Knowledge
တန်ချိန် (၅) သိန်းရှိတဲ့ ကျောက်စိမ်းတုံးကြီး တွေ့တယ်ဆိုတဲ့ နေရာကို ကိုယ်တိုင်သွားရောက်ခဲ့သူတစ်ဦးရဲ့ ပြောပြချက်(ရုပ်သံ)
ယနေ့ မိုးကောင်းကျောက်စိမ်းတောင် အကြောင်းဒီနေ့ ကျောက်စိမ်းတောင်ကို၊ သွားရတဲ့ အကြောင်းရင်းက သတင်းမှန်နဲ့ ထူးခြားတဲ့ အကြောင်းကိစ္စနဲ့.. ရောက်ဖြစ်သွားခြင်းပါကျောက်စိမ်းထွက်တဲ့ တောင်က ကျောက်မီးတောင်လို့.. ခေါ်ပါတယ်၊ မိုးကောင်းမြို့နယ်.. အင်းကြင်းကုန်းကျေးရွာ ၊ ချောင်းဝ ( အင်းတော်ကြီး ) အနောက်ဘက်သွားတဲ့.. လမ်းကနေ့ ၆ မိုင် ခရီးကို တောင်တက်၊ တောင်ဆင်း ခပ်ကြမ်းကြမ်း ဆိုင်ကယ် စီးရပါမယ်။
အင်းကြင်းကုန်းကျေးရွာ ၊ အနောက်ဘက်၊ ချောင်းဝ သွားလမ်းပါ၊ ကျောက်မီးတောင် သားလမ်းပါတစ်ချို့နေရာ အဆင်းဇောက်သလို့ အတက်မတ်ပါတယ်၎င်းကျောက်သည် ကညင်မြိုင်ကျေးရွာ မှာ မဟုတ်ပါကညင်မြိုင်မှ တောင်ဘက်သို့ ပြည်ထောင်စု လမ်းမ အတိုင်းသွား၊ ရပါတယ် ပြီးမှ ပင်ဘောအနီးက၊ အင်းကြင်းကုန်း‌ကျေ.. ကိုရောက်ရင် ချောင်းဝဘက် လမ်းကနေ သွားရခြင်း ဖြစ်ပါသည်။
သာယာသော ချောင်းရေ ကြည်ကြည်ကို ဖြတ်ကျော် ရပါလိမ့်မယ်အင်းကြင်းကုန်မှ ၆မိုင်လောက် ခရီးနှင့်ပြီးမှ ဇလွန်ကွင်းရောက်ရင် လမ်းဘယ်ဘက်မှ အခင်းတဲများတွေ့ရင် ဦးအောင်ခိုင် + မခင်ချိုဦး တဲကို မေးပြီး ခရီးဆက်နိူင်ပါသည်.. တောင်တက်ဖို့ တစ်နာရီနီးပါး အချိန်ပေးရပါမယ်တောင်ပေါ်မှာ သဘာဝဓါတ်ငွေ့ထွက်၊ ရှိနေသောကြောင့် ဆေးလိပ်မီး လျှောက်မပစ်ဖို့ ပြောပါရစေ။
(အင်းကြင်းကုန်း ကျေးရွာကနေ ၊ ဇလွန်ကွင်းကို ရောက်ရင် ထူးခြားတဲ့ ရေညှိပေါင်းနဲ့ ရေညှိဟင်း ကို စားဖို့ ပြင်ထားပါ။ အလကားမရပါ တောင်သူတွေ့ ပင်ပန်းပါတယ်.. သူတို့ လင်မယား အခင်းနားကနေ့ ကပ်ပြီး.စပြီး တောင်တက်ရပါမယ်အခင်းမှာ ဆိုင်ကယ် အပ်ထားခဲ့နိူင်ပြီး၊ စေတနာရှိသလောက်တော့ ဆိုင်ကယ် အပ်ခ ပေးထားခဲ့ကြပါအခင်းကနေ့ နာရီဝက်လောက် တက်လာရင် ၊ ဒီအပင်ကြီးတွေ့ရင် ခဏနားမယ်.. တောင်တက် နဲနဲ မတ်မယ်၊
ကျောက်စိမ်းတုံးကို မတွေ့ရခင် သဘာဝ ဓါတ်ငွေ့ မြေကြီးထဲမှာ.. ထွက်နေတာကို တွေ့ရပါလိမ့်မယ်.. သဘာဝ ဓါတ်ငွေ့.. ထွက်တဲ့ နေရာရဲ့ ဘယ်ဘက် အောက်ဆင်းရင် ကျောက်မဏ္ဍပ်ခေါ် ကျောက် စိမ်းတောင်ကို တွေ့ရမှာပါမိုးကောင်းကျောက် စိမ်းတောင်ဆိုပြီး နာမည်ကြီးနေတဲ့ ကျောက်ပါကျောက်စိမ်းမျိုး မမှန်၊ ‌ကျောက်စိမ်းနွယ်ဝင် မဟုတ်ပါကျောက်မဏ္ဍပ် ၊ ကျောက်စိမ်း မဟုတ်ပါ.ကျောက်စိမ်း အနွယ်ထဲတောင် မဝင်ပါ၊ ဒါပေမဲ့ အရမ်းလှပါသည်။
ကာလာ အနေအထားက ကျောက်စိမ်းနဲ့ အတော်တူပါတယ်၊ သို့ပေသည် ကျောက်စိမ်းအနွယ် ဝင်မဟုတ်ပါ.. ကျောက်စိမ်းမှ ပထော့ ၊ ပလွမ့် အဆင့် ကိုတောင် မမီပါ၊ အဓိက ထွက်နေတာက သဘာဝ ဓါတ်ငွေ့ပါတစ်တောင်လုံး နေရာ တော်တော်များများ ထွက်နေတာပတာဝန်ရှိသူများ အမြန်ဆုံး ထိန်းသိမ်းကာကွယ်ဖို့လဲ ပြောကြားလို့ပါတယ်၊ တစ်စိမ့်စိမ့်ကို ထွက်နေလို့ပါ။
ဒါကြောင့် ကျောက်မီးတောင်ဟု ခေါ်ပါသည်အဂ်လိပ်ခေတ်က ( ဒုတိယ ကမ္ဘာစစ် ) ကျောက်မဏ္ဍပ် ဘေးက၊ တောင်မှာ စစ်စခန်း တည်ဆောက်ထားသော စခန်းကုန်းရှိနေပါတယ်၊ ( ဒေသခံ အပြော ) သံတို ၊ သံစ အများ အပြားရှိနေသေးတယ် ပြောပြပါတယ်။
က ၊ ရေပွက်ပြီး၊ သဘာဝ ဓါတ်ငွေ့ ထွက်နေတာပါနေရာ၊ တော်တော်မျာ းများမှာ ထွက်ရှိနေပြီး မီးတို့ရင် မီးတောက်လောင်ပါတယ်၊ မီးခြစ် ခြစ်ရင် တောင်ပေါ် သတိထားစရာပါ.. သတိပိုတယ် မရှိပါ။ ဒါကြောင့် ကျောက်မီးတောင်ဟုခေါ်တာ ဖြစ်မယ်။
ဒီနေ့ည အိမ်ပြန်ခရီးက ည ၉ နာရီကျော်ပါတယ်၊ ခုမှ ကျောက်စိမ်းတောင်ကိစ္စ ဖွင့်ချပြချင်လို့ ရောက်ရောက်ချင်း၊ ရှင်းပြရခြင်း ဖြစ်ပါသည်။အရင်တင်တဲ့ ပိုစ့်က တောင်ပေါ်ကနေ့ လိုင်းမကောင်း၊ တဲ့ကြားက စမ်းကြည့်ရာကနေ့ လိုင်းမိတဲ့အချိန် တက်သွားလို့ပါ၊ မှားတာ ရှိ တောင်းပန်ပါတယ်၊ သတင်းအမှန် သိစေချင်ယုံလေးပါ။
လိုက်ပါ ပို့ဆောင်ပေးသော ဦးစိန်အောင် အင်းကြင်းကုန် ကျေးရွာဦးစိုးစိုး၊ အုပ်ချုပ်ရေးမှုး အင်းကြင်းကုန် ကျေးရွာတို့အား ကျေးဇူးတင် ရှိပါသည်။
Crdမူရင်းရေးသားသူ
အင်းကြင်းကုန်းကျေးရွာ ၊ အနောက်ဘက်၊ ချောင်းဝ သွားလမ်းပါ၊ ကျောက်မီးတောင် သားလမ်းပါ.. တစ်ချို့နေရာ အဆင်းဇောက်သလို့ အတက်မတ်ပါတယ်.. ၎င်းကျောက်သည် ကညင်မြိုင်ကျေးရွာ မှာ မဟုတ်ပါကညင်မြိုင်မှ တောင်ဘက်သို့ ပြည်ထောင်စု လမ်းမ အတိုင်းသွား၊ ရပါတယ် ပြီးမှ ပင်ဘောအနီးက၊ အင်းကြင်းကုန်း‌ကျေ.. ကိုရောက်ရင် ချောင်းဝဘက် လမ်းကနေ သွားရခြင်း ဖြစ်ပါသည်(သာယာသော ချောင်းရေ ကြည်ကြည်ကို ဖြတ်ကျော် ရပါလိမ့်မယ် )
အင်းကြင်းကုန်မှ ၆မိုင်လောက် ခရီးနှင့်ပြီးမှ ဇလွန်ကွင်းရောက်ရင် လမ်းဘယ်ဘက်မှ အခင်းတဲများတွေ့ရင် ဦးအောင်ခိုင် + မခင်ချိုဦး တဲကို မေးပြီး ခရီးဆက်နိုင်ပါသည် တောင်တက်ဖို့ တစ်နာရီနီးပါး အချိန်ပေးရပါမယ်တောင်ပေါ်မှာ သဘာဝဓါတ်ငွေ့ထွက်၊ ရှိနေသောကြောင့် ဆေးလိပ်မီး လျှောက်မပစ်ဖို့ ပြောပါရစေ။
(အခင်းကနေ့ နာရီဝက်လောက် တက်လာရင် ၊ ဒီအပင်ကြီးတွေ့ရင် ခဏနားမယ် တောင်တက် နဲနဲ မတ်မယ)ကျောက်စိမ်းတုံးကို မတွေ့ရခင် သဘာဝ ဓါတ်ငွေ့ မြေကြီးထဲမှာ ထွက်နေတာကို တွေ့ရပါလိမ့်မယ် သဘာဝ ဓါတ်ငွေ့ ထွက်တဲ့ နေရာရဲ့ ဘယ်ဘက် အောက်ဆင်းရင် ကျောက်မဏ္ဍပ်ခေါ် ကျောက် စိမ်းတောင်ကို တွေ့ရမှာပါ။
မိုးကောင်းကျောက် စိမ်းတောင်ဆိုပြီး နာမည်ကြီးနေတဲ့ ကျောက်ပါ.. ကျောက်စိမ်းမျိုး မမှန်၊ ‌ကျောက်စိမ်းနွယ်ဝင် မဟုတ်ပါ.. ကျောက်မဏ္ဍပ် ၊ ကျောက်စိမ်း မဟုတ်ပါ ကျောက်စိမ်း အနွယ်ထဲတောင် မဝင်ပါ၊ ဒါပေမဲ့ အရမ်းလှပါသည်ကာလာ အနေအထားက ကျောက်စိမ်းနဲ့ အတော်တူပါတယ်၊ သို့ပေသည် ကျောက်စိမ်းအနွယ် ဝင်မဟုတ်ပါ ကျောက်စိမ်းမှ ပထော့ ၊ ပလွမ့် အဆင့် ကိုတောင် မမီပါ၊ အဓိက ထွက်နေတာက သဘာဝ ဓါတ်ငွေ့ပါ
တစ်တောင်လုံး နေရာ တော်တော်များများ ထွက်နေတာပတာဝန်ရှိသူများ အမြန်ဆုံး ထိန်းသိမ်းကာကွယ်ဖို့လဲ ပြောကြားလို့ပါတယ်၊ တစ်စိမ့်စိမ့်ကို ထွက်နေလို့ပါဒါကြောင့် ကျောက်မီးတောင်ဟု ခေါ်ပါသည်.. အဂ်လိပ်ခေတ်က ( ဒုတိယ ကမ္ဘာစစ် ) ကျောက်မဏ္ဍပ် ဘေးက၊ တောင်မှာ စစ်စခန်း တည်ဆောက်ထားသော စခန်းကုန်းရှိနေပါတယ်၊ ( ဒေသခံ အပြော ) သံတို ၊ သံစ အများ အပြားရှိနေသေးတယ် ပြောပြပါတယ်။
ရုပ်သံကြည့်ရန်(၁)
ဒီနေ့ည အိမ်ပြန်ခရီးက ည ၉ နာရီကျော်ပါတယ်၊ ခုမှ ကျောက်စိမ်း တောင်ကိစ္စ ဖွင့်ချပြချင်လို့ ရောက်ရောက်ချင်း၊ ရှင်းပြရခြင်း ဖြစ်ပါသည်အရင်တင်တဲ့ ပိုစ့်က တောင်ပေါ်ကနေ့ လိုင်းမကောင်း၊
တဲ့ကြားက စမ်းကြည့်ရာကနေ့ လိုင်းမိတဲ့အချိန် တက်သွားလို့ပါ၊ မှားတာ ရှိ တောင်းပန်ပါတယ်၊ သတင်းအမှန် သိစေချင်ယုံလေးပါလိုက်ပါ ပို့ဆောင်ပေးသောဦးစိန်အောင် အင်းကြင်းကုန် ကျေးရွာဦးစိုးစိုး၊ အုပ်ချုပ်ရေးမှုး အင်းကြင်းကုန် ကျေးရွာ တို့အား ကျေးဇူးတင် ရှိပါသည်
Crdမူရင်းရေးသားသူ