ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို အာဂျင်တီးနားတရားရုံးက အမှုလက်ခံစစ်ဆေးတော့မယ်
၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းက ရိုဟင်ဂျာအခွင့်အရေး တက်ကြွလှုပ်ရှားရေးအဖွဲ့ BROUK ရဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တရားစွဲဆိုထားတဲ့အမှုကို အာဂျင်တီးနား တရားရုံးက လက်ခံစစ်ဆေးတော့မယ်လို့ UK BROUK အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၈မှာ ထုတ်ပြန်လိုက်ပါတယ်ထုတ်ပြန်ချက်မှာဆိုရင် အာဂျင်တီးနားနိုင်ငံ ဘျူနိုအေးရိစ်မှာရှိတဲ့ တရားရုံးဟာ ဒီအမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က လက်ခံစစ်ဆေးဖို့ အတည်ပြုလုပ်လိုက်တာဖြစ်ပါတယ်
လက်ရှိမှာတော့ ICC တရားရုံးနဲ့ အာဂျင်တီးနားတရားရုံးတို့ဟာ ညှိနှိုင်းဆွေးနွေးတာတွေ ပြုလုပ်နေပြီလို့ ဆိုပါတယ် UK BROUK အဖွဲ့ကတော့ အခုလို အာဂျင်တီးနားတရားရုံးက အမှုအတွက် လက်ခံခဲ့တာဟာ သမိုင်းဝင်ခြေလှမ်းတစ်ခုဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်
ဒီနေ့ဟာ ရိုဟင်ဂျာတွေအတွက်တင်မကဘဲ နေရာတိုင်းက အဖိနှိပ်ခံ ပြည်သူတွေအတွက်ပါ မျှော်လင့်ချက်နေ့တစ်ခုပါပဲ အာဂျင်တီးနားနိုင်ငံရဲ့ ဒီဆုံးဖြတ်ချက်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူတွေအတွက်
ဖုံးကွယ်စရာ နေရာမရှိပါဘူးဆိုတာကိုပါ ပြသနေတာပါ ရှက်ရွံ့ဖွယ်ရာဇဝတ်မှုတွေကို ကမ္ဘာကြီးက အခိုင်အမာကို ဆန့်ကျင်နေတာပါ လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောကြားပါတယ် Ref:Delta News Agency
Credit