Local News

ဆီ၊ လက်နက်နှင့်ရိက္ခာသယ်လာသော ကား ၃၃ စီးပါ စစ်ယာဉ်တန်း လမ်းတလျှောက် မိုင်းဆွဲခံရ (ရုပ်/သံ)

တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးမှ ဆီ၊ လက်နက်နှင့်ရိက္ခာသယ်လာသော ကား ၃၃ စီးပါ စစ်ယာဉ်တန်း လမ်းတလျှောက် မိုင်းဆွဲခံရ (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၄

တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးမှ ဆီ၊ လက်နက်နှင့်ရိက္ခာသယ်လာသော ကား ၃၃ စီးပါ စစ်ယာဉ်တန်းသည် ကချင်ပြည်နယ်၊ မိုးညှင်း၊

စစ်ကိုင်းတိုင်း အင်းတော်နှင့်ထီးချိုင့်မြို့နယ်တို့တွင် လမ်းတလျှောက် မိုင်းဆွဲခံရပြီး ထီးချိုင့်တွင် မိုင်းထိ၍ ဆီဘောက်ဆာတစ်စီးမီးလောင်သွားကြောင်း သိရှိရသည်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြောက်ပိုင်းတွင် တရုတ်-မြန်မာနယ်စပ်ကန်ပိုက်တီးနယ်စပ်ဂိတ်မှ စက်သုံးဆီ၊ လက်နက်နှင့်ရိက္ခာများ တင်ဆောင်လာသော စစ်ကောင်စီ၏ ၃၃ စီးပါ ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဆီဘောက်ဆာကားတစ်စီး မီးလောင်သွားကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ယနေ့ နံနက်ပိုင်းမှစတင်ပြီး စ စ်ကောင်စီ၏ သံချပ်ကာယာဉ်များအပါအဝင် စစ်ကား၊ ဆီကားနှင့် ရိက္ခာတင်ကား များပါဝင်သော ၃၃ စီးပါ ယာဉ်တန်းသည်

ဟိုပင်၊ မိုးညှင်း၊ အင်းတော်ကြီး၊ ထီးချိုင့်နယ်များကို ဖြတ်သန်း လာကြောင်း ၊ လမ်းတစ်လျှောက် ဒေသ ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း သိရှိရသည်။

စစ်ခွေးကားယာဥ်တန်း ၃၃ စီး မိုးညှင်းဘက်ကနေ အောက်သို့ဆင်းသွားတယ်။ ဆီဘောက်ဆာ ၆ စီးပါတယ်။ သံချပ်ကာ ၃ စီးပါတယ်။ ဆယ်ဘီးခေါင်း အဝါအပြာ မိုးကာအုပ်ထားတဲ့

ကား ၆ စီး၊စစ်ကား Faw အကြီး သုံးစီးပါတယ်။ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးကနေ သယ်တဲ့ ဆီတွေ လက်နက်တွေပါပါတယ်” ဟု မိုးညှင်းသတင်းရင်းမြစ်က ပြောသည်။

အဆိုပါယာဉ်တန်းသည် မိုးညှင်း၊ နန်းမားကြီးလမ်းတစ်နေရာတွင် မိုင်းခွဲခံရကြောင်း၊ အလားတူ မော်လူး အင်းတော်ကြား လမ်းပိုင်းတွင်လည်း

မိုင်းဆွဲခံရကြောင်း၊ ယင်းနောက် ထီးချိုင့်တွင်လည်း မိုင်းဆွဲခံရပြီး ဆီဘောက်ဆာ ယာဉ်တစ်စီး မီးလောင်သွားကြောင်း သိရှိရသည်။

မိုင်းဆွဲတာ ထိသွားတော့ ကားကဆက်မောင်းမရတော့ဘူးဗျ။ ကားသမား ကဆင်းပြေးသွားတာ။ အဲဒီတော့မှကားကိုမီးရှို့လိုက်တာ” ဟု

ဒေသသတင်းရင်းမြစ်Tigyaing Revolution-TRက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

KIA ၏ သတင်းထုတ်ပြန်ချက်တွင်မူ ကေအိုင်အေ အမှတ် (၈) တပ်မဟာ၊ အမှတ် (၃၅) တပ်ရင်းနယ်မြေ၊ ပင်ဝေနဲ့ မော်လူးအကြားမှာ ကချင်ပြည်နယ်သို့ စစ်ကောင်စီတပ်မှ စစ်အသုံးအဆောင်များ သယ်ဆောင်လာသည့်

စစ်ယာဉ်တန်းကို ဒီဇင်ဘာ (၄) ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ကေအိုင်အေတပ်ဖွဲ့များမှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကား (၃၃)စီး စစ်ယာဉ်တန်းကို ကေအိုင်အေတပ်မှ နှစ်ကြိမ်တိုင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်

အဆိုပါစစ်ယာဉ်တန်းသည် မော်လူးနှင့် အင်းတော်ကြား လမ်းပိုင်းတွင် မိုင်းဆွဲခံရပြီးနောက် စစ်သားတချို့ ထိခိုက်ဒဏ်ရာရသဖြင့် အင်းတော်မှ နာရေးကားဖြင့် သွားသယ်ရကြောင်း၊ ပင့်တင့်ရွာအနီးတွင်လည်း

အဆိုပါ စစ်ယာဉ်တန်းကို မိုင်း ၆ လုံးဆွဲတိုက်ခိုက်မှု ဖြစ်ပွားကြောင်း သိရှိရသည်။ဖော်ပြပါ ဗီဒီယိုမှာ ထီးချိုင့်မြိုု့အဝင်တွင် တောက်လျှောက် မိုင်းဆွဲနေခြင်းဖြစ်သည်

Credit