အသံဖိုင်ကို အောက်ဆုံးတွင် ဖော်ပြထားပါသည်အောကျတနျးကတြဲ့ လုပ်ရက်တွေ လုပ်ခံရမယ်လို့ ဘဝမှာမထင်ခဲ့ဘူး ဒီလိုမျိုးတခါမှ မကြုံဘူးခဲ့ဘူး လူ့ပတ်ဝန်းကျင်မှာနေပီး စည်းမစောင့်ကြတာ အံဩလွန်းလို့
မိန်းကလေးချင်းကိုယ်ချင်းမစာနာပဲသိရက်နဲ့ လုပ်ရက်ကြလို့ကိုး တင်တာ အားလုံးကို ဘာမှမပြောပဲ ကိုယ်ပဲ တသက်လုံး၆နှစ်နီးပါး ငြိမ်ခံပေးနေတာမပြောတတ်လို့မဟုတ်ဘူး သိက္ခာကျမှာစိုးလို့ ကာကွယ်ပေးနေခဲ့တာ အခုဒါတွေတင်ရတယ်ဆိုတာလဲ
အစထဲက လက်လွှတ်ပေးပီးသားမို့ ၂ ယောက်လုံး လွတ်လွတ်လပ်လပ်ကြိုက်လို့ရတယ် တွဲလို့ရတယ် တမ်းတမနေဘူး အခုလက်လွှတ်ပေး ထွက်သွားပေးဆိုတာ ထွက်မသွားပဲ ငါ့ကို လိုက်နှောင့်ယှက်နေလို့တင်တာ ငါ့ကို လာမိုက်ရိုင်းနေကြလို့တင်တာ
အဲဒီ program စထဲကနေ အခုထိ ဆဲခံဆိုခံနေ့တိုင်း messenger ကနေ အဲ fan တွေဆဲတာနေ့တိုင်း ခံခဲ့ရပေမဲ့ အပြုံးမပျက် သီးခံပေးခဲ့တယ်စစထဲက သူတို့ပဲ ဝိုင်းပေးစားပီး ကိုယ့်ဟာကိုနေတာကိုလဲ သပ်သပ်ကြီးတွေဆဲခံရတာကို ကိုယ့်ဘက်မှာမရှိပဲ အောင်မြင်မှုမှာသာယာနေခဲ့လို့ ဘာတခွန်းမှမပြောပဲ
လွှတ်ပေးခဲ့တယ် ကိုယ့်ဘဝနဲ့ ကိုယ်နေကြရအောင်ဆိုပီး Jan31 မှာစပြတ်သွားတယ် အဲထဲက တောက်လျှောက်ဖုန်းတွေဆက် တောင်းပန် အိမ်တွေလာသွားလေရာလိုက်ပီး ပြုပြင်ပါ့မယ် ပြောင်းလဲပါ့မယ် မရှိပဲ မနေနိုင်ပါဘူး ပါးစပ်ကတောက်လျှောက် ပြောတယ်နော် သူတို့စကားပြောပုံအရဆိုရင် နင်တို့ စကြိုက်တာ
FEB17 တဲ့ရွံလို့သေတော့မယ် ငါကဖြတ်လို့ ငါနဲ့မခွဲနိုင်လို့ နှစ်သိမ့်ပေးတာတဲ့ ရိုင်းရိုင်းပြောရရင် ဟိုဘက်ကတယောက်ကလဲသိရက်သားနဲ့ဖြစ်ကြတယ် ဒီကြားထဲနင်တို့တွေဘယ်လိုတွေ ဖြစ်ဖြစ်ငါနဲ့မဆိုင်လို့ သီးခံပေးနိုင်သေးတယ် အခုတော့ ငါနဲ့ပြန်တွဲမယ်ဆိုပီး ငါ့မွေးနေ့ပီးတော့ ဆုံးဖြတ်ကြတယ်
အဲဒီထိကိုး ဟိုဘက်ကမိန်းမက မွေးနေ့မှာသေချာလုပ်ပေးဦး အဆင်ပြေလား ဘေဘီကရတယ်နော်ဆိုပီး ပြောနေပြတာ အောက်တန်းကျလိုက်ကြတာငါမသိရင်ဘယ်ချိန်ထိခံရမှာလဲ ?? ငါနဲ့ပြန်တွဲမယ်ဆိုပီး ငါ့စီလာ ငါနဲ့ ခရီးပါလိုက်ပီး နင်တို့က ငါ့ဘေးမှာထားပီး miss u koko love u babe
ခရီးမှာပျော်ခဲ့နော် ဘာဝယ်ခဲ့ရမလဲနဲ့ ဖြစ်နေကြတာ ဘယ်လိုစိတ်နဲ့လဲဟမ်?? ငါနဲ့ရှိနေပီး 9months anniversary တဲ့ စိတ်ဓာတ်တွေက ရှက်ဖို့ကောင်းလိုက်တာ ငါနဲ့ပြန်တွဲမယ်ဆို ဖြတ်လေ မဖြတ်ပဲ၂ ယောက်လုံးသိရက်နဲ့ ခွေးဇာတ်ခင်းကြတာ .. ငါလဲ မဆွဲခေါ်ထားဘူး နင့်ဘာနင်ငါနဲ့မခွဲနိုင်ဘူးဆိုပီး ပြန်လာတယ် ပီးတော့ ဖောက်ပြန်တယ်
ဟိုဘက်ကလဲ လက်ခံတယ်ဒီကြားထဲ ဝရမ်းပါလို့ပြေးရတယ် ကိုဗစ်ဖြစ်တယ် ပြတ်နေတာတောင် လက်ကျန်သံယောဇဉ်နဲ့ ငါ့ဘက်က အတတ်နိုင်ဆုံးအကုန်လုပ်ပေးခဲ့တယ်သူငယ်ချင်းတွေက နင်အမှတ်မရှိဘူးလားပြောတာတောင် ကာကွယ်ပေးခဲ့တယ် နေမကောင်းရင်တောင် ဆေးစားစရာလိုအပ်တာတွေသွားပို
ဖြည့်ဆည်းပေးခဲ့တယ် ဒါတွေပြောနေရတာ နာမည်ကောင်းယူနေတာမဟုတိဘူး နင့်မိသားစုနင့်အသိုင်းဝိုင်းအကုန်လုံး ငါဘယ်လောက်ကောင်းလဲ အသိဆုံး ၆နှစ် တခါမှချပြပီးမပြောဘူးဘူး ငါတခါမှ မဖေါက်ပြန်ဘူးဘူး နင့်အတိတ်တွေလဲ စိတ်မဝင်စားအကုန်အကောင်းပြုပြင်ပေးမယ်ဆိုတဲ့စိတ်နဲ့ တွဲခဲ့တာ အခုတော့ ရင်နာလွန်းလို့
ကိုယ်ကဘယ်လောက်ကောင်းကောင်း လုပ်ရက်တာပဲဆိုတာ သိသွားလို့ နာကျည်းလွန်းလို့ အရှက်ခွဲတာမဟုတ်ဘူးနင်တို့ရဲ့ အောက်တန်းကျတဲ့လုပ်ရက်တွေကို မြင်စေချင်တာ ငါဘယ်လိုခံစားရမလဲဆိုတာသိစေချင်တာ
Waveထဲ နင်တို့ ဖြစ်ပျက်နေတာတွေလဲ မသိဘူး စိတ်မဝင်စားခဲ့ဘူး ပြတ်နေတဲ့ အချိန်မှာ .. ပြန်လက်ခံပေးတဲ့အချိန်ထိ ဖြစ်ပျက်နေကြတာ ဘယ်လိုမှ လက်မခံနိုင်တဲ့ အောက်တန်းကျတဲ့လုပ်ရက်တွေပဲ
အစထဲက သိခဲ့ရင် ပြန်တောင်လက်မခံပေးဘူး ရွံလွန်းလို့ တယောက်ကလဲ အသဲသန်ပြန်လာချင်တယ် နောက်တယောက်ကလဲ အဲဒါကိုလက်ခံပေးပီး ကြိတ်ပီးဖြစ်နေကြတယ်စိတ်ဓာတ်တွေက အောက်တန်းကျလွန်းလို့ အော်ဂလီဆန်တယ်အမကတော့ ဟန်မဆောင်တတ်သလို two faced လဲမလုပ်တတ်ဘူး အရှိတိုင်းကို လူတိုင်းကိုစိတ်ရင်းနဲ့ပဲဆက်ဆံဘူးတ
broken family ကလာလို့ မေတ္တာငတ်လို့ တယောက်ထဲဘဝမှာဆိုပီး တွယ်တာခဲ့တယ် တယောက်ထဲရုန်းကန်ရလို့ အနားမှာကိုယ့်ကို ချစ်ရင်ပီးရောဆိုပီး တခြားဘာမှ မလိုအပ်လို့ တွယ်တာခဲ့မိတယ်
အခုတော့ ပက်သက်မိခဲ့တဲ့ ကိုယ့်ကိုယ်ကိုပါ ရွံတယ် နိုင်ငံရေးတွေဖြစ်နေတဲ့ကြားထဲ အားလုံးကို အနှောငိ့ယှက်ဖြစ်သွားစေလဲတောင်းပန်ပါတယ် ဒီလိုRS ထဲက အရမ်းရုံးထွက်ချင်နေပီမို့ပါ မိုက်ရိုင်းနေတာတောငိ လက်မလွှတ်ပေးနိုင်ကြပဲ ဆက်ပီးမိုက်ရိုင်းတာတွေခံနေရလို့ပါ လက်လွှတ်ပေးပါတော့ တောင်းပန်ပါတယ်
Credit