေနဲ့
ဆိုမာနကြီးသလိုလို နေတတ် ကြပေမဲ့။ သူတို့နဲ့ ရင်းနှီးတဲ့သူတွေနဲ့ကြတော့ ကလေးလေး တစ်ယောက်လို အမြဲပျော်ရွှင်နေ တတ်ကြတယ် ရိုးသားကြတယ် များသောအားဖြင့်။့စကားနည်းတယ် လူအများကြီးရှေ့မှာဆို စကားသိပ်မပြောပေမဲ့ သူတို့ရင်းနှီးတဲ့သူတွေနဲ့ဆိုဖောင်ဖွဲ့အောင်ပြောနေ တတ်တဲ့
သူမျိုး ရိုးရိုးလေးနေ ရတာကို သဘောကျ တယ် ဒါပေမဲ့ ခေတ်နဲ့။လျော်ည်ီအောင်လည်း ဝတ်တတ် စားတတ်နေတတ် ထိုင်တတ် ကြတယ် အချစ်ရေးမှာ ကံကောင်းကြတယ် ချစ်သူခင်သူလည်း ပေါတယ်။ ချစ်သူရဲ့ အလိုလိုက်ခြင်းကိုလည်း ခံရတ တ်တယ်တကယ်ချစ်တဲ့သူနဲ့ပဲ လက်ထပ်ရလိမ့်မယ်ရည်းစားမများ ဘူးဆိုပေမဲ့ နှစ်ယောက်။ သုံးယောက် ထားပြီးမှ အချစ်စစ်ကို တွေ့လိမ့်မယ်သူတို့ကို ခင်တဲ့သူပေါကြတယ်အထူးသဖြင့်သူတို့လေးတွေရဲ့ ရိုးသားခြင်းကို သဘောကျပြီး မိတ်ဆွေပေါတာ ဖြစ်တယ် အနုပညာကို နှစ်သက် တယ်။ အရမ်းကြီးတော့ မရူးသွပ်ဘူး ဘယ်အရာ ကိုဖြစ်ဖြစ် အရမ်းကြီး အစွဲအလန်းမထားဘူး ဒါ့ကြောင့် သိပ်ပြီး မခံစား ရတတ်ဘူး။
အထူးသဖြင့် သူတို့လေးတွေက အလုပ်လုပ်ရမှာ ပျင်းတတ်ကြ တယ် ဒါပေမဲ့ သူတို့ စိတ်ရှိတဲ့ အချိန် ဆိုလည်း မငြီးမငြူ လုပ်တတ်ကြတယ် ။ အအိပ်မက်တယ် အစားမကြီးဘူးဆိုပေမဲ့ အသင့်အတင့် စားတတ်တဲ့
သူမျိုးသူတို့လေးတွေဟာ အရမ်းရိုး သားကြတဲ့ အတွက် ချစ်စရာကောင်းကြ တယ် မိသားစုမှာ သူတို့လေးတွေက အရေးပေး ခံရတယ်။အထူးခြားဆုံးကတော့ သူများတွေထက် ရိုးသားတာကြောင့် လူချစ် လူခင်ပေါကြတယ်။
Credit