Knowledge

နေ့ဂျင်း ညဂျင်း စီးပွားတက်ယတြာ

နေ့ဂျင်း ညဂျင်း စီးပွားတက်ယတြာဇာတ်လမ်းအစက ဒီလိုဗျာ။မနေ့က Fbပေါ်မှာ အကောင့်ထဲက ကလေးမတစ်ယောက်က ယတြာတစ်ခု Shareထားတာ မြင်တယ်ဗျ။ ကြည့်လိုက်တော့ ဖယောင်းတိုင်ကို ဂျင်းတစ်တက်ပေါ် မီးထွန်းခိုင်းတာ။တခြားဘာမှမပါဘူး။Color Theoryနဲ့ နေ့ဂျင်းညဂျင်းဖြစ်စေတဲ့ ဓာတ်ကို Mixလုပ်လိုက်တယ် ထင်ပါတယ်။အဲ့မှာစပြီး ကျနော့်ဖာသာ တစ်ယောက်တည်း စောက်သည်းယားလာတော့တာပဲ။ ဂျင်းဆိုတာက တေဇောဓာတ်အပူဓာတ်ကိုအားပေးတာ။ မီးဆိုတာကလည်း အပူပဲ။

ဆိုတော့ အပူနှစ်ခုကို နေ့ချင်းညချင်းဖြစ်အောင်ဆိုတဲ့ ဓာတ်ယူတာကို တွေးကြည့်တတ်ရင်တောင် အတော်လန့်စရာကောင်းနေပြီ။ဒါပေမယ့် ဂျင်းနဲ့မီးထွန်းတာကို ဆရာကြီးမင်းသိင်္ခရဲ့ ယတြာတွေထဲမြင်ထားဖူးခဲ့တော့ အပြစ်တင်မစောရဲသေးဘူး။

ငါများလေ့လာမှုနည်းနေလို့လားဆိုပြီး ပြန်ရှာရ လေ့လာရသေးတယ်။အဲ့ဒီလိုလေ့လာရင်းနဲ့ တွေ့ခဲ့တဲ့ ဓာတ်ယတြာလေးတွေ ပြန်ဝေမျှပေးချင်လာလို့ ဖောက်သည်ချလိုက်ပြီဗျာ။ “ဂျင်းမမိစေဖို့ ဂျင်းတက်ယတြာများ”လို့ပဲ ဒီစာစုကို နာမည်ပေးလိုက်တော့မယ်။

ဂျင်းတက်နဲ့ နေ့ဂျင်းညဂျင်းအကျိုးပေးအောင် ယတြာလုပ်မရတာတော့မဟုတ်ဘူးဗျ။ လုပ်တတ်ရင် ရတယ်။ နေ့ဂျင်းညဂျင်းဓာတ်ကိုယူရင် ဂျင်းတက်ကလေးကနေ အတက်အသစ်ကလေး ထွက်လာဖို့ လိုသဗျ။

ဒါမှလည်း ဓာတ်သဘောမိမှာ။ဆိုတော့ ဂျင်းပေါ်ဖယောင်းတိုင်တင်ထွန်းရင် မီးအပူကြောင့် ဂျင်းကိုသတ်သလိုဖြစ်ပြီး ဘယ်လိုမှ ယတြာအဆင်ပြေမှာမဟုတ်ဘူး။အတက်မထွက်ရင် ဓာတ်သက်လည်းမဝင်ဘူး။ နေ့ဂျင်းညဂျင်းယတြာ လုပ်နည်းလေးပြောပြမယ်။

ယတြာကို နေ့ဂျင်းညဂျင်းစီးပွားတက်ယတြာလို့ နာမည်ပေးချင်လည်း ပေးပေါ့ဗျာ။ဂျင်းတက်နှစ်ခုကို ပန်းကန်ပြားတစ်ချပ်စီထဲထည့်ရမယ်။မထည့်ခင်မှာလည်း ပန်းကန်ထဲမှာ သဲအစိုခင်းပြီးမှ ထည့်ရမယ်။

ဂျင်းတက်တစ်ခုပေါ်မှာ “နေ့ဂျင်း”၊ ဂျင်းတက်နောက်တစ်ခုပေါ်မှာ “ညဂျင်း”လို့ ဆော့ပင်နဲ့ ပီပီသသရေးပြီးမှ ပန်းကန်ထဲကသဲပေါ်ထည့်ရမယ်။ မှင်အရောင်က အဓိကမကျဘူး။စာပီသဖို့ အဓိကပဲ။

“နေ့ဂျင်း”ထည့်ထားတဲ့ ပန်းကန်အနီးမှာ နေ့မွန်းမလွဲခင် မနက်အစောပိုင်းထဲ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီး နေ့ဂျင်းညဂျင်းစီးပွားတက်ပါစေလို့ ဆုတောင်းရမယ်။“ညဂျင်း”ထည့်ထားတဲ့ ပန်းကန်အနီးမှာ နေရောင်ပျောက်စ ညအချိန်စောစောပိုင်းထဲ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီး နေ့ဂျင်းညဂျင်းစီးပွားတက်ပါစေလို့ ဆုတောင်းရမယ်။

ဖယောင်းတိုင်အစိမ်းမကလို့ ရောင်စုံထွန်းတာဖြစ်ဖြစ် မီးထွန်းရင်း ဂါထာရွတ်တာဖြစ်ဖြစ် အတတ်ဆန်းထွင်ချင်သပဆိုလည်း သဘော။ လုပ်တတ်ရင်လုပ်၊မပိုင်ရင်တော့ မလုပ်နဲ့။အရေးကြီးဆုံးက ဂျင်းတက်ပေါ် ဖယောင်းတိုင် လုံးဝတင်မထွန်းရဘူး။

ဂျင်းကနေ အတက်မထွက်လာရင် ယတြာဓာတ်သက်မဝင်လို့ ယတြာပျက်တယ်။ဖယောင်းတိုင်မီးအပူလည်း မဟပ်စေနဲ့။ ဒီတစ်ချက်တော့ ဂရုစိုက်ရလိမ့်မယ်။ဂျင်းတက်ပေါ်ဖယောင်းတိုင်အစိမ်းထွန်းပြီး လာဘ်ဖွင့်တာက နောက်တစ်နည်းရှိသေးသဗျ။သူ့ချည်းပဲတော့မဟုတ်ဘူး။ဘေးကအကူပစ္စည်းလေးတွေကို ဓာတ်မျှအောင်ထည့်ပေးရတယ်။ စာရှည်မှာစိုးလို့ လုပ်နည်းပဲရေးတော့မယ်။ ဒီလိုဗျာ။လိုတာတွေက ကြွေပန်းကန်ပြားတစ်ချပ်၊ ကျောက်စရစ်အဖြူကိုးလုံး၊ဂျင်းတစ်တက်၊ ဖယောင်းတိုင်အစိမ်းတစ်တိုင်၊ရေအနည်းငယ်တို့ လိုမယ်။

ကျောက်စရစ်ခဲတွေကို သေချာသန့်စင်ပြီးကြွေပန်းကန်ပြားအလယ်မှာ စီစီရီရီထည့်။ကျောက်စရစ်ခဲပေါ်ကနေ ဂျင်းတစ်တက်ကို တင်။ရေကို ဂျင်းအပေါ်ကနေလောင်းပြီး ကျောက်စရစ်ခဲ မြုပ်အောင် ကြွေပန်းကန်ပြားထဲထည့်။

သတိပြုရမှာက ရေက ကျောက်စရစ်အကုန်မြုပ်ပြီး ဂျင်းတက်ကိုထိနေရမယ်။ဂရုစိုက်။ဂျင်းတက်ပေါ်ကနေ ဖယောင်းတိုင်အစိမ်း မနက်တစ်ကြိမ် ညတစ်ကြိမ်ထွန်းပြီး ငွေကြေးဆိုင်ရာအလုပ်ကိစ္စဘာညာ ဆုတောင်းရတယ်။

ယတြာအသက်ဝင်အောင် ကိုးရက်ဆက်တိုက်တော့ လုပ်ပေးရမယ်။ ယတြာလေးက ဒါပဲ။ဂျင်းနဲ့ပက်သက်ပြီး ဆရာကြီးမင်းသိင်္ခရဲ့ ယတြာတစ်မျိုးလည်း ရှိသေးတယ်။ ဒီယတြာရဲ့ အလုပ်လုပ်ပုံကိုတော့ ကျနော်လည်းနားမလည်ဘူး။ ဒါပေမယ့် အလုပ်ကတော့တစ်ကယ်ဖြစ်တယ်ဗျ။

ဆရာကြီးရဲ့သာဝကတွေ ရေးထားခဲ့တဲ့အာဘော်အတိုင်းပဲ ပြန်ကူးရေးပေးလိုက်တော့မယ်။“”မှားတဲ့အမှားတွေက ပြင်လို့ရတာတွေရှိသလို ပြင်လို့မရတာ ပြင်ဖို့ခက်နေတဲ့ အမှားတွေလည်းရှိတာပေါ့ ဥပမာ စာချုပ်တစ်ခုချုပ်ဆိုလက်မှတ်ထိုးတယ် သက်သေတွေရှေ့မှာလုပ်ပြီး သက်သေတွေကလည်း လက်မှတ်ထိုးပြီးပြီ

အဲ့ဒီမှာ ကိုယ့်အနေနဲ့ မစဉ်းစားမိလို့ ဖြစ်စေ စဉ်းစားမှုနည်းလို့ဖြစ်စေ လက်မှတ်ထိုးလောကြီးသွားတယ် စာချုပ်လက်မှတ်မှားထိုးမိတယ် အဲ့ဒီလိုဖြစ်ခဲ့ရင် ပြန်ပြင်ဖို့ဆိုတာမလွယ်တော့ဘူး အဲ့ဒါဆိုရင် ယတြာလုပ်ပြီးပြန်ပြင်မှဖြစ်မယ်

အဲ့တော့ သေသေချာချာမှတ်ထား ဘုရားစင်ပေါ်မှာ ဂျင်း(၈)တက်ကို ကြွေပန်းကန်ပြားသေးလေးတစ်ခုစီမှာ ဂျင်း(၁)တက်စီတင် အဲ့ဒီဂျင်းတက်တစ်ခုစီတိုင်းရဲ့အပေါ်မှာ ဖယောင်းတိုင်စိုက်ပြီး ဖယောင်းတိုင်မီး(၈)တိုင်ပူဇော်ပြီး ဘုရားမှာ စာချုပ်သစ် ပြန်ပြင်ပြီး လက်မှတ်ထိုးနိုင်ရန် ဆုတောင်းရတယ်

အဲ့ဒီယတြာကို မနက်ပိုင်းတစ်ကြိမ် ညမှောင်နေတဲ့အချိန်မှာ တစ်ကြိမ် ရှစ်ရက်ဆက်တိုက်ပြုလုပ်ရမယ် အဲ့ဒါဆိုရင်တော့ ကိုယ့်အနေနဲ့ စာချုပ်သစ်ပြောင်းပြီးလက်မှတ်ထိုးဖို့ လွယ်လွယ်ကူကူနဲ့ပြောဆိုလို့ရလိမ့်မယ် အဲ့တော့ ကိုယ့်ဘက်က နစ်နာစရာရှိတာတွေ မနစ်နာတော့ဘူးပေါ့ “”

တခြား ဂျင်းနဲ့ပက်သက်တဲ့ ယတြာလေးငါးမျိုးတော့ လေ့လာမှတ်သားဖူးသေးတယ်။ လက်တွေ့မစမ်းသပ်ဖူးသေးလို့နောက်နောင်များမှပဲ အလျင်းသင့်သလို ဖော်ပြပေးတော့မယ်ဗျာ။အခုကတော့ စာလည်းအတော်ရှည်ပြီမလို့ နိဂုံးချုပ်လိုက်တော့မယ်။ကောင်းညိုစည်သူ_စုစည်းတင်ဆက်သည်

Credit

Zawgiy

နေ့ဂျင်း ညဂျင်း စီးပွားတက်ယတြာဇာတ်လမ်းအစက ဒီလိုဗျာ။မနေ့က Fbပေါ်မှာ အကောင့်ထဲက ကလေးမတစ်ယောက်က ယတြာတစ်ခု Shareထားတာ မြင်တယ်ဗျ။ ကြည့်လိုက်တော့ ဖယောင်းတိုင်ကို ဂျင်းတစ်တက်ပေါ် မီးထွန်းခိုင်းတာ။တခြားဘာမှမပါဘူး။Color Theoryနဲ့ နေ့ဂျင်းညဂျင်းဖြစ်စေတဲ့ ဓာတ်ကို Mixလုပ်လိုက်တယ် ထင်ပါတယ်။အဲ့မှာစပြီး ကျနော့်ဖာသာ တစ်ယောက်တည်း စောက်သည်းယားလာတော့တာပဲ။ ဂျင်းဆိုတာက တေဇောဓာတ်အပူဓာတ်ကိုအားပေးတာ။

မီးဆိုတာကလည်း အပူပဲ။ ဆိုတော့ အပူနှစ်ခုကို နေ့ချင်းညချင်းဖြစ်အောင်ဆိုတဲ့ ဓာတ်ယူတာကို တွေးကြည့်တတ်ရင်တောင် အတော်လန့်စရာကောင်းနေပြီ။ဒါပေမယ့် ဂျင်းနဲ့မီးထွန်းတာကို ဆရာကြီးမင်းသိင်္ခရဲ့ ယတြာတွေထဲမြင်ထားဖူးခဲ့တော့ အပြစ်တင်မစောရဲသေးဘူး။