မြောင်မြို့နယ်ကို အဝင်၊အထွက် ဂိတ်ခြောက်ဂိတ်ထားပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် စတင်ထိန်းချုပ်၊ စစ်ကောင်စီတပ် သဘော်နှစ်စင်းကို စတင်ဖမ်းဆီးစစ်ကိုင်းတိုင်းရှိ မြောင်မြို့နယ်ကို
အဝင်၊အထွက်ဂိတ်များထားရှိပြီး မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOMတို့က စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာ ၄ အသိပေးကြေညာလိုက်သည်အဝင်၊အထွက် ဂိတ်များ သတ်မှတ်ရာတွင် စစ်ကိုင်းဘက်မှလာသော မြောင်မြို့အဝင်ဂိတ်ကို “နတ်မြင်းဂိတ်” ၊
မြောင်အရှေ့ဘက်ပိုင်းအား “မင်းယက္ခနှင့်ဆင်ရိုင်းဂိတ်မြောင်တောင်ပိုင်းကျွန်းထဲအရပ်အား
ဗိုလ်ကျားသစ်ဂိတ်” ၊ မြောင်အနောက်ခြမ်း ကုန်းမြေအား “ခြသေ့်မင်းဂိတ်” နှင့် ချင်းတွင်းမြစ်ကြောင်းအား “နှလုံးလှဂိတ်” ဟု
အသီးသီးစီစဉ်ချမှတ်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်
ထို့အပြင် သတ်မှတ်ဂိတ်များ၌ စစ်ကောင်စီတပ်နှင့်ဆက်နွယ်ပက်သက်သော ထုတ်ကုန်ပစ္စည်းများကို ပြည်သူပိုင်အဖြစ်
ထိန်းသိမ်းသွားမည်ဖြစ်ပြီးထိန်းသိမ်းပစ္စည်းများအား ပြည်သူ့ကာကွယ်ရေးအသုံးစရိတ်နှင့် မြို့နယ်သူ၊
သားများ၏ အသုံးစရိတ်များအဖြစ် ခွဲဝေသုံးစွဲသွားမည်ဟု ဆိုသည်စစ်ဆေးမှုကို ငြင်းဆန်နေပါက ကျွန်ုပ်တို့ဂိတ်မှူးများမှ
ထိရောက်စွာ အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ပါသည်” CDSOM က ဖော်ပြထားသည်
အဝင်၊အထွက်ဂိတ်များထားရှိ၍ စစ်ဆေးမှုပြုလုပ်ရာတွင် ဒေသခံပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ လာဘ်ပေး၊လာဘ်ယူ ပြုလုပ်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း
လည်း အသိပေးထားသည်မြောင်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးမှုများစတင်လုပ်ဆောင်ခဲ့ရာ ယမန်နေ့ ဒီဇင်ဘာ ၃ က ချင်းတွင်းမြစ်ကြောင်းအတိုင်း
မန္တလေးမှ မုံရွာမြို့ဘက်လာသော စစ်ကောင်စီတပ်၏ ရွှေဂျိုးဖြူဆီတင်သဘော်နှင့် BOC သဘော်တို့ကို နှလုံးလှဂိတ်က ထိန်းသိမ်းခဲ့သည်မြောင်မြို့သည် အထက်မြန်မာပြည် စစ်ကိုင်းခရိုင်၏
အနောက်ဖက်ပိုင်းတွင်တည်ရှိပြီး မြင်းမူမြို့၏ အနောက်တောင်ဖက် (၁၄) မိုင်အကွာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ဆုံရာ ဧရာဝတီမြစ်၏ ညာဘက်ဖက်ကမ်းပေါ်၌ တည်ရှိသည် Ref: People Spring
Credit