Local News

“ဖုန်းခေါ်ဆိုခနှင့် ဒေတာ သုံးစွဲခတွေ စျေးတက်မယ့် အော်ပရေတာတွေကို Area-21 အဖွဲ့ သတိပေးပြီ”

ယခုလက် ၇ ရက်နေမှ စပြီး ဖုန်းခေါ်ဆိုခနှင့် ဒေတာ သုံးစွဲခတွေ အားလုံး စျေးတက်တော့မယ်လို့ ဖုန်းအော်ပရေတာတွေ အားလုံးက

ကြေငြာထားပါတယ်သုံးစွဲသူ ပြည်သူများကိုလည်း အော်ပရေတာ အသီးသီးမှ message များ ပို့ပြီး အကြောင်းကြားထားကြပါတယ်

ဒီလို စျေးနှုန်းတွေ တက်မယ်ဆိုတာဟာ စစ်ကောင်စီရဲ့ အမိန့်အရ ပြုလုပ်နေကြတာဖြစ်ပါတယ်ဒီလို စျေးနှုန်းတွေ တက်မယ်ဆိုတဲ့

အော်ပရေတာတွေနဲ့ ပတ်သတ်ပြီး Area – 21 အဖွဲ့က ခုလို ကြေငြာချက် ထုတ်ပြန်ထားပါတယ်ကြေငြာချက်အနှစ်ချုပ်ကတော့ MPT/Telenor/Ooredoo တို့ရေ အင်တာနက် စျေးနှုန်းမြှင့်မည်ကို ရပ်တန့်ပါ မဟုတ်ရင်MYTELနဲ့ အတူ ဝုန်းမည်လို့ ကြေငြာလိုက်တာပါပဲဒီဇင်ဘာ ၇ ရက်နေ့ နောက်ပိုင်းမှစ၍ ဖုန်းဒေတာ

ဈေးများတက်လာတော့မည်တယ်လီကွန်း ကုမ္ပဏီများက လက်ရှိရောင်းချနေသည့် အင်တာနက်အသုံးပြုနိုင်သည့် ဖုန်းဒေတာ ဈေးနှုန်းများကိုစစ်ကောင်စီက ဈေးမြှင့်တင်ခိုင်းထားသည့်အတွက် လာမည့် အင်္ဂါနေ့နောက်ပိုင်းမှ

စ၍ ဈေးတက်လာနိုင်ကြောင်း တယ်လီကွန်းကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။လက်ရှိ ဝယ်ယူ ရရှိနေသည့် ဈေးနှုန်းတူနိုင်သော်လည်း ရရှိမည့် ဒေတာပမဏလျော့နည်းသွားနိုင်သည်ဟုနာမည်မဖော်လိုသူ

သတင်းရင်းမြစ်က ဆိုသည်။မတက်ခင် အခုဈေးနဲ့ကြိုဝယ်ထားဖို့ပြောပေးစေလိုပါတယ်။ ပြည်သူတွေသက်သာအောင်ပါ” ဟု သတင်းပေးလာသူက ဆိုသည်။ယခင်က ၁၀၀၀ ကျပ်ဖြင့် 1GB အသုံးပြု၍ ရပါက ပြောင်းလဲလိုက်ပြီးနောက် ၁၀၀၀ ကျပ်တွင် 500MB

ကဲ့သို့ ထက်ဝက်ခန့်လျှော့ချသွားရန် စစ်ကောင်စီက ပြင်ဆင်နေခြင်း ဖြစ်သည်။အရင်က (တယ်လီကွန်း ကုမ္ပဏီတွေအနေနဲ့) Data Package တစ်ခုလုပ်မယ်ဆို ဈေးက 1MB ကို၁ ကျပ်အောက် ဆင်းလို့မရဘူးဗျ။ အခုဈေးက

1MB ကို ၁.၈ ကျပ်အောက် ဆင်းလို့မရဘူးဟု သတင်းရင်းမြစ်က ရှင်းပြသည်။စစ်ကောင်စီ ဆက်သွယ်ရေးဝန်ကြီးဌာန၏ စည်းမျဉ်းအသစ်များကြောင့် ဖုန်းဒေတာနှင့် အသံ ပရိုမိုးရှင်းနှုန်းထားများ အပြောင်းအလဲ ရှိနိုင်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တယ်လီနောက ကြေညာထားသည်။

Credit