မနေ့က ကျွန်မ အိမ်နောက်မှာ အဝတ်လျော်နေတုန်း မေမေလာခေါ်တယ် မီး ၔည့်သည် ရောက်နေတယ် အိမ်ရှေ့တချက်ပါလာဦးတဲ့
ကျွန်မ လည်း ဘယ်သူက ဒီချိန်ကြီး လာပါလိမ့်လို့ အိမ်ရှေ့ထွက်လာရင်းတံခါးဝနား မရောက်ခင် ချောင်းကြည့်လိုက်တယ် တစ်ကိုယ်လုံးအနက် ဝတ်ထားတဲ့ ယောကျ်ားတစ်ယောက် ကျောပိုးအိတ်လေးနဲ့ ရပ်နေတယ်ဘယ်သူများလဲဆိုပြီး ကျွန်မ ကြည့်လိုက်တော့ မျက်နှာ ကိုတောင်မမြင်ရခင် သူ့ဆီက စကားသံ ထွက်လာတယ်
ကျွန်တော် Mytel Wi-Fi လေးအကြောင်း မိတ်ဆက်ပေးဆက်လို့ပါဆိုပြီး စာရွက် လေးတစ်ရွက်လှမ်းပေးလို့ မဆုံးခင်မှာပဲ့ ကျွန်မ ခပ်ပြတ်ပြတ်တစ်ချက်ပြောခဲ့တယ် Mytel ဆို မသုံးဘူး ရှင့်ဆိုပြီး
တစ်ခါတည်း အိမ်ထဲ တန်းဝင်ခဲ့လိုက်တယ်ဒီအချိန်မှာ ကျွန်မ တွေးမိတာက တခြား operator 3ခုရဲ့data price တွေကိုတော့
အဆမတန် တင်နေတဲ့ အချိန်မှာ မိုင်တဲဟာ တစ်လ 2သောင်းကျော်ကျော်နဲ့ ကျွန်မတို့ ဆီ ခွေးတိုးပေါက် မားကက်တင်းကနေ ဝင်ရောက်လာခဲ့ပါပြီ
ပထမဆုံး ကျွန်မတို့ သူရဲ့ စျေးကို သိလိုက်ရတဲ့ အချိန်မှာ တွေးမိမှာက ဟာတော်တော်စျေးတန် လိုက်တာ ဆိုတဲ့ အချက်ပဲ့ ဖြစ်ပါ
လိမ့်မယ်အဲတော့ စျေးတန်တယ် ဆိုတဲ့ နောက်ကွယ်က အရာတွေကို ကျွန်မတို့ တစ်ချက်တွေးကြည့်ရအောင်ကျွန်မတို့ မိုင်တဲကို တစ်အိမ်ပဲ့ သုံးကြည့်ဦး တစ်လကို 24000
အဲ24000နဲ့ လူဘယ်နှစ်ယောက်ကို သတ်နိုင် သလဲမိသားစု ဘယ်လောက် မြောက်မြားစွာကို ဒုက္ခရောက်စေနိုင်သလဲဒီလို လူစိတ်မရှိ လူမဆန်တဲ့ လူတွေအောက်မှာ ဘယ်လောက် အထိ ကျွန်မတို့ ဆက်နေသွားရဖို့ ရှ်ိလဲ
ဒါတွေကိုရော တွေးမိပါရဲ့လားစျေးတန် တယ်ဆိုရဲ့ နောက်ကွယ်မှာ ကျွန်မတို့ ရဲဘော်တွေ ရဲ့ အသက်တွေ အဆမတန် တက်လာတဲ့ ကုန်စျေးနှုန်းတွေ ကြပ်ကြပ်တည်းတည်းဖြတ်သန်းရမှုတွေ ဘယ်လောက် အထိ စတေးလိုက်ရသလဲ ဆိုတာကို တွေးမိစေချင်တယ်
အနည်းဆုံးတော့ ကျွန်မတို့ တွေဟာ ကိုယ့်အိမ်ကိုယ်ရာ မစွန့်ရသေးဘဲ နေထိုင်နိုင်သေးတဲ့ သူတွေဖြစ်ကြပါတယ်ဘယ်သူမဆို ဒီလို ချမ်းချမ်းစီးစီး
ကာလကြီးမှာ ကိုယ့်အိမ်ကိုယ်ရာမှာပဲ့ နွေးနွေးထွေးထွေး နေချင်ကြတဲ့ သူတွေချည်းပါပဲ့ ဒါပေမယ့် ကျွန်မတို့ ရဲ့ အိမ်မပြန်နိုင်သေးတဲ့ အိမ်ပြန်ခွင့်မရကြတဲ့ ရဲဘော်တွေ ဟာ
နည်းလမ်းမျိုးစုံနဲ့ ကျွန်မတို့ အကုန်လုံး လွတ်မြောက် နိုင်ဖို့ကြိုးစားနေတဲ့ အချိန်မှာ ကျွန်မတို့ ဟာ သူတို့အတွက် အားမဖြစ်ပေးရင်တောင်မှကျွန်မ တို့ရဲဘော်တွေကို သတ်မဲ့ ကျည်ဆန်ဖိုး ပေးနေတဲ့သူတွေ မဖြစ်ဖို့တော့ လိုပါလိမ့်မယ်
Data တွေစျေးတက်လာတဲ့အချိန်မှာ စကစ ဟာ mytel Wi-Fi ကို လူသတ်လက်နက် အဖြစ် အသွင်းပြောင်းထားတယ် ဆိုတာ မမေ့ကြပါနဲ့ရှင်ဘာမှ မလုပ်နိုင်ရင်တောင်မှ boycott တစ်ခု ကိုတော့ ကျွန်မ တို့
ဘယ်လိုအနေထားမျိူးပဲ့ ရောက်ရောက် လုပ်နိုင်နေရပါမယ်တကယ်လို့ ကိုယ့် အိမ်နီးနားချင်းတွေ လမ်းထဲက အိမ်တွေ သုံးဖို့ စဉ်းစား နေကြတယ်ဆိုရင် လူသတ်လက်နက် ဆိုတာ သိအောင် သေချာပေါက်ပြောပေးကြပါရှင်
Credit