Local News

မြန်မာပြည်သူတွေလုပ်ဆောင်ရမယ့် မိုင်းဖုန်းဆရာတော်ကြီး၏ “လမ်းညွှန်ချက်”

ဗုဒ္ဓဘာသာဝင်တွေလုပ်ကြဖို့ မိုင်းဖုန်းဆရာတော်ကြီးရဲ့မိန့်ကြားချက်။ သူ့ဘာသာသူ ယတြာဘယ်လောက်ကောင်းကောင်း အမိန့်ပြန်တမ်းဘယ်လောက်ပြင်းပြင်း စကြာဝတေးမင်းတောင် အမိန့်ပေးလို့မရတဲ့ နတ်မင်းကြီးနှစ်ပါးရှိပါတယ်။

အဲ့နတ်မင်းကြီးနှစ်ပါးက လောကပါလနတ်မင်းကြီးနဲ့ သာသနာစောင့်နတ်မင်းကြီးပါ။ မည်သူမဆို ဒါနသီလဘာဝနာ တစ်ခုခုပြုပြီးနောက် “လောကပါလနတ်မင်းကြီးနှင့် သာသနာစောင့်နတ်မင်းကြီး ဘေးရန်ကင်းပါစေ၊

ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့် မိမိတို့ခန္ဓာတာဝန်ကို လွယ်ကူစွာဆောင်ရွက်နိုင်ပါစေ” လို့သုံးခေါက်ရွတ်ပြီးအထူးမေတ္တာပို့ပါ။ပြီးရင်မိမိဘဝမှာ အထူးပြုခဲ့ဖူးသောကုသိုလ် (ဥပမာ…ရှင်ပြုအလှူ၊ ပုဇင်းတက်ခဲ့ခြင်း၊ ကျောင်းအလှူ၊ ရေတွင်းရေကန်၊ တံတားအလှူ၊ ရွှေသက်န်းအလှူ၊ ကမ္မဌာန်းဝိပသနာ တရားအားထုတ်ခဲ့မှု၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရရှိခဲ့မှု) စသည့်ကုသိုလ်တွေကို ပြန်အောက့်မေ့ပြီးတော့ထိုကုသိုလ်များနှင့်တကွ မိမိတစ်သက်တာ

ပြုခဲ့သောကုသိုလ်များအား လောကပါလနတ်မင်းကြီးနှင့် သာသနာစောင့်နတ်မင်းကြီး၊ လောကပါလအစောင့်အရှောက်များလုံးကို အမျှဝေပါသည်၊ သာဓုခေါ်ပါဆိုပြီး သေချာအမျှပေးဝေပါ။မတရားသတ်ဖြတ်ခံ အကြမ်းဖက်ခံနေရတဲ့ ပြည်သူများကိုလည်း ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ ကိုယ်ပြုထားတဲ့ကုသိုလ်တွေနဲ့ သစ္စာဆိုကြပါ။

Credit

Unicode