Local News

အာဏာသိမ်းစစ်ခေါင်းဆောင်များကို တရုတ်ဖိအားစပေးပြီ

အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့်စပ်လျဉ်းပြီး တရုတ်အတွက် ရှားရှားပါးပါးဆောင်ရွက်ချက်ဖြစ်ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရေးအချက်ပါသည့် ။

ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏တောင်းဆိုချက်ကိုအာဏာသိမ်းစစ်ခေါင်းဆောင်များ လိုက္နာဖို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကုလကြေညာချက်အပြည့်အစုံဖြင့် ဖော်ပြတောင်းဆိုလိုက်သည်။

ယမန်နေ့ညက မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဖော်ပြခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့်စပ်လျဉ်းပြီး တရုတ်အတွက် ရှားရှားပါးပါးဖော်ပြချက်တစ်ခုဖြစ်သွားသည။

ဖော်ပြချက်အပြည့်အစုံမှာ မြန်မာနိုင်ငံတွင်းအခြေအနေနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီ၏ထုတ်ပြန်ချက်အောက်ပါလုံခြုံရေးကောင်စီ၏ကြေညာချက်ကို ကောင်စီဥက္ကဌ ဘာဘရာဝုဒ်ဝဒ် (The United Kingdom) က ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် အခြားသူများအပါအဝင် အစိုးရအဖွဲ့ဝင်များကို၊

 တပ်မတော်ကမတရားဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခြင်းကို လုံခြုံရေးကောင်စီအဖွဲ့များအနေဖြင့် နက်နက်ရှိုင်းရှိုင်းစိုးရိမ်ပူပန်ကြောင်း ဖော်ပြလိုက်သည်။

ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် ကောင်စီအဖွဲ့ဝင်များအားလုံးကတောင်းဆိုလိုက်သည်။မြန်မာနိုင်ငံအတွင်း ဒီမိုကေရစီ အသွင်ကူးပြောင်းမှုကို ဆက်လက်အားပေးထောက်ခံရန် လိုအပ်ကြောင်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များက အထူးအလေးပေးပြောကြားခဲ့ကြသည်။

ဒီမိုကရေစီအင်စတီကျူးရှင်းများနှင့် လုပ်ငန်းစဉ်များကို ဆက်လက်ကိုင်ထားရန်၊ အကြမ်းဖက်မှုကိုရှောင်ရှားရန်နှင့် လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နှင့် ဥပဒေစိုးမိုးရေးတို့ လိုအပ်ကြောင်းကို အဖွဲ့ဝင်များကအထူးအလေးထားပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံသူနိုင်ငံသားများ၏ ဆန္ဒနှင့်အကျိုးစီးပွားများအရ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ရင်ကြားစေ့ရေးကိုဖော်ဆောင်ရန် အဖွဲ့ဝင်များကတိုက်တွန်းအားပေးခဲ့ကြသည်။အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သတင်းထောက်များနှင့်မီဒီယာသမားများအပေါ် ကန့်သတ်ချက်များအတွက် စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင်များကထုတ်ဖော်ပြောကြားခဲ့ကြသည်။

ကုလသမဂ္ဂ ကယ်ဆယ်ရေး လေယာဉ်များ ပျံသန်းမှုလုပ်ငန်း ပြန်လည်ဖော်ဆောင်ရေးအပါအဝင် လိုအပ် သော ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လုံခြုံစွာနှင့် နှောင့်နှေး ကြန့်ကြာမှုမရှိဘဲ ရောက်ရှိစေရန် တောင်းဆိုလိုက်သည်။

ဒေသတွင်းဆိုင်ရာအဖွဲ့အစည်းများ၊ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံအဖွဲ့အစည်းများ (အာဆီယံ) ၏ ခိုင်မာသောအားပေးထောက်ခံမှုကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ထပ်လောင်းပြောကြားခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက္က ထုတ်ပြန်ကြေညာခဲ့သော အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်ကို ကြိုဆိုခဲ့ကြသည်။

အေထြေထြ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန္က၏ ကောင်းမွန်သောဆောင်ရွက်မှုကို အားပေးထောက်ခံမှုအကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းအကြပ်အတည်းများဖြစ်ပွားရခြင်း၏ အခြေခံအကြောင်းရင်းကို ကိုင်တွယ်ဖြေရှင်းရန်နှင့် နေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံရန်၊ ၎င်းတို့၏သဘောဆန္ဒအရ ဂုဏ်သိက္ခာရှိစွာနေရပ်ပြန်လာနိုင်ရန် လိုအပ်သောအခြေအနေများ ဖန်တီးပေးရေးတို့ လိုအပ်ကြောင်းကိုလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ထပ်လောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နိုင်ငံရေးလွတ်လပ်ရေး၊ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် စည်းလုံးညီညွတ်ရေးအတွက်ထားရှိသည့် ၎င်းတို့၏ခိုင်မာသောကတိကဝတ်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ထပ်လောင်း၍ အခိုင်အမာအတည်ပြုခဲ့ကြသည်”ဖြစ်သည်။

Myanmar Harp Media

အာဏာသိမ်းစစ်ခေါင်းဆောင်များကို တရုတ်ဖိအားစပေးပြီအာဏာသိမ်းစစ်ခေါင်းဆောင်များနှင့်စပ်လျဉ်းပြီး တရုတ်အတွက် ရှားရှားပါးပါးဆောင်ရွက်ချက်ဖြစ်ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရေးအချက်ပါသည့်၊

ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏တောင်းဆိုချက်ကိုအာဏာသိမ်းစစ်ခေါင်းဆောင်များ လိုက္နာဖို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကုလကြေညာချက်အပြည့်အစုံဖြင့် ဖော်ပြတောင်းဆိုလိုက်သည်။

ယမန်နေ့ညက မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဖော်ပြခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့်စပ်လျဉ်းပြီး တရုတ်အတွက် ရှားရှားပါးပါးဖော်ပြချက်တစ်ခုဖြစ်သွားသည်။

ဖော်ပြချက်အပြည့်အစုံမှာ မြန်မာနိုင်ငံတွင်းအခြေအနေနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီ၏ထုတ်ပြန်ချက်အောက်ပါလုံခြုံရေးကောင်စီ၏ကြေညာချက်ကို ကောင်စီဥက္ကဌ၊

ဘာဘရာဝုဒ်ဝဒ် (The United Kingdom) က ထုတ်ပြန်လိုက်သည်။ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊

သမ္မတဦးဝင်းမြင့်နှင့် အခြားသူများအပါအဝင် အစိုးရအဖွဲ့ဝင်များကို တပ်မတော်ကမတရားဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခြင်းကို လုံခြုံရေးကောင်စီအဖွဲ့များအနေဖြင့် နက်နက်ရှိုင်းရှိုင်းစိုးရိမ်ပူပန်ကြောင်း ဖော်ပြလိုက်သည်။

ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် ကောင်စီအဖွဲ့ဝင်များအားလုံးကတောင်းဆိုလိုက်သည်။မြန်မာနိုင်ငံအတွင်း ဒီမိုကေရစီ အသွင်ကူးပြောင်းမှုကို ဆက်လက်အားပေးထောက်ခံရန် လိုအပ်ကြောင်းကို၊

လုံခြုံရေးကောင်စီအဖွဲ့ဝင်များက အထူးအလေးပေးပြောကြားခဲ့ကြသည်။ဒီမိုကရေစီအင်စတီကျူးရှင်းများနှင့် လုပ်ငန်းစဉ်များကို ဆက်လက်ကိုင်ထားရန်၊ အကြမ်းဖက်မှုကိုရှောင်ရှားရန်နှင့် လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နှင့် ဥပဒေစိုးမိုးရေးတို့ လိုအပ်ကြောင်းကို အဖွဲ့ဝင်များကအထူးအလေးထားပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံသူနိုင်ငံသားများ၏ ဆန္ဒနှင့်အကျိုးစီးပွားများအရ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ရင်ကြားစေ့ရေးကိုဖော်ဆောင်ရန် အဖွဲ့ဝင်များကတိုက်တွန်းအားပေးခဲ့ကြသည်။

အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သတင်းထောက်များနှင့်မီဒီယာသမားများအပေါ် ကန့်သတ်ချက်များအတွက် စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင်များကထုတ်ဖော်ပြောကြားခဲ့ကြသည်။

ကုလသမဂ္ဂ ကယ်ဆယ်ရေး လေယာဉ်များ ပျံသန်းမှုလုပ်ငန်း ပြန်လည်ဖော်ဆောင်ရေးအပါအဝင် လိုအပ် သော ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လုံခြုံစွာနှင့် နှောင့်နှေး ကြန့်ကြာမှုမရှိဘဲ ရောက်ရှိစေရန် တောင်းဆိုလိုက်သည်။ဒေသတွင်းဆိုင်ရာအဖွဲ့အစည်းများ၊

အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံအဖွဲ့အစည်းများ (အာဆီယံ) ၏ ခိုင်မာသောအားပေးထောက်ခံမှုကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ထပ်လောင်းပြောကြားခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက္က ထုတ်ပြန်ကြေညာခဲ့သော အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်ကို ကြိုဆိုခဲ့ကြသည်။

အေထြေထြ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန္က၏ ကောင်းမွန်သောဆောင်ရွက်မှုကို အားပေးထောက်ခံမှုအကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းအကြပ်အတည်းများဖြစ်ပွားရခြင်း၏ အခြေခံအကြောင်းရင်းကို ကိုင်တွယ်ဖြေရှင်းရန်နှင့် နေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံရန်၊

၎င်းတို့၏သဘောဆန္ဒအရ ဂုဏ်သိက္ခာရှိစွာနေရပ်ပြန်လာနိုင်ရန် လိုအပ်သောအခြေအနေများ ဖန်တီးပေးရေးတို့ လိုအပ်ကြောင်းကိုလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ထပ်လောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နိုင်ငံရေးလွတ်လပ်ရေး၊ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် စည်းလုံးညီညွတ်ရေးအတွက်ထားရှိသည့် ၎င်းတို့၏ခိုင်မာသောကတိကဝတ်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ထပ်လောင်း၍ အခိုင်အမာအတည်ပြုခဲ့ကြသည်”ဖြစ်သည်။

Myanmar Harp Media