Local News

မိမိပြုတဲ့ကုသိုလ်တွေကို Facebookပေါ် တင်သင့်ပါသလား… (ဖတ်ကြည့်နော်)

Facebookပေါ်မှတ်တမ်းအဖြစ် တင်သင့်ပါတယ်လို့ပဲ ဖြေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုးယခင်ကဆို ကုသိုလ်ပြုပြီးတိုင်း ကြေးစည်တီးကြပါတယ်။ကြေးစည်သံကိုကြားရရင် အိမ်နီးနားချင်းတွေက အမျှပေးဝေတာပဲဆိုတာ သိရှိပြီးသာဓုခေါ်ကြတယ်။ယခုခေတ်မှာတော့ မိမိကုသိုလ်ပြုပြီးတိုင်း Facebookပေါ် တင်ကြတာဟာ မိမိကုသိုလ်ကို အမျှပေးဝေကြခြင်းပါပဲ။သာဓုခေါ်လိုက်ပါ၊ မိမိလဲကုသိုလ်ရပါတယ်။ ကြွားဝါတာပါဆိုပြီး နှလုံးသွင်းမမှားပါစေနဲ့။

သူတစ်ပါးကုသိုလ်က သင့်အတွက်အကုသိုလ် ဖြစ်သွားနိုင်လို့ပါ။မိမိရဲ့ကုသိုလ်တွေကို Facebookပေါ် တင်ရခြင်းရဲ့အကျိုးကတော့ (၁)မလှူခင်က စိတ်ထဲကြံစည်ဖြစ်နေတဲ့ ပုဗ္ဗစေတနာ။ (၂)လှူနေဆဲအခိုက်အတန့်မှာ ကြည်နူးနေမိတဲ့ မုဉ္စစေတနာ။

(၃)လှူပြီးမိမိကုသိုလ်ကို ပြန်လည်အောက်မေ့တဲ့ အပရစေတနာဆိုပြီး စေတနာသုံးတန်ရှိတဲ့အထဲက Facebookပေါ်တင်ထားတာကို ခဏခဏပြန်ကြည့်လို့လဲရတယ်။Facebookကလဲ တစ်နှစ်ပြည့်ရင်ပြန်ပေါ်လာတယ်။ အဲဒီအချိန်မှာ မိမိပြုခဲ့တဲ့ကုသိုလ်ကို လူတိုင်းကသတိရကြမှာပါပဲ။ အဲဒီလိုပြန်သတိရခြင်းဟာ အပရစေတနာကို ပိုပြီးအားကောင်းစေပါတယ်။

ဒါနထက်သီလကမြတ်တယ်၊ သီလထက်ဘာဝနာကမြတ်တယ်ဆိုတာ လူတိုင်းသိကြပြီးသားပါပဲ။ အနုဿတိ(၁ဝ)ပါးထဲမှာ စာဂါနုဿတိဘာဝနာ (မိမိပြုခဲ့ဘူးတဲ့ကုသိုလ်ကို ပြန်လည်အောက်မေ့ခြင်းဘာဝနာပေါ့)

သေချာပြန်ကြည့်လိုက်ပါ။ လှူခဲ့စဉ်ကရိုးရိုးဒါနအဆင့်ပဲနော် (အပရစေတနာ) မိမိပြုခဲ့တဲ့ကုသိုလ်ကို ပြန်အမှတ်ရတာက စာဂါနုဿတိဘာဝနာဆိုတော့ ဘာဝနာအဆင့်ထိရောက်သွားတယ်။ ပိုပြီးအကျိုးကြီးတယ်ပေါ့။

ပြီးတော့နေ့စဉ်ပုံမှန် ပြုလုပ်ကြတဲ့ကုသိုလ်ကို အာစိဏ္ဏကံကုသိုလ်လို့ခေါ်တယ်။ တစ်ကြိမ်တစ်ခါပဲ ပြုခဲ့ဖူးတဲ့ကုသိုလ်ကို အကြိမ်ကြိမ်အခါခါ ပြန်သတိရနေပါကလည်း အာစိဏ္ဏကံကုသိုလ်ဖြစ်သွားတာပါပဲ။

ဒါနကနေဘာဝနာအဆင့် တစ်ခါပဲပြုခဲ့ဖူးတဲ့ကုသိုလ်ကနေ နေ့စဉ်ပြုလုပ်ရာရောက်တဲ့ အာစိဏ္ဏကံကုသိုလ်အဆင့်ဖြစ်တယ်ဆိုတာ အပရစေတနာကြောင့်ဖြစ်တာပါပဲ။ဓာတ်ပုံမှတ်တမ်းFacebookမှာ ကုသိုလ်မှတ်တမ်းတွေဟာ

အပရစေတနာကိုဖြစ်စေနိုင်တာမို့ Facebookပေါ်တင်နေတဲ့ ကုသိုလ်မြင်ကွင်းတွေ‌တွေ့ရင် သာဓုခေါ်လိုက်ပါ။ ကိုယ်လဲကုသိုလ်ရတာပေါ့။၊ကြွားဝါနေတယ်လို့မမြင်ဘဲ သူတို့အခုလိုကုသိုလ်ပြုနိုင်တာတွေဟာ ရှေးဘဝကကုသိုလ်ကံတွေ ကောင်းခဲ့လို့ပါဆိုပြီး လူတစ်ယောက်အပေါ် ချစ်ခြင်းမုန်းခြင်းကိုဖယ်ပြီး

ကံကံ၏အကျိုးပေးတာကို ဆင်ခြင်လိုက်တော့ “ယောနိသောမနသိကာရ” ဖြစ်သွားတာမို့ ကိုယ့်ရဲ့ဘဝလေးလဲ ဖြောင့်တန်းသွားတာပေါ့။ ဒါကြောင့်ကုသိုလ်တွေကို နေ့စဉ်ရအောင်ယူကြပါစို့။ရွှင်လန်းချမ်းမြေ့ပါစေ။ မေတ္တာဖြင့်ရွှေလေးဝဆရာတော်။ ‌မူရင်းရေးသားပူဇော်သူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Credit

Unicode

Facebookပေါ်မှတ်တမ်းအဖြစ် တင်သင့်ပါတယ်လို့ပဲ ဖြေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုးယခင်ကဆို ကုသိုလ်ပြုပြီးတိုင်း ကြေးစည်တီးကြပါတယ်ကြေးစည်သံကိုကြားရရင် အိမ်နီးနားချင်းတွေက အမျှပေးဝေတာပဲဆိုတာ သိရှိပြီးသာဓုခေါ်ကြတယ်။ယခုခေတ်မှာတော့ မိမိကုသိုလ်ပြုပြီးတိုင်း Facebookပေါ် တင်ကြတာဟာ မိမိကုသိုလ်ကို အမျှပေးဝေကြခြင်းပါပဲ။သာဓုခေါ်လိုက်ပါ၊ မိမိလဲကုသိုလ်ရပါတယ်။ ကြွားဝါတာပါဆိုပြီး နှလုံးသွင်းမမှားပါစေနဲ့။

သူတစ်ပါးကုသိုလ်က သင့်အတွက်အကုသိုလ် ဖြစ်သွားနိုင်လို့ပါ။မိမိရဲ့ကုသိုလ်တွေကို Facebookပေါ် တင်ရခြင်းရဲ့အကျိုးကတော့ (၁)မလှူခင်က စိတ်ထဲကြံစည်ဖြစ်နေတဲ့ ပုဗ္ဗစေတနာ။ (၂)လှူနေဆဲအခိုက်အတန့်မှာ ကြည်နူးနေမိတဲ့ မုဉ္စစေတနာ။

(၃)လှူပြီးမိမိကုသိုလ်ကို ပြန်လည်အောက်မေ့တဲ့ အပရစေတနာဆိုပြီး စေတနာသုံးတန်ရှိတဲ့အထဲက Facebookပေါ်တင်ထားတာကို ခဏခဏပြန်ကြည့်လို့လဲရတယ်။Facebookကလဲ တစ်နှစ်ပြည့်ရင်ပြန်ပေါ်လာတယ်။ အဲဒီအချိန်မှာ မိမိပြုခဲ့တဲ့ကုသိုလ်ကို လူတိုင်းကသတိရကြမှာပါပဲ။ အဲဒီလိုပြန်သတိရခြင်းဟာ အပရစေတနာကို ပိုပြီးအားကောင်းစေပါတယ်။

ဒါနထက်သီလကမြတ်တယ်၊ သီလထက်ဘာဝနာကမြတ်တယ်ဆိုတာ လူတိုင်းသိကြပြီးသားပါပဲ။ အနုဿတိ(၁ဝ)ပါးထဲမှာ စာဂါနုဿတိဘာဝနာ (မိမိပြုခဲ့ဘူးတဲ့ကုသိုလ်ကို ပြန်လည်အောက်မေ့ခြင်းဘာဝနာပေါ့)

သေချာပြန်ကြည့်လိုက်ပါ။ လှူခဲ့စဉ်ကရိုးရိုးဒါနအဆင့်ပဲနော် (အပရစေတနာ) မိမိပြုခဲ့တဲ့ကုသိုလ်ကို ပြန်အမှတ်ရတာက စာဂါနုဿတိဘာဝနာဆိုတော့ ဘာဝနာအဆင့်ထိရောက်သွားတယ်။ ပိုပြီးအကျိုးကြီးတယ်ပေါ့။ပြီးတော့နေ့စဉ်ပုံမှန် ပြုလုပ်ကြတဲ့ကုသိုလ်ကို အာစိဏ္ဏကံကုသိုလ်လို့ခေါ်တယ်။

တစ်ကြိမ်တစ်ခါပဲ ပြုခဲ့ဖူးတဲ့ကုသိုလ်ကို အကြိမ်ကြိမ်အခါခါ ပြန်သတိရနေပါကလည်း အာစိဏ္ဏကံကုသိုလ်ဖြစ်သွားတာပါပဲ။ဒါနကနေဘာဝနာအဆင့် တစ်ခါပဲပြုခဲ့ဖူးတဲ့ကုသိုလ်ကနေ နေ့စဉ်ပြုလုပ်ရာရောက်တဲ့ အာစိဏ္ဏကံကုသိုလ်အဆင့်ဖြစ်တယ်ဆိုတာ အပရစေတနာကြောင့်ဖြစ်တာပါပဲ။

ဓာတ်ပုံမှတ်တမ်းFacebookမှာ ကုသိုလ်မှတ်တမ်းတွေဟာ အပရစေတနာကိုဖြစ်စေနိုင်တာမို့ Facebookပေါ်တင်နေတဲ့ ကုသိုလ်မြင်ကွင်းတွေ‌တွေ့ရင် သာဓုခေါ်လိုက်ပါ။ ကိုယ်လဲကုသိုလ်ရတာပေါ့။၊ကြွားဝါနေတယ်လို့မမြင်ဘဲ သူတို့အခုလိုကုသိုလ်ပြုနိုင်တာတွေဟာ ရှေးဘဝကကုသိုလ်ကံတွေ ကောင်းခဲ့လို့ပါဆိုပြီး လူတစ်ယောက်အပေါ် ချစ်ခြင်းမုန်းခြင်းကိုဖယ်ပြီး