Local News

ပြည်သူတွေအတွက် အင်အားတွေမပြတ်စေဖို့အတွက် အအေးဗူးလာလှူတာပါဆိုတဲ့ ပြည်သူ့အချစ်တော် စိုင်းစိုင်း

ပရိသတ်ကြီးရေ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူကတော့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ပဲ ဖြစ်ပါတယ်စိုင်းစိုင်းကတော့ လူကြီးရော လူငယ်တွေကြားမှာလည်း လူချစ်လူခင်ပေါများပြီး ပရိသတ်တွေက သူ့ရဲ့ဓါတ်ပုံတွေနဲ့

ဘယ်လိုဘဲ စနောက်ပါစေ စိတ်မဆိုးစေတာကြောင့် ပရိသတ်တွေက ချစ်နေရသူလည်း ဖြစ်ပါတယ်စိုင်းစိုင်းက သူ့ရဲ့ Show ပွဲတိုင်းမှာလည်း တက်သစ်စ လူငယ်တွေကို လက်တွဲပြီးစင်တင်ပေးတတ်သူဖြစ်ပြီး ခုချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ အခိုင်အမာနေရာကိုယူထားနိုင်သူ ဖြစ်ပါတယ်

မကြာသေးမှီရက်ပိုင်းအတွင်းကမှ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို စစ်အာဏာရှင်များက မတရားဖမ်းဆီးပြီး အာဏာသိမ်းလိုက်တာကြောင့် ခုလက်ရှိမြန်မာနိုင်ငံက ပြည်သူအားလုံးက တက်ညီလက်ညီနဲ့ အာဏာရှင်ကိုဖြုတ်ချဖို့ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်

ပြည်သူများနဲ့အတူ အခြားအနုပညာရှင်များက စောစီးစွာ ဝန်းရံလာခဲ့ပေမဲ့ စိုင်းစိုင်းတစ်ယောက်ကတော့ မဝန်းရံပေးဘဲ တိတ်ဆိတ်လွန်းတာကြောင့် စိုင်းစိုင်းကို ချစ်တဲ့ပရိသတ်များကလည်း အားမရအားမရ ဖြစ်ခဲ့ကြရပြီး ဖောလိုဝါးကျဆင်းသွားတယ်လို့လည်း လူများကြားမှာ ဝေဖန်ခံခဲ့ရပါတယ်

အာဏာသိမ်းပြီး ၁၁ ရက်နေ့မှာတော့ စိုင်းစိုင်းတစ်ယောက် ဗဟိုဘဏ်ရှေ့မှာ အာဏာရှင်ဆန့်ကျင်ရေးပြည်သူတွေရှေ့မှာ အချိုရည်ဗူးတွေ ဝေငှပေးလာခဲ့ပြီ ဖြစ်ပါတယ်

နောက်ကျပေမဲ့လည်း ဝန်းရံလာတာကိုပဲ ကျေးဇူးတင်ပါတယ်ဆိုပြီး စိုင်းစိုင်းရဲ့ပုံတွေအောက်မှာ ပရိသတ်တွေက ရေးသားထားခဲ့ကြတာ ဖြစ်ပါတယ်Cele World ပရိသတ်ကြီးလည်း ပရိသတ်တွေအေးချမ်းစေဖို့အတွက် အချိုရည်တွေဝေငှပေးလာတဲ့ စိုင်းစိုင်းအတွက် စကားလက်ဆောင်လေးတစ်ခွန်းလောက် ရေးပေးသွားကြပါအုံးနော်

Source  Sai Sai Kham Leng

Zawgyi

ပရိသတ္ႀကီးေရ ဆယ္စုႏွစ္ေက်ာ္တိုင္ေအာင္ ပရိသတ္ေတြရဲ႕အခ်စ္ေတြကို သိမ္းပိုက္ထားႏိုင္သူကေတာ့ အဆိုေတာ္စိုင္းစိုင္းခမ္းလႈိင္ပဲ ျဖစ္ပါတယ္စိုင္းစိုင္းကေတာ့ လူႀကီးေရာ လူငယ္ေတြၾကားမွာလည္း

လူခ်စ္လူခင္ေပါမ်ားၿပီး ပရိသတ္ေတြက သူ႔ရဲ႕ဓါတ္ပုံေတြနဲ႔ ဘယ္လိုဘဲ စေနာက္ပါေစ စိတ္မဆိုးေစတာေၾကာင့္ ပရိသတ္ေတြက ခ်စ္ေနရသူလည္း ျဖစ္ပါတယ္

စိုင္းစိုင္းက သူ႔ရဲ႕ Show ပြဲတိုင္းမွာလည္း တက္သစ္စ လူငယ္ေတြကို လက္တြဲၿပီးစင္တင္ေပးတတ္သူျဖစ္ၿပီး ခုခ်ိန္ထိ ပရိသတ္ေတြရဲ႕ ရင္ထဲမွာ အခိုင္အမာေနရာကိုယူထားႏိုင္သူ ျဖစ္ပါတယ္

မၾကာေသးမွီရက္ပိုင္းအတြင္းကမွ ျပည္သူတင္ေျမႇာက္ထားတဲ့ အစိုးရကို စစ္အာဏာရွင္မ်ားက မတရားဖမ္းဆီးၿပီး အာဏာသိမ္းလိုက္တာေၾကာင့္ ခုလက္ရွိျမန္မာႏိုင္ငံက ျပည္သူအားလုံးက တက္ညီလက္ညီနဲ႔ အာဏာရွင္ကိုျဖဳတ္ခ်ဖို႔ ႀကိဳးစားေနၾကတာလည္း ျဖစ္ပါတယ္

ျပည္သူမ်ားနဲ႔အတူ အျခားအႏုပညာရွင္မ်ားက ေစာစီးစြာ ဝန္းရံလာခဲ့ေပမဲ့ စိုင္းစိုင္းတစ္ေယာက္ကေတာ့ မဝန္းရံေပးဘဲ တိတ္ဆိတ္လြန္းတာေၾကာင့္ စိုင္းစိုင္းကို ခ်စ္တဲ့ပရိသတ္မ်ားကလည္း အားမရအားမရ ျဖစ္ခဲ့ၾကရၿပီး ေဖာလိုးဝါးက်ဆင္းသြားတယ္လို႔လည္းလူမ်ားၾကားမွာ ေဝဖန္ခံခဲ့ရပါတယ္

အာဏာသိမ္းၿပီး ၁၁ ရက္ေန႔မွာေတာ့ စိုင္းစိုင္းတစ္ေယာက္ ဗဟိုဘဏ္ေရွ႕မွာ အာဏာရွင္ဆန႔္က်င္ေရးျပည္သူေတြေရွ႕မွာ အခ်ိဳရည္ဗူးေတြ ေဝငွေပးလာခဲ့ၿပီ ျဖစ္ပါတယ္ေနာက္က်ေပမဲ့လည္း ဝန္းရံလာတာကိုပဲ ေက်းဇူးတင္ပါတယ္ဆိုၿ

ပီး စိုင္းစိုင္းရဲ႕ပုံေတြေအာက္မွာ ပရိသတ္ေတြက ေရးသားထားခဲ့ၾကတာ ျဖစ္ပါတယ္Cele World ပရိသတ္ႀကီးလည္း ပရိသတ္ေတြေအးခ်မ္းေစဖို႔အတြက္ အခ်ိဳရည္ေတြေဝငွေပးလာတဲ့ စိုင္းစိုင္းအတြက္ စကားလက္ေဆာင္ေလးတစ္ခြန္းေလာက္ ေရးေပးသြားၾကပါအုံးေနာ္

Source Sai Sai Kham Leng