Local News

မြန်မာပြည်သူတွေနဲ့တသားထဲရှိကြောင်းပြသလိုက်တဲ့ဖိလစ်ပိုင်

မြန်မာစစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်း ရှိနေကြောင်း ဒါဇင်နဲ့ ချီတဲ့ ဖိလစ်ပိုင် လူမျိုးတွေက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ သံပုံးတီး ဆန္ဒပြခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းယူထားတာကို ချက်ချင်း အဆုံးသတ်ပေးဖို့နဲ့ အရပ်သား အစိုးရကို အာဏာပြန်လွှဲပြောင်းပေးဖို့ကိုလည်း သူတို့က တောင်းဆိုခဲ့တာပါ။

မြန်မာပြည်သူတွေနဲ့ တစည်းတလုံးထဲရှိတာကို ပြသဖို့ ကျွန်တော်တို့ ဒီနေရာကို ရောက်နေတာပါ။ စစ်တပ်ကအာဏာသိမ်းထားတာ။အရပ်သားခေါင်းဆောင်နဲ့ ရွေးကောက်ခံတာဝန်ရှိသူတွေကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အပေါ် ကျွန်တော်တို့ အားလုံး တညီတညွတ် တည်း ရှုတ်ချပါတယ်။ စစ်တပ်အနေနဲ့ စစ်တန်းလျားကို ပြန်သွားသင့်တယ်လို့ကျွန်တော်တို့ တောင်းဆိုပါတယ်။

လို့ ဆန္ဒပြပွဲ ဦးဆောင်သူ Joshua Mata ကပြောပါတယ်။အရှေ့တောင်အာရှနိုင်ငံများ အသင်း ASEAN အနေနဲ့ မြန်မာနိုင်ငံအရေး ဆောင်ရွက်ပေးဖို့လည်း ဆန္ဒပြပွဲဦးဆောင်သူ Mata က တိုက်တွန်းခဲ့ပါတယ်။မနီလာမြို့က ဆန္ဒပြသူတွေဟာ မြန်မာနိုင်ငံက ဆန္ဒပြသူတွေလိုပဲ ဒန်အိုးတွေ၊ ဒယ်ပြားတွေနဲ့ ဆူဆူညံညံတီးခတ်ခဲ့ကြတာ ဖြစ် ပါတယ်။ဖိလစ်ပိုင်ပြည်သူတွေ ကိုယ်တိုင်ကလည်း ၁၉၈၆ ခုနှစ်မှာ လူထု ဆန္ဒပြပွဲကြီးတွေနဲ့ အဲဒီ အချိန်က စစ်တပ်ကျောထောက်နောက်ခံ ပေးထားတဲ့ သက်တော်ရှည် အာဏာရှင် သမ္မတ Ferdinand E. Marcos ကို ဖြုတ်ချပစ်ခဲ့တာပါ။

အဲဒီ အချိန်တုန်းက ဖိလစ်ပိုင်စစ်တပ် အကြီးအကဲ ဖီဒယ်လ် ရာမို့စ်က လူထုနဲ့ ပူးပေါင်းခဲ့တာကြောင့် ဖေဖော်ဝါရီ ၂၂ ရက်ကနေ ၂၅ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တဲ့ People Power Revolution လို့ ခေါ်တဲ့ ပြည့်သူ့စွမ်းအားတော်လှန်ရေးမှာ ဖိလစ်ပိုင် လူထုအောင်ပွဲ မြန်မြန်ဆန်ဆန် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ယူနီကုတ်

မြန်မာစစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်း ရှိနေကြောင်း ဒါဇင်နဲ့ ချီတဲ့ ဖိလစ်ပိုင် လူမျိုးတွေက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ သံပုံးတီး ဆန္ဒပြခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းယူထားတာကို ချက်ချင်း အဆုံးသတ်ပေးဖို့နဲ့ အရပ်သား အစိုးရကို အာဏာပြန်လွှဲပြောင်းပေးဖို့ကိုလည်း သူတို့က တောင်းဆိုခဲ့တာပါ။“မြန်မာပြည်သူတွေနဲ့ တစည်းတလုံးထဲရှိတာကို ပြသဖို့ ကျွန်တော်တို့ ဒီနေရာကို ရောက်နေတာပါ။

စစ်တပ်ကအာဏာသိမ်းထားတာ။ အရပ်သားခေါင်းဆောင်နဲ့ ရွေးကောက်ခံတာဝန်ရှိသူတွေကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အပေါ် ကျွန်တော်တို့ အားလုံး တညီတညွတ် တည်း ရှုတ်ချပါတယ်။စစ်တပ်အနေနဲ့ စစ်တန်းလျားကို ပြန်သွားသင့်တယ်လို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။” လို့ ဆန္ဒပြပွဲ ဦးဆောင်သူ Joshua Mata ကပြောပါတယ်။အရှေ့တောင်အာရှနိုင်ငံများ အသင်း ASEAN အနေနဲ့ မြန်မာနိုင်ငံအရေး ဆောင်ရွက်ပေးဖို့လည်း ဆန္ဒပြပွဲဦးဆောင်သူ Mata က တိုက်တွန်းခဲ့ပါတယ်။မနီလာမြို့က ဆန္ဒပြသူတွေဟာ မြန်မာနိုင်ငံက ဆန္ဒပြသူတွေလိုပဲ ဒန်အိုးတွေ၊ ဒယ်ပြားတွေနဲ့ ဆူဆူညံညံ တီးခတ်ခဲ့ကြတာ ဖြစ် ပါတယ်။ဖိလစ်ပိုင်ပြည်သူတွေ ကိုယ်တိုင်ကလည်း ၁၉၈၆ ခုနှစ်မှာ လူထု ဆန္ဒပြပွဲကြီးတွေနဲ့ အဲဒီ အချိန်က စစ်တပ်ကျောထောက်နောက်ခံ ပေးထားတဲ့ သက်တော်ရှည် အာဏာရှင် သမ္မတ Ferdinand E. Marcos ကို ဖြုတ်ချပစ်ခဲ့တာပါ။

အဲဒီ အချိန်တုန်းက ဖိလစ်ပိုင် စစ်တပ် အကြီးအကဲ ဖီဒယ်လ် ရာမို့စ်က လူထုနဲ့ ပူးပေါင်းခဲ့တာကြောင့် ဖေဖော်ဝါရီ ၂၂ ရက်ကနေ ၂၅ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တဲ့ People Power Revolution လို့ ခေါ်တဲ့ ပြည့်သူ့စွမ်းအားတော်လှန်ရေးမှာ ဖိလစ်ပိုင် လူထုအောင်ပွဲ မြန်မြန်ဆန်ဆန် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ခရစ်ဒစ်