မိဘခြေရာ တောင်းလို သူများအတွက် မိဘခြေရာ ခံယူနည်း။မိဘခြေရာ ခံယူပွဲဆိုတာကျနော်တို့မြန်မာနိုင်ငံမှာပျောက်ကွယ် လုနီးပါးဖြစ်နေပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ယနေ့ခေတ်လူတွေ လုံးဝကိုမသိကြလို့ပါ။တကယ်တော့ မိဘခြေရာ ခံယူပွဲဆိုတာမြန်မာတို့ရဲ့ ဂုဏ်ယူဖွယ်ရာ အလေ့အထတစ်ခုဖြစ်တာမို့ မြန်မာမိသားစုတိုင်း ခံယူကျင့်သုံး သင့်ပါတယ်ကျေးဇူးရှင် မင်းကွန်းဆရာတော် ဘုရားကြီးနဲ့
ကုံလုံဆရာတော် ဘုရားကြီးတို့ရဲ့မိဘခြေရာ တောင်းယူပူဇော်နည်းလေးကို အောက်မှာ ဖော်ပြပေး လိုက်ပါတယ်။ မိဘခြေရာ တောင်းယူသောနေ့ဟာ မိဘရော သားသမီးတွေပါ မင်္ဂလာရှိသောမွေးနေ့ (သို့) မွေးရက်နှင့်
မှတ်တမ်းအပ်တဲ့နေ့များတွင် ကျင်းပလျှင်ပို၍ကောင်းမွန်၏။မိဘခြေရာတောင်းယူတဲ့အချိန်မှာ မိဘရော၊သားသမီးပါ ရေချိုးသန့်စင်ပြီးသန့်ရှင်းသော အဝတ်များ ဝတ်ဆင်ကာဘုရားစင် ရှေ့မှာထိုင်ပါ။ကျနော်တို့ဗုဒ္ဓဘာသာလူမျိုးတွေမှာ အရပ်လေးမျက်နှာ၊
အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာရှိတဲ့အထဲမှအထက်အရပ်ရပ်ကိုဦးထိပ်ပန်ဆင်ပြီးရတနာ(၃)ပါးကို ပူဇော်ကန်တော့ပါ။ပြီးရင် အရှေ့အရပ်မှာမိဘ၊ တောင်အရပ်မှာ ဆရာသမား၊ မြောက်အရပ်မှာ ကျေးဇူးရှင်များကို ကန်တော့ပြီးခင်ပွန်းကြီး(၁ဝ)ပါးအား ဝန်ချတောင်းပန်ကာ ဘုရားစင်ရှေ့မှာ ငါးပါးသီလခံယူဆောက်တည်ပါ။
နေရာယူရန်။မိဘမှ မြင့်သောမြတ်သော အရပ်မှာထိုင်ပြီး သားသမီးတို့မှမိမိတို့ တတ်အားသရွှေ့ ကန်တော့ရန်ပစ္စည်းများဖြင့် ကန်တော့ပါ၊၊ မိဘတို့ကလည်း ဆုပေးချီးမြှင့်ပေးပါ။မိဘများမှမွေးဖွားသန့်စင်တဲ့ အရွယ်က စပြီး ယနေ့မိဘများ ခြေရာမတောင်းယူမီအထိ
ကံသုံးပါးဖြင့် မတော်တဆ ပစ်မှားမိပါက ခွင့်လွှတ်ပါရန်နှင့် မသိမမြင်ရသော ဘဝများတုန်းကအပြစ်များပါမကျန်ခွင့်လွတ်ပါရန်(၃)ကြိမ်တောင်းပန်၍ ကန်တော့ပါ (၃) ကြိမ် တောင်းပန်၍ ကန်တော့ ပါ။ မိဘများကလည်း ခွင့်လွတ်ပါတယ်ဟု (၃)ကြိမ် ဖြေကြားပါ။ ခြေရာယူခြင်းမိဘခြေထောက်များကို ရေဇလုံတစ်ခုမှာရေဆေးကြောသန့်စင်ပေးပြီး နံ့သာ များလိမ်းပေးပါ။သနပ်ခါး ဆိုရင်လည်း ရပါတယ်။ နံ့သာလိမ်းထားသော မိဘခြေအစုံကို ယပ်တောင်ဖြင့် ယပ်ခပ်ပေးပါ။
ပြီးလျှင် ဆီ၊ နနွင်း(သို့)ပုံနှိပ်မှင်ဖြင့် မိဘခြေဖဝါးကို ညင်သာစွာ လိမ်းပေးပါ။သန့်ရှင်းသော အဝတ်ပေါ်တွင် ပိတ်ဖြူစ ခင်းပေးပြီးအမေ့ခြေဖဝါးကို ဘယ်မှစ ညာနောက်လိုက်ကာ ပိတ်ဖြူစပေါ်တွင်နင်းပေးပါ။
မိဘရဲ့ ခြေရာများဟာ သာမန်အချိန်မှာ ထင်ရစ်ခဲ့တဲ့ ခြေရာမဟုတ်ဘဲ သရဏဂုံပွားများရင်း ကျန်ရစ်ခဲ့ တာဖြစ်တဲ့ အတွက် ဆောင်ယူသော သားသမီး များ လောကီ၊လောကုတ္တရာ အကျိုးထူးများစွာ ရရှိသလို
ချီးမြှင့်ပေးသောမိဘများမှာလည်း မိဘဝတ္တရားကျေပွန်၍အသက်ရှည်စိတ်ကျမ်းမာစေပါတယ်။မိဘခြေရာကျန်ရစ်ခဲ့တဲ့ပိတ်ဖြူစပေါ်မှာ မိဘ၏ မွေးသက္ကရာဇ် တောင်းယူသော သားသမီးများ၏ အမည်၊
တောင်းယူသော နေ့စွဲများကိုအမှတ်တရရေးထိုးပါ။မိဘတို့ရဲ့ ခြေဖဝါးများကို မူလဆေးကြောထားသော ရေဇလုံအတွင်းမှာ ရေနဲ့ပင်ဆေးကြောပြီး နံ့သာရေ လိမ်းပေးပါ။မိဘတို့ရဲ့ ခြေရင်း၌မိဘခြေေ ထာက်များ ဆေးကြောထားသော ရေဇလုံအတွင်းသို့ သားဆိုလျှင် ညာဘက်လက် ထည့်ပါ။သမီးဆိုလျှင် ဘယ်ဘက်လက်ထည့်ပြီး မိဘတို့အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံအဖြစ် ပြစ်မှားမိသော
အပြစ်များရှိပါက ကျေပါစေဟု ဆုတောင်းကာ ထိုရေဖြင့် ဦးခေါင်းနဲ့ မျက်နှာကို (၃)ကြိမ်ထိပါ။မျက်နှာသစ်လိုကသစ်နိုင်ပါတယ်။ မိဘခြေရာတောင်းယူပြီးနောက်။ ။ မိဘခြေရာတောင်းယူပြီး မှန်ဘောင်သွင်းကာ
ခေါင်းရင်းမှာထားပြီး ညစဉ်ရှိခိုး ကန်တော့ပြီးမှညအိပ်ရာဝင်ပါ။ ကြီးမားသော မိဘရဲ့ မေတ္တာအားနေ့စဉ်ခံယူပါတယ်ဟုရွတ်ဆိုပါ။မိမိ အဓိဠာန်နိုင်သလောက် ဥပမာ (၃)ရက်၊ (၅)ရက်မှ(၁၀)ရက်တန်သည်အထိ ဥပုသ်သီလစောင့်ပါ။
အရေးကြုံ ပါက မိမိစောင့်ထိန်း ခဲ့သော သီလကို သစ္စာဆိုတိုင်တည်နိုင်ပါတယ်။မိဘခြေရာ တောင်းယူပေးစဉ် ဦးဆောင်သူမှ အောက်ပါ ဂါထာများကို ရွတ်ဖတ်ပူဇော်ပေးရပါမယ်။မိဘခြေရာယူစဉ်ရွတ်ဆိုရန်။ ။“ဒသမာသေ၊ ဥရေကတွာ၊ ဗပါသေတိ၊ ပုဎိကာရဏံ၊ အာယုဒီဃံ ဝဿသတံမာတု ပါဒံနမာမဟ္လံသာမာတာ” အကြင် အမိ သည် ဒသမာသေ–
ဆယ်လတိုင်တိုင်ဦးရေကတွာ– ရင်ဖြင့်ပိုက်လွယ်သည်ကိုပြု၍ ပုဎိကာရဏံ–ကြီးပွားခြင်းအကြောင်းကို ကတွာ– ပြု၍၊ ပေါသတိ– နို့ရည်တိုက်ကျွေးမွေးမြူပေး၏၊ဝဿသတံ– အနှစ်တစ်ရာတိုင်တိုင် ထိုအမိ၏
ပါဒံ– ခြေအစုံကို အဟံ– အကျွနု်ပ်သည် နမာမိ– ရိုသေမြတ်နိုး ရှိခိုးပါ၏။“ဗုသိကာရော၊ အလိဂ္ဂေတွာ၊ ဥပ္ပိတွာ ပီယပုတ္ထထံ၊ ရာဇပဇ္ဈံ၊ သုပတိဌံ ပီတုပါဒံနမာမဟ္လံ”ယာပီတု– အကြင်အဖသည် ဗုသိကာရော– ကြီးပွားကြောင်းကိုပြုလျှက်အလိဂ္ဂေတွာ– လည်ကို ဖက်၍ ဥပ္ပိတွာ– နမ်း၍ပီယပုတ္ထထံ– ချစ်လှ စွာသော သား ကို ရာဇပဇ္ဈံ– မင်းမှူးမတ်တို့၏အလယ်၌ သုပတိဌံ–ကောင်းစွာတည်စေ၏သော ပီတု– ထိုအဖ၏ ပါဒံ–ခြေအစုံကိုအဟံ– အကျွနု်ပ်သည် နမာမိ– ရိုသေမြတ်နိုး ရှစ်ခိုးပါ၏။ ထိုသို့ မိဘခြေရာ
တောင်းယူနေစဉ်မှာ မိဘတွေရဲ့မျက်နှာဇရာကို သံဝေဂရလိုက်သားသမီးတွေက ရိုသေလေးမြတ်စွာ ပူဇော်ကန်တော့တဲ့အတွက် ပီတိတွေ ဝေလိုက်နှင့်ပေါ့။သားသမီးတွေရဲ့ မျက်နှာမှာလည်း မျက်ရည်တွေ တဝိုင်းဝိုင်းနဲ့မို့ မင်္ဂလာအရှိဆုံးနဲ့ အပျော်ဆုံးဖြစ်နေမှာ အမှန်ပါ။
Credit