Local News

ရာခိုင်နှုန်း ပိုတောင်းတဲ့ Wave Money ကိုယ်စားလှယ်တွေကို အရေးယူပြီ

ရာခိုင်နှုန်း ပိုတောင်းတဲ့ Wave Money ကိုယ်စားလှယ်တွေကို အရေးယူပြီရာခိုင်နူန်းပိုတောင်းတဲ့ Wave money ကိုယ်စားလှယ် ၈၀၀ ကျော်ကို ကိုယ်စားလှယ်အဖြစ်မှ ရပ်ဆိုင်းလိုက်ပြီဟုထုတ်ပြန်ငွေပိုမိုကောက်ခံသည့် Wave Money ကိုယ်စားလှယ် ၈၁၂ ဦးကို တာဝန်မှ ရပ်စဲထားပြီး ၈,၉၆၅ ဦးကို ဖုန်းခေါ်ဆို သတိပေးထားအသုံးပြုသူ ဖောက်သည်တွေထံက ထပ်ဆောင်းဝန်ဆောင်မှု ငွေပိုမိုကောက်ခံနေတဲ့ Wave Money ကိုယ်စားလှယ် ၈၁၂ ဦးကို တာဝန်က ရပ်စဲထားပြီး ကိုယ်စားလှယ် ၈,၉၆၅ ဦးကို Call Centre မှတဆင့် ဖုန်းခေါ်ဆိုပြီး သတိပေးထားပါတယ်။

Wave Money ရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ်အချို့က အသုံးပြုသူဖောက်သည်များထံမှ ထပ်ဆောင်းဝန်ဆောင်မှု ကောက်ခံနေခြင်းနဲ့ ပတ်သတ်လို့ ဗဟိုဘဏ်က wave money ထံ သတိပေးအကြောင်းကြားမှု ပြုလုပ်ထားပါတယ်။

Wave Money ဘက်ကလည်း အဆိုပါကိစ္စကို အထူးကိစ္စရပ်အဖြစ် ဆောင်ရွက်နေပြီး Call Center, Social media မှတစ်ဆင့်လည်းကောင်း၊ ပြင်ပမှတစ်ဆင့်လည်းကောင်း၊ တိုက်ရိုက်တိုင်ကြားနိုင်အောင် စီစဉ်ထားပါတယ်။

ဒါ့အပြင် အပိုကြေးကောက်ခံမှုရှိ၊ မရှိ customer များထံ Survey ကောက်ခံခဲ့ပြီး Wave Money ရဲ့ သင်တန်းအဖွဲ့က ကိုယ်စားလှယ်များကို ငွေပိုမိုကောက်ခံခြင်းအပေါ် အရေးယူဆောင်ရွက်မယ့် ပြစ်ဒဏ်သတ်မှတ်ချက်များကို သေချာစွာ လေ့ကျင့်သင်ကြားပေးခြင်း၊

ထပ်ဆောင်းငွေမကောက်ခံဖို့ အက်ပလီကေးရှင်းမှတစ်ဆင့် အကြောင်းကြားခြင်းများ ပြုလုပ်လျက်ရှိပါတယ်။ငွေပိုကောက်ခံတဲ့ ကိုယ်စားလှယ်များအနေနဲ့ သတ်မှတ်စည်းကမ်းကို သေချာစွာလိုက်နာစေဖို့အတွက် ပြစ်ဒဏ်သတ်မှတ်ချက်များဖြင့် အရေးယူဆောင်ရွက်များ ပြုလုပ်ခဲ့ပြီး

ကိုယ်စားလှယ်အချို့ကတော့ သတ်မှတ်စည်းကမ်းနှင့်အညီ ဝန်ဆောင်မှု ပေးလျှက်ရှိတယ်လို့ ဆိုပါတယ်။လိုက်နာဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်များကို သတိပေးမှတ်တမ်းတင်ခြင်းခြင်း၊ ပြင်းထန်စွာ သတိ‌ပေးမှတ်တမ်းတင်ခြင်း၊ ကိုယ်စားလှယ်အဖြစ်မှ ခေတ္တဆိုင်းငံ့ခြင်း၊ ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခြင်းစတဲ့ အဆင့် ၄ ဆင့်ဖြင့် အရေးယူဆောင်ရွက်နေပါတယ်။

ပထမအကြိမ် ငွေပိုကောက်ခံတဲ့ ကိုယ်စားလှယ် ၈,၉၆၅ ဦးကို သတိပေးခြင်း၊ ဒုတိယအကြိမ် ငွေပိုကောက်ခံတဲ့ ကိုယ်စားလှယ် ၆၅၆ ဦးကို ပြင်းထန်စွာ သတိပေးခြင်း၊ တတိယအကြိမ် ငွေပိုကောက်ခံတဲ့ ကိုယ်စားလှယ် ၅၉ ဦးကို

ကိုယ်စားလှယ်အဖြစ်မှ ခေတ္တရပ်ဆိုင်းခြင်းနဲ့ စတုတ္ထအကြိမ် ငွေပိုကောက်ခံတဲ့ ကိုယ်စားလှယ် ၈၁၂ ဦးကို ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခြင်းစတဲ့ အရေးယူမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Credit

Unicode









Credit