Knowledge

11.Nov.2021 မှ 17.Nov.2021 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

11.Nov.2021 မှ 17.Nov.2021 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီအပတ်ထဲ အပြောင်းအလဲဆိုတာမျိုးတွေကြုံရတတ်ပါတယ်။ အလုပ်ပြောင်းနေရာပြောင်း၊ရုံးခန်းပြောင်း တွေကြုံရလေ့ရှိပါတယ်။ အလုပ်တစ်ခုကနေထွက်ပြီးအသစ်ပျိုးလုပ်ရတာမျိုးတွေကြုံရတတ်ပါတယ်။

ငွေကြေးနဲ့ ပတ်သက်ပြီး မိသားစုကြောင့်ငွေကုန်ကြေးကျများရတတ်ပါတယ်။မိဘအတွက်ငွေကုန်ရတာမျိုးတွေဖြစ်တတ်ပါ တယ်။အလုပ်နဲ့ပတ်သက်တဲ့ အခက်အခဲတွေက ကိုယ့်ကြောင့်ထက် ကိုယ့်အထက်လူကြီးကြောင့် ဖြစ်ရတာများပါ လိမ့်မယ်။ရပ်ဝေးက ကိစ္စတော်တော်များများ အခက်အခဲတွေများရတတ်ပါတယ်။ အကြံအစည်စိတ်ကူးကောင်း တွေကို မိမိအနေနဲ့ အများကိုထုတ်မပြောလိုက်ပါနဲ့။သူတစ်ပါးက မိမိအကြံကို မိမိမလုပ်ခင် အကောင်အထည်ဖော် သွားတတ်ပါတယ်။ အလိုလိုနေရင်းစိတ်ညစ်နေလိမ့်မယ်။ ဟိုဟာလုပ်ရကောင်းနိုးနိုး ၊ဒီဟာလုပ်ရကောင်းနိုးနိုးဖြစ် နေပါ လိမ့်မည်စိတ်ပန်းလူပန်းဖြစ်ရတတ်ပါတယ်။ ကျန်းမားရေးအားနည်းတဲ့ကာလတွေပါ။

ရေချိုးမှားခြင်း၊ အပူ ရှပ်ခြင်း၊ အအေးပတ်ခြင်းတွေဖြစ်လွယ်ပါတယ်။ အလုပ်ပြောင်း၊နေရာပြောင်းကြုံရတတ်သည်။ ခရီးကိစ္စပူပန်ရ တတ် သည်။ ချစ်သူဆီကအဆက်အသွယ်မလုပ်တာမျိုးကြုံရမည်။

နီးနေသူများချစ်သူ့၏ နွဲ့ဆိုးဆိုးခြင်း ခံရပါ လိမ့်မည်။ လင်မယားချင်းတော့ ပြဿ နာဖြစ် စကားများရပါလိမ့်မယ်။ အကျိုးပေးဂဏန်း. ၂၊၇၊၉အထူးဟော .ဗျာများရတတ်သည်။ယတြာ .လမ်းပေါ်လျှောက်သွားနေသော အရူးတစ်ယောက်အား အာဟာရဒါနပြုပါ။

တနင်္လာ

ကံမြင့်မားနေတတ်ပြီး လုပ်ကိုင်ဆောင်ရွက်သမျှ အဆင်ပြေချောမွေ့တတ်ပါတယ်။ ချစ်လို့ခင်လို့ကူညီကြသူ တွေလဲ အများအပြားကြုံရတတ်ပါတယ်။ ရေလုပ်ငန်း၊ရေထွက်ကုန်နှင့် ကလေးပစ္စည်း အရောင်းဆိုင်များအရောင်း သွက်ပါလိမ့်မယ်။ အညွှန့်တလူလူ တက်နေတဲ့ကာလမို့ စီးပွားရေးအကြံအစည်သစ်တွေစတင်အကောင်အထည်ဖော် လို့ကောင်းတဲ့ကာလပါ။ မင်္ဂလာကိစ္စ၊ မေတ္တာရေးကိစ္စ၊အလှူအတန်းကိစ္စတွေ ဆွေးနွေးဆောင်ရွက်အကောင်အထည် ဖော်လို့သင့်တဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။အရင်ကတည်းက အားလုံးအပေါ်မေတ္တာထားသူတွေ ဒီကာလမှာပိုမို အဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။ ကံအကောင်းဆုံးကာလတွေပါပဲ။ စိတ်ချမ်းမြေ့စရာများပျော်ရွှင်စရာများကြုံ ရပါလိမ့်မယ်။ ဘာသာရေးကိစ္စ၊ပရဟိတကိစ္စ အထူးလုပ်ဖြစ်ပါလိမ့်မည်။ အလုပ်တိုးတတ်ခြင်း ၊တာဝန်ကြီးအပေးခံ ရခြင်းမျိုးကြုံရပါလိ့မ်မည်။ အထက်လူကြီး၏ ချစ်ခင်ခြင်းခံရမည်။ အရေးကြီးသောကိစ္စများ ဆောင်ရွက်သင့်တဲ့ အချိန်ပါပဲ။

ချစ်သူနှစ်ဦးအတွက် ဆွတ်ပျံ့ကြည်နူးစရာအကောင်းဆုံးအချိန်ပါ။လက်ဆောင်ရခြင်း ၊ ကံစမ်းမဲပေါက် ခြင်းတွေရှိပါလိမ့်မည်။ အိမ်ထောင်ရေးမှာ အဆင်ပြေပေမဲ့ ဆွေမျိုးတွေရဲ့ဒုက္ခပေးခြင်းခံရမယ်။ ကျန်းမာ‌ရေးမှာ တော့ ရေမှန်မှန်ချိုးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးဦးစားပေးပါ။ အကျိုးပေးဂဏန်း .၂၊၆၊၈အထူးဟော .စန်းပွင့်နေမည် ယတြာ .နှင်းဆီ ၇ ပွင့်ဘုရားလှူပါ

အင်္ဂါ

စိတ်ကူးကောင်း၊အကြံအစည်ကောင်းတွေရလာတတ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက်မှုတွေမှန်သမျှ မြန်မြန် ဆန်ဆန်နဲ့ ပြီးမြောက်မှုတွေကြုံရတတ်ပါတယ်။ အလုပ်အကြွေးတွေများနေသူများ စိတ်ချမ်းသာရမဲ့အချိန်ကာလပဲ ဖြစ်ပါတယ်။ အလုပ်ပိုတွေ၊ကိစ္စပိုတွေကို မိမိအောက်လက်ငယ်သားတွေအကူအညီနဲ့ဆောင်ရွက်နိုင်ပါလိမ့်မယ်။ လူချစ်လူခင်များနေတဲ့အတွက်မိတ်ဆွေတွေ၊ဖောက်သည်တွေ တိုးလာတတ်ပါတယ်။အလုပ်ကောင်း နေရာကောင်း တွေရလာတတ်ပါတယ်။ချစ်လို့နေရာပေးတာမျိုးတွေကြုံရတတ်ပါတယ်။ မိမိဝယ်ချင်တဲ့ စက်ပစ္စည်းတွေ၊ အိုင်တီ ပစ္စည်းတွေကို ဝယ်မယ်ဆို ဒီအပတ်မှာဝယ်ယူလို့အထူးကောင်းပါတယ်။ အချစ်ရေးကိစ္စ ရှုပ်ထွေးမဲ့ကာလပါ။

ငါးရံနှစ်ကောင်ဖမ်းချင်သူတွေအတွက် ဟိုမမှီ၊ဒီမမှီဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်များ စန်းပွင့်နေတဲ့အတွက် ဆင်ခြင်ပြီးနေမှတော်ကာကြပါလိမ့်မယ်။အလုပ်ထဲမှာ အမျိုးသမီးကြီးတစ်ဦး၏အကူအညီရမည်။ အိမ်ထောင်ဘက်နဲ့ စကားတကျက်ကျက်များရပါလိမ့်မယ်။

အလုပ်စီးပွားကတော့ အထူးကောင်းနေပါတယ်။ လုပ်ငန်းအသစ် တွေစတင်နိုင်ပါလိမ့်မယ်။ စာမေးပွဲ၊အင်တာဗျူး၊ပညာရေးကိစ္စများအခက်ကြုံရပါလိမ့်မယ်။ ဘုရားဖူးခရီးများ၊အလှူ မင်္ဂလာဆောင်နဲ့ သက်ဆိုင်သောခရီးများထွက်ရပါလိမ့်မယ်။ ကျန်းမာရေး ဂရုစိုက်ဖို့လိုအပ်တဲ့ကာလပဲဖြစ်ပါတယ်။အကျိုးပေးဂဏန်း. ဝ၊၅၊၆အထူးဟော .အဘက်ဘက်ကအဆင်ပြေနေမည် ယတြာ .သစ်သီးယို ၆ မျိုးဘုရားလှူပါ

ဗုဒ္ဓဟူး/ရာဟု

ဒီအပတ်ထဲအခက်အခဲတွေ၊ဖိအားတွေများနေတာတွေ့ရပါတယ်။ အရင်ကတည်းကစိတ်ဓာတ်မာကြောသူ တွေအနေနဲ့ အေးအေးဆေးဆေးဖြတ်သန်းနိုင်ပါလိမ့်မယ်။ တစ်ခုသတိထားရမှာက ဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ် တွေလုပ်ကြသူတွေကတော့သတိထားရမဲ့ကာလပါ။ ကြံစည်ထားတာလေးတွေ တေ့လွဲလွဲနေတတ်ပါတယ်။ ငွေကြေး အကူအညီတွေတော့ ရလာတတ်ပါတယ်။ ငွေကြေးချေးငှားရလွယ်ကူတတ်ပါတယ်။

စိတ်ကူးထားသမျှ အရာထင်အောင်မြင်ဖို့ ခဏတော့သည်းခံရလိမ့်မယ်။ ရွှေဝယ်တာမျိုးတော့ဒီအပတ်ထဲရှောင်စေချင်ပါတယ်။ သား သမီးအတွက် စိတ်ပူပန်ရတာမျိုးတွေဒီကာလမှာကြုံတွေ့နိုင်ပါတယ်။

ရည်မှန်းချက်တွေနှောင့်နှေးတတ်ပါတယ်။ မိမိစိတ်ကူးမိမိ မျှော်လင့်ချက်တွေအကောင်ထည်ဖော်ဖို့ကြန့်ကြာပါလိမ်မယ်။ ချစ်သူချင်းနာလည်မှု တွေလွဲနေတတ် တယ်။ အလုပ်ကိစ္စ၊အင်တာဗျူးကိစ္စတွေမှာ အခက်အခဲကြုံရပါလိမ့်မယ်။အလုပ်ရှာနေသူများ အလုပ်ရဖို့ကြာလိမ့် မယ်။ဖခင်ကျန်းမာရေး ညံ့တတ်တဲ့အတွက်ဂရုစိုက်စေချင်ပါသည်။ အချစ်ရေးမှာ ပုံမှန်မဟုတ်ဘဲချစ်သူနဲ့ခိုးရာ လိုက်ချင်တာမျိုး စိတ်ကဖြစ်လာရင် မလုပ်ဖို့တားချင်ပါတယ်။ အခြေအနေအဆိုးတွေကြုံရတတ်ပါတယ်။အကျိုးပေးဂဏန်း . ၁၊ဝ၊၄အထူးဟော .ကျန်းမာရေးညံ့နေသည် ယတြာ .ခရီးသွားမည့်သူအားခရီးစရိတ် တတ်နိုင်သလောက်ထောက်ပံ့လိုက်ပါ။

ကြာသပတေး

လွတ်လပ်မှုပေါ့ပါးမှုတွေကို ခံစားရလိမ့်မယ်။ အပျော်ခရီးတွေသွားရတာ ဘုရားဖူးခရီးတွေသွားရတာမျိုး တွေကြုံရတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီး ရပိုင်ခွင့်တွေရလာလိမ့်မယ်။ ထီပေါက်တာမျိုး၊ကံစမ်းမဲပေါက်တာ မျိုးတွေကြုံနေရတတ်ပါတယ်။ အမှုအခင်း၊အချုပ်အနှောင်ကြုံနေရသူတွေ ဒီကာလမှာဖြေရှင်းဖို့လွယ်ကူသွားပါ လိမ့်မယ်။ သတိထားရမှာက ဆရာအတုအယောင်တွေနဲ့တွေ့တတ်ပါတယ်။

မိမိကို ပိပိရိရိလိမ်လည်တာမျိုးတွေကြုံ ရတတ်ပါတယ်။ သားသမီးတွေ အဆင်မပြေလို့ ငွေကြေးထောက်ပံ့ရတာမျိုးတွေကြုံရတတ်ပါတယ်။ အောက်လက် ငယ်သားတွေရဲ့ ချစ်ခင်မှု၊လေးစားမှု၊အမိန့်နာခံမှုကို ခံစားရပါလိမ့်မယ်။ ရေစက်ချပွဲ ၊အလှူပွဲများကျင်းပနိုင်ပါလိမ့် မယ်။ချင့်ချိန် စဉ်းစားပြီးမှ ဘာမဆိုရှေးတိုးဆောင်ရွက်ပါ။ အရေးကြီးသောကိစ္စ ၊ စာချုပ်စာတမ်းကိစ္စ တွေအတွက် ရက်ရွေ့သင့်ပါတယ်။

လုပ်ငန်းစီးပွားအနှောက်အယှက်တွေ့လိမ့်မယ်။ လုပ်ငန်းပြိုင်တွေရဲ့သွားပုပ်လေလွင့် ပြောဆို ခြင်း ခံရမည်။ ငွေကုန်ကြေးကျများတတ်သည်။ မိမိစုဆောင်းထားသောငွေများ ထုတ်သုံးရသည်အထိ ငွေပြတ်သွား လိမ့်မည်။ ချစ်သူနဲ့မျက်နှာချင်းဆိုင်တာနဲ့စကားများရလိမ့်မည်။အကျိုးပေးဂဏန်း. ၃၊၈၊၄ အထူးဟော .အကြံအစည်ပျက်တတ်သည်။ယတြာ သြဇာညွှန့် ၄ညွှန့် ဘုရားလှူပါသောကြာ

နားလည်ထားသမျှ၊ မိမိတက်ကျွမ်းသမျှတွေကို အစွမ်းကုန်ထုတ်သုံးပြီးအောင်မြင်အောင်လုပ်သင့်တဲ့ကာလ ပါပဲ။ ငွေကြေးနဲ့စာရင်းဇယားတွေကောင်းစွာကိုင်တွယ်နိုင်ပါလိမ့်မယ်။ အလုပ်စီးပွားတွေ တိုးတတ်နိုင်တာမို့ မိမိက အစွမ်းကုန်စိတ်နှစ်ပြီးလုပ်ကိုင်ဖို့လိုပါတယ်။ တစိမ်းအမျိုးသမီးတွေရဲ့ အကူအညီတွေရလာနိုင်ပါတယ်။ ဇိမ်ခံပစ္စည်း များလက်ဆောင်ရလာတတ်ပါတယ်။ ဝန်ထမ်းအလုပ်ရာထူးတိုးတတ်မည်။ လုပ်ငန်းများချဲ့ထွင် နိုင်မည်။အလုပ်မှ အကျိုးအမြတ် ရလိမ့်မယ်။ အဘက်ဘက်မှငွေဝင်လိမ့်မယ်။

လုပ်ဖော်ကိုင်ဖက်တွေနှင့် အဆင်ပြေမည်။ စိတ်ကူး ထား သော ၊ကြံစည်ထားသောကိစ္စများလက်တွေ့ အကောင်အထည်ဖော်သင့် တဲ့ ကာလ ထဲပါ။ အာမခံတာ ၊တာဝန် ယူတာ ၊အသင်းအဖွဲ့ ငွေတွေလက်ခံတာမျိုးမလုပ်ပါနဲ့ ပြဿနာတတ်ပါလိမ့်မယ်။ မိတ်ဆွေတွေရဲ့အကူအညီဖြင့် လုပ်ငန်းစီးပွားတိုးတတ်မည်။ အထက်လူကြီး၏ထောက်ခံမှုဖြင့် အလုပ်တွင်ရာထူး တိုးမည်။ အိမ်ထောင်ရေးသာယာ မည်။ အိမ်ထောင်သည် များခြေမရှုပ်ပါနှင့်။

ချစ်သူနဲ့ သွေး အေး နေလိမ့်မယ်။ ချစ်သူမရှိသေးသူများ/ချစ်သူနဲ့ဝေးနေ သူများ ချစ်သူသစ်ရ လိမ့်မည်။ စန်းပွင့်နေသောကြောင့် ချစ်ရေးဆိုခြင်းခံရလိမ့်မည်။ ထီဝါသနာပါသူများထီထိုး သင့် တဲ့ကာလပါပဲ။ ၂၊၄ များများပါသောထီဂဏန်းရွေးထိုးပါ။နှစ်ပေါင်းများစွာခွဲခွာနေရသော သူငယ်ချင်းနှင့်ပြန်ဆုံတတ် သည်။အကျိုးပေးဂဏန်း .၂၊၈၊၄ အထူးဟော .ကံအထူးကောင်းနေပါလိမ့်မယ် ယတြာ နံနက်စောစော အရုဏ်ဆွမ်းထလောင်းလှူပါ

စနေ

အကြံအစည်ပျက်လွယ်သည်။ကျန်းမားရေးအားနည်းနေသည်။ဗိုက်အောက်၊ဗိုက်နာဖြစ်တတ်ပါတယ်။ဘာကိစ္စပဲကြုံကြုံ အလျင်စလိုမဆုံးဖြတ်ပါနှင့်။ ကိုယ်တိုင်ဆုံးဖြတ်ခြင်းထက်သူများဆီကအကြံဉာဏ်ယူပြီး

ဆုံးဖြတ်ရမဲ့ ကာလ ပါ။ ချစ်သူနဲ့စိတ်ဝမ်းကွဲပါလိမ့်မယ်။ ချစ်သူချင်း ခွဲခွာနေရတတ်ပါသည်။ အဆက်အသွယ်မလုပ်တဲ့ချစ်သူ ကြောင့် စိတ်ညစ်ရပါလိမ့်မယ်။ သတိရစရာ လွမ်းဆွတ်စရာတွေပြည့်နှက်နေမဲ့ကာလပါ။အလုပ်အသစ် မစတင်ပါ နှင့်။အလုပ်ထဲမှာ မိမိကိုမနာလိုသူတွေ အုပ်စုဖွဲ့ချောက်ချတာမျိုးကြုံရတတ်တဲ့အတွက်သတိရှိပါ။ လှုပ်ရှား မှုများမဲ့ ကာလတွေပါ။ အငြိမ်မနေရဖြစ်ပါလိမ့်မယ်။ မိသားစုအတွင်း စိတ်ချမ်းသာစရာ ကိစ္စ များဖြစ်ပေါ်မည်။ အလုပ် ပိုတွေ ၊လူမှုရေးကိစ္စတွေကြောင့် မနားရမဲ့ကာလပါ။ ငွေမချေးပါနှင့်။ အားနာလို့၊ လူရင်း မို့လို့ဆိုပြီး ငွေ ချေးပါက ဆုံးတတ်ပါသည်။ အလုပ်ပြောင်းရ ၊ဌာနပြောင်း တာမျိုးကြုံရတတ်ပါတယ်။

လူရင်းတွေ ၊ အနီးကပ် မိတ်ဆွေ တွေရဲ့ဒုက္ခပေးခြင်းကိုခံရပါလိမ့်မယ်။သူတစ်ပါးပြဿနာကြားဝင် ဖြေရှင်း ရပါလိမ့်မည်။ အလုပ်နဲ့ ပတ် သက်ပြီး ခရီးယာယီကြုံရတတ်သည်။ မိသားစုအတွင်းတစ်ယောက်တစ်ပေါက်

ဖြစ် နေလိမ့်မည်။ မောင်နှမ အချင်း ချင်းစိတ်ဝမ်းကွဲလိမ့်မည်။ မနိုင်ဝန်ထမ်းရမဲ့ကာလပါ။ အလုပ်ဝန်ပိနေပါလိမ့်မယ်။အကျိုးပေးဂဏန်း . ၃၊၆၊၇အထူးဟော . ကံညံ့နေသည် ယတြာ .ရဟန်းတစ်ပါးကို အားဆေးတစ်ဘူး လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 // 09 44 5555 695

Credit