ရဲရဲတောက် ပါတယ်ဆိုတဲ့ အနုပညာသမားတွေဖတ်ဖို့သရပါမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာတေးနုယဉ်ကို သတ်ဖြတ်တယ်ဆိုတဲ့ ဆွဲချက်အမိန်နဲ့ တရားသူကြီးကသရပါမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ကျွန်တော့်ကိုြ ပစ်ဒဏ်အဖြစ် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခဲ့ပါတယ်တကယ်ဆိုရင် ကျွန်တော့်အနေနဲ့ တေးနုယဉ်အပေါ်မှာ သတ်ချင်တဲ့စိတ်ဖြစ်ပေါ်ဖို့ဝေးလို့ သေစေချင်တဲ့ စိတ်ဆန္ဒတောင် မြူတစ်မှုံသဲတစ်ပွင့်မရှိခဲ့ပါဘူးဗျာဒါပေမယ်လည်း ကျွန်တော့်ကြောင့် သူသေဆုံးခဲ့ရတာမို့ ကျွန်တော် ကိုယ်တိုင်ပဲ ရဲစခန်းကိုသွားပြီး ကျွန်တော်ကြောင့်သူသေဆုံးသွားရတယ်
ဆိုတဲ့အကြောင်းသတင်းသွားပို့ခဲ့တာပါကျေကျေနပ်နပ်ကြီး အဖမ်းခံခဲ့တာပါကျွန်တော့်ကြောင့်တေးနုယဉ်သေသွားခဲ့တဲ့အတွက်အဲဒီအချိန်တုန်းကဆိုရင် ကျွန်တော့်ကို ဝိုင်းဆဲခဲ့ကြတဲ့သူတွေ သိန်းသန်းမက ရှိခဲ့ကြပါတယ်
သူတို့တွေက တေးနုယဉ်သေဆုံးမှုအပေါ်မှာ နှမျောတသ ကျေကွဲ ဝမ်းနည်းကြပြီး ကျွန်တော့် အပေါ်မှာတော့ မိန်းကလေးတစ်ယောက်ကို နိုင်ထက်စီးနင်းလုပ် မုဒိန်းကျင့်ဖို့လုပ် နှိပ်ဆက်ညှင်းပန်း မုဒိန်းကျင့်ပြီး ရက်ရက်စက်စက် ယုတ်ယုတ်မာမာ စိတ်နဲ့ သတ်ပြစ်လိုက်တယ်ဆိုတဲ့ အတွေးတွေ ထင်ကြေးတွေ မှတ်ချက်တွေကလည်းရှိနေကြလေတော့ ပိုမုန်းကြ ပိုဆဲကြတာပေါ့ဗျာ
ကျွန်တော့်အပေါ်မှာလည်း ရွံရှာမုန်းတီးကြတဲ့ စိတ်ခံစားချက်နဲ့ ဒေါသဖြစ်ကြတယ်ပေါ့ဒါပေမယ့် တေးနုယဉ် သေဆုံးသွားရတဲ့အတွက် လောကကြီး တစ်ခုလုံးမှာ အကြေကွဲရဆုံး ဝမ်းအနည်းရဆုံး စိတ်အထိခိုက်ရဆုံး သူကို ပြောပါဆိုရင်ကျွန်တော်မှတစ်ပါး အခြားလူတစ်ယောက်မရှိနိုင်ပါဘူးတေးနုယဉ်ကို ကျွန်တော်က အင်မတန် အားကိုးပါတယ် အင်မတန်စေတနာ ထားပါတယ်ပြီးတော့ တအားကိုလည်း သံယောဇဉ် ကြီးလွန်းလှပါတယ် ထပ်ပြီးပြောရရင်တေးနုယဉ်ကို ကျွန်တော်က တော်တော်ကြီးလည်း ချစ်ပါတယ် ချစ်တာမှ တော်တော်ကြီးကိုချစ်တာပါ
အဓိပ္ပာယ်ပေါင်းဆုံပါဝင်နေတဲ့ အချစ်မျိုးနဲ့ကို သူ့အပေါ်မှာချစ်ပေးခဲ့တာပါဘယ်လောက်ပဲချစ်ချစ် မျှော်လင့်မထားတဲ့ ကံကြမ္မာရဲ့ အချိုးအကွေ့ တစ်ခုကြောင့် ကျွန်တော့်လက်ချက်နဲ့ တေးနုယဉ်သေဆုံးခဲ့ရပါတယ်ဒါကြောင့်မို့လည်း ကျွန်တော့်ကို တစ်သက်တစ်ကျွန်းအမိန့်ချတဲ့နေ့မှာ ကွမ်းစားမပျက်ခဲ့သလို အပြုံးလည်း မပျက်ခဲ့ပါဘူး
ကိုယ်ချစ်ရလွန်းတဲ့သူတစ်ယောက် ကိုယ့်လက်ချက်နဲ့ အသက်သေဆုံးသွားရတဲ့အချိန်ကစပြီး ကျွန်တော့် မှာရှိသမျှ ထိခိုက်ကြေကွဲ နာကျင်ပျော်ရွှင်ဝမ်းသာဝမ်းနည်း အစရှိတဲ့ စိတ်ခံစားချက်တွေအားလုံး သူနဲ့တစ်ပါတည်း သေဆုံးပျောက်ကွယ်သွားခဲ့ပြီပဲဗျာ
အဲ့ဒါကြောင့်မို့ ယောနုသေဆုံးသွားပြီဆိုတာကို သိလိုက်ရတဲ့အချိန်ကစပြီး တစ်ခြားသောသတင်းဆိုး ဆိုတဲ့အရာတွေက ကျွန်တော့စိတ်ကို လှုပ်ခါ တုန်ရင်သွားအောင် မစွမ်းဆောင်နိုင်ကြတော့ပါဘူး
တစ်သက်တစ်ကျွန်း အချခံလိုက်ရတဲ့နေ့တုန်းကဆိုရင်လည်း ထောင်ထဲကိုပြန်ရောက်တာနဲ့ ကျွန်တော်ကပိုက်ကျော်ခြင်းကွင်းထဲသွားပြီး ညနေငါးနာရီထိုးတဲ့အထိ ခြင်းခတ်နေခဲ့တာပါတေးနုယဉ်မသေဆုံးခင်မှာ ကျွန်တော့်ကြောင့် သူ့မှာဒဏ်ရာတွေအများကြီးရခဲ့ပါတယ်အဲ့ဒီဒဏ်ရာတွေရဲ့ဝေဒနာကြောင့် နာကျင်ပူလောင်မှုတွေကို သူခံစားခဲ့ရမှာပါဒါပေမယ့်လည်း ပြဿနာ ဖြစ်နေကြ ချိန်တုန်းက ကျွန်တော်ထိုးလိုက်မိတဲ့ကန်လိုက်မိတဲ့အချိန်မှာ သူကမျက်နှာတစ်ချက်မပျက်ခဲ့သလို နာကျင်မှုကြောင့်ညည်းညူးတာကိုလည်း တစ်ချက်ကလေး တောင်မှ ကျွန်တော်မကြားခဲ့ရပါဘူး
သူကအဲ့လိုမျိုး မအော်ခဲ့ မညည်း ခဲ့လေတော့ ကျွန်တော့်စိတ်ထဲမှာလည်း သူ့ကိုသေသွားဖို့မဆိုထားနဲ့ နာကျင်နေတယ်ဆိုတာကိုတောင် ကျွန်တော် ဘက်က မရိပ်မိခဲ့ပါဘူး မသိခဲ့ပါဘူးမတွေးခဲ့ပါဘူးအဲဒီလိုထူးခြားတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် မကြုံချင်မတွေ့ချင်တဲ့ အဖြစ်ဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရတာပါ
အဲဒါ ကြောင့်မို့လည်း ထောင်ထဲကိုရောက်တဲ့အချိန်မှာကျွန်တော်ချစ်ရလွန်းတဲ့ ကျွန်တော့် ညီမလေး တေးနုယဉ် သေဆုံးခါနီးအချိန်တုန်းက ခံစားသွားရတဲ့ပူလောင်မှုတွေကို သက်သာပါစေတော့ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ထောင်ထဲမှာ ရေကန်တွေအများကြီး ကျွန်တော်ဆောက်ပေးခဲ့ပါတယ်ညီမလေးတေးနုယဉ် အတွက် ရည်ရွယ်ခဲ့တာမို့ ကြွေးပြား ကဗျည်းမှာလည်း ကျွန်တော့် ညီမလေး တေးနုယဉ်ရဲ့နာမည်ကိုပဲ အလှူ့ရှင်အဖြစ် ထိုးပေး ခဲ့ပါတယ်
အင်းစိန်ထောင်ဆေးရုံဝင်းတစ်ခုထဲမှာကိုပဲ ရေကန်သုံးလုံးဆောက်ပေးခဲ့ပါတယ်အိပ်ဆောင် တစ် မှာလည်း ရေကန်တစ်လုံးဆောက်ပေးခဲ့ပါတယ် တစ်ဆောင်မှာဆောက်ပေးခဲ့တဲ့ ရေကန်ဆိုရင် သိန်းပေါင်း တစ်ရာ့သုံးဆယ်လောက်ကုန်ပါတယ်လူငယ်ဆောင်မှာလည်း ရေကန်တစ်လုံးဆောက်ပေးခဲ့ပါတယ် မချုပ်မှာလည်း ရေကန်တစ်လုံးဆောက်ပေးခဲ့ပါတယ်အိပ်ဆောင် ငါး မှာလည်း အဝီစိတွင်း တစ်တွင်းနဲ့ ရေကန်တစ်လုံး ဆောက်ပေးခဲ့ပါတယ်လှေလှော်အင်း ရဲဘက်စခန်းကို ရဲဘက်အကျဉ်းသားအဖြစ်ပါသွားစဉ်တုန်းကလည်း အဲဒီ့စခန်းရဲ့ကြက်မွေးမြူရေးခြံအမှတ်နှစ်မှာ ရေကန်တစ်လုံးဆောက်ပေးခဲ့ပါတယ်အင်းစိန်ထောင်ကနေ ထောင်တွင်းပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်း မရှိခဲ့ပေမယ့် အုပ်ချုပ်သူတွေရဲ့မလိုမုန်းထားစိတ်ဓာတ်တွေကြောင့် ကျွန်တော့်ကိုကော့သောင်းထောင်အထိ ပြောင်းပြစ်ခဲ့ကြပါတယ်
အဲဒီလိုမျိုးနန်းချခံခဲ့ရတဲ့အချိန်မှာလည်း တစ်ချက်ကလေးမှ အပြုံးမပျက်ခဲ့ပါဘူး ကော့သောင်းထောင်မှာက အင်မတန်ရေရှားပါတယ်အသစ်ထပ်ဆောက်တဲ့ အိပ်ဆောင်လေးမှာ ရေကန်တစ်လုံးနဲ့ အဝီစိတွင်းတစ်တွင်းတူးတဲ့အခါမှာလည်း ကုန်ကြမယ့်စရိတ်ရဲ့ တစ်ဝက်တိတိကိုပိုက်ဆံမတည်ပေးခဲ့ပါတယ်
ဒါလေးတွေကို ရေးပြနေတာက ကျွန်တော့ရင်ထဲမှာ ကြွားဝါချင်တဲ့စိတ် နှမ်းတစ်စေ့စာတောင်မရှိပါဘူး ကျွန်တော့်ကြောင့်ကွယ်လွန်သွားရရှာတဲ့တေးနုယဉ်အပေါ်မှာ ကျွန်တော့်ဘက်က ဘယ်လောက်အထိသံယောဇဉ်ကြီးတယ် ဘယ်လောက်အထိအလေးအနက်ထားတယ်
အဲဒီလိုကျင်းထဲကျက်ထဲနေရာမျိုးတွေမှာတောင် သူ့အတွက်ရည်စူးပြီးလုပ်ပေးခဲ့တယ်ဆိုတာလေးကို ကျွန်နော့်အပေါ်မှာ ချစ်ခင်ကြတဲ့ ခွင့်လွှတ်ပေးကြတဲ့အမြင်မှားနေကြတဲ့ အထင်လွဲနေကြတဲ့ ကျွန်တော့်ရဲ့ပရိတ်သတ်ကြီးကို သိစေချင်တာကြောင့်သူနဲ့ပတ်သတ်ပြီး ကျွန်တော့်ဘက်က လုပ်ပေးထားခဲ့တာလေးတွေထဲကမှ အစအနလောက်လေးကိုပဲရေးပြတာပါ
အဓိကကျွန်တော်ရေးပြချင်တာက ထောင်ထဲမှာ ကျွန်တော် ဘယ်လိုပုံစံမျိုးနဲ့ဖြတ်သန်းခဲ့သလဲဆိုတဲ့အကြောင်းပါစေတနာ ပါသည်ဖြစ်စေ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ကျွန်တော့်ကြောင့် တေးနုယဉ်သေခဲ့ရတာက အမှန်တရားပါအဲဒီတော့ ကျွန်တော်လည်းတစ်သက်တစ်ကျွန်း အချခံခဲ့ရတာပေါ့ဗျတစ်သက်တစ်ကျွန်းအချခံလိုက်ရလို့လည်း တစ်ချက်ကလေးတောင် ကျွန်တော် မတုန်လှုပ်ခဲ့ပါဘူး ခပ်အေးအေး ခပ်ပျော်ပျော်ပါပဲဟုတ်ပါတယ် ထောင်ထဲမှာနေခဲ့ရစဉ်တုန်းကဆိုရင် ကျွန်တော်က တကယ့်ကိုပဲ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူး ကျေကျေနပ်နပ်ကြီး နေလာခဲ့တာပါအဲ့ဒီစကားကို မယုံဘူးဆိုရင် ထောင်ထဲမှာခြောက်နှစ်ကျော်ကြာအောင်ေ နခဲ့ရတဲ့သူမို့ ကျွန်တော်နဲ့ အတူတူ အကျဉ်းသားဘဝကိုဖြတ်သန်းခဲ့ရတဲ့လူပေါင်း သိန်းချီရှိပါတယ်
ဘယ်သူ့ကိုပဲမေးမေး အဲဒီစကားက အမှန်ပါပဲလို့ သူတို့တွေက ပြောကြပါလိမ့်မယ်အမှန်တကယ်ကြီးကိုပဲေ ထာင်ထဲမှာနေခဲ့ရချိန်မှာ ကျွန်တော်ကေ ပျာ်ပျော်ပါးပါးကြီးေ ကျကျေနပ်နပ်ကြီးြ ဖတ်သန်းဖြစ်ခဲ့တာပါ ကုန်လွန်စေခဲ့တာပါနပေးခဲ့တာပါ
ဘာကြောင့်အဲဒီ့လိုမျိုးကျေကျေနပ်နပ်ကြီးေ နဖြစ်ခဲ့ရတာလည်းဆိုရင် ကိုယ်ချစ်ရလွန်း သူတစ်ယောက် ကိုယ့်လက်ချက်နဲ့ အသက်သေဆုံးသွားတာကြောင့်ကိုယ့်ကိုကိုယ် ဒဏ်ခတ်တဲ့အနေနဲ့ မနေသင့်တဲ့အရပ် မသင့်တော်တဲ့အရပ် မထိုက်တန်တဲ့အရပ်မှာေ ကျကျေနပ်နပ်ပျော်ပျော်ရွှင်ရွှင်ကြီးကို ကျွန်တော် နေပြစ်လိုက်တာပါ
ထောင်ထဲကို တစ်ခါမှမရောက်ဖူးတဲ့သူတွေက ဘုမသိဘမသိ ရူးကြောင်မူးကြောင်နဲ့ေြ ပာတက်ကြတဲ့စကားတစ်ခွန်းရှိပါတယ်အဲဒီ့စကားက ဘာလည်းဆိုရင်ေ ထာင်အပြင်တန်းမရှိဘူး ဆိုတဲ့စကားပဲဖြစ်ပါတယ်တစ်ကယ်ကတော့ေ ထာင်ထဲမှာေ ထာင်အပြင်ေြ ခကျင်းလည်းရှိတယ်ဒေါက်လဲရှိတယ် တန်းလည်းရှိတယ် တိုက်လည်းရှိပါတယ်ကျွန်တော်ဆိုရင်ေ ထာင်ထဲမှာတုန်းကေြ ခခြင်းလည်းဝတ်ခဲ့ဖူးသလို တိုက်ထဲမှာလည်း နေခဲ့ဖူးပါတယ်
ဒါပေမယ့်လည်း ဘယ်နေရာမှာ ဘယ်လိုပဲနေရနေရ တစ်ချက်ကလေးတောင်မတုန်လှုပ်ခဲ့သလို တစ်ချက်ကလေးတောင် အပြုံးမပျက်ခဲ့ပါဘူးထောင်ထဲမှာနေခဲ့ရစဉ် အချိန်ကာလတစ်လျောက်လုံး ကျားကကျားလိုပဲနေခဲ့ပါတယ် ကျွန်တော့်ရဲ့စိတ်ခံစားချက်ထဲမှာေ ယာနုကို ဆုံးမခဲ့စဉ် အချိန်တုန်းကသူ့ကို မသေစေချင်သလို မုန်းတီးတဲ့ခံစားချက် နာကျင်စေချင်တဲ့ ခံစားချက် တစ်စက်ကလေးတောင် မရှိခဲ့ပါဘူးသေပါစေတော့ရယ်လို့ ရည်ရွယ်ပြီးတော့လည်း သတ်ခဲ့တာမဟုတ်ပါဘူးဒါပေမယ့် ကျွန်တော့်ကြောင့် သူသေသွားခဲ့ရရှာပါတယ် အဲဒါကြောင့် ကျွန်တော့်မှာ အပြစ်ရှိတဲ့အတွက် ဥပဒေက ပေးတဲ့ အပြစ်ဒဏ်ကို ကျွန်တော့်ဘက်က ကျေကျေနပ်နပ်ကြီး ခံယူခဲ့ပါတယ်တစ်ချက်မှကိုအပြုံးမပျက်ခဲ့တာပါ ဒါတောင်ေ တးနုယဉ်ကိုသေအောင်သတ်ပြီးပေးတဲ့အပြစ်ကိုခံမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ သတ်ခဲ့တာမဟုတ်ပါဘူး
မတော်တဆဖြစ်သွားတဲ့ ရလဒ်တစ်ခုရဲ့ အကျိုးဆက်ကိုအပြုံးမပျက် မတုန်မလှုပ်ခံယူပေးဆက်ခဲ့တာပါ ကိုယ်လုပ်ခဲ့မိရင် ကိုယ့်အလှည့်ကျရင်လည်းကျေကျေနပ်နပ် ရဲရဲဝံ့ဝံ့ကြီးခံရဲကြရမှာပေါ့ဗျာအခုတော့ နိုင်ငံရေးလုပ်ရင် အဖမ်းခံရမယ် ဆိုတာလည်းသိတယ် တပ်မတော်ကြီးကို မိုက်မိုက်ရိုင်းရိုင်း ညစ်ညစ်ညမ်းညမ်း ဆဲဆိုကြရင် အပြစ်ဖြစ်မယ်ဆိုတာကိုလည်းသိတယ်
အခန့်မသင့်ရင် အမှု့ဖွင့်ခံရပြီး တရားဆွဲခံရမယ် အဖမ်းခံရမယ်ထောင်ကျကြရမယ်ဆိုတာကိုလည်း ကြိုသိနေခဲ့ကြတယ်သိသိကြီးနဲ့ လက်ခုပ်သံတွေ လိုချင်တာကြောင့် လုပ်တုန်းက လုပ်ခဲ့ကြပြီးမှ ဝရမ်းထုတ်ပြီ အမှုဖွင့်ပြီ အဖမ်းခံရမယ်လည်းဆိုရော ရဲရဲတောက်တွေကထွက်ပြေးကြပါလေရောဝရမ်းအထုတ်ခံရ အမှု့ဖွင့်ခံရပြီးထောင်ကြရတော့မယ် ဆိုတာလည်းသိရော ခံဝန်ကတိတွေထိုးကြ မျက်ရည်တွေ ကြပြကြနဲ့
ဒါလားဗျာ ရဲရဲတောက်နီတဲ့အနုပညာရှင် နိုင်ငံရေးသမားကြီးတွေဆိုတာေ အာက်မှာတင်ထားတဲ့ပုံက တိုက်ထဲမှာတုန်းက ရိုက်ထားခဲ့တဲ့ ဓာတ်ပုံအစစ်ပါခင်ဗျာရှူတင်မှာ အိုက်တင်လုပ်နေတဲ့ပုံ မဟုတ်ပါဘူးခင်ဗျ ကျားက ကျားလိုနေခဲ့တယ်ဆိုတာ မယုံကြဘူးဆိုရင်ထောင်ထဲမှာ အဲဒီလို ဓာတ်ပုံမျိုး ရိုက်ခွင့်ရဖို့လွယ်မလားဆိုတာထောင်ကျခဲ့ဖူးတဲ့ သူတွေကိုသာေ မးကြည့်လိုက်ကြပေါ့ဗျာ
Credit