Local News

စစ်ကောင်စီလက်အောက်ကနေလွတ်မြောက်အောင်လုပ်သွားမယ်လို့ NLDပါတီကတိပြု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ ပြည်သူတွေရဲ့ အခွင့်အာဏာကို ပြည်သူတွေထံ ပြန်လည်အပ်နှံနိုင်ရေးနဲ့ စစ်အာဏာရှင်စနစ်ကနေ အပြီးတိုင် လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တာဝန်ဆက်ထမ်းသွားမယ်လို့ ကတိပြုကြောင်း ဒီနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျရောက်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့မှာ ပါတီဗဟိုအလုပ်ကော်မတီက ထုတ်ပြန်လိုက်ပါတယ်လက်ရှိကာလမှာ ဒီမိုကရေစီကို သိရှိနားလည်ပြီး စစ်အာဏာသိမ်းမှုကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ပြည်သူတွေကိုလည်း အထူးလေးစား အားထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ကတိကဝတ်တွေ ဖြစ်တဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ထွန်းမယ့် အခြေခံဥပဒေ ပေါ်ပေါက်လာရေး၊ ရေရှည်တည်တံ့ခိုင်မြဲ တိုးတက်ရေးတို့ကို ဆောင်ရွက်သွားဖို့အတွက် အလုပ်ကော်မတီကိုလည်း ဦးအောင်ကြည်ညွန့် အပါအဝင် ပါတီတာဝန်ရှိသူ ခုနစ်ယောက်နဲ့ နိုဝင်ဘာ ၆ ရက်နေ့က ဖွဲ့စည်းထားပါတယ်

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက် ဒီနေ့မှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး နေပြည်တော်မှာ မဲထည့်ခဲ့တဲ့ လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲရလဒ်ကို လက်ခံသွားမယ်လို့ သတင်းမီဒီယာတွေရှေ့မှာ ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ ရွေးကောက်ပွဲမှာ NLD ပါတီက ဆန္ဒမဲ ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပြီးနောက် မဲစာရင်း အမှားအယွင်းတွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ တတိယအကြိမ် လွှတ်တော်မစခင်မှာပဲ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်

Credit

Zawgyi

အမိုးသားဒီမိုကေရစီအ်ဖဲ့ခ်ုပ် (NLD) ပါတီအေနနဲ့္ပည်သူတြေရဲ့ အ်ခင့်အာဏာက္ပိုည်သူတြေထံ္ပန္လည်အပ်နျံနိုင်ရေးနဲ့ စစ်အာဏျာရင္စနေစ္ကန အပြီးတိုင် လြတ်္မောက်ပြီး ဖက္ဒရယ္ဒီမိုကေရစ္ပီည်ထောင္စု ပေါ်ပေါက်ရေးအတြက် တာဝန္ဆက္ထမ်းသြားမယ္လို့ ကတ္ပိုကြောင်း ဒီနေ့ နိုဝင္ဘာလ ၈ ရက်နျေ့မာ က်ရောက္တဲ့ ၂၀၂၀ေ်ရးကောက္ပြဲ နျစ္ပတ္လည်နျေ့မာ ပါတီဗဟိုအလုပ်က္မောတီက ထုတ်္ပန္လိုက္ပါတယ်လက်ြရိကာလျမာ ဒီမိုကေရစီကို သိရြိနားလည်ပြီး စစ်အာဏာသိမ်းမှုကို နည်းလမ်းပေါင်းစုံနဲ့ ဆန့္က်င္ကန့်ကြက်နေကြတဲ့္ပည်သူတြေကိုလည်း အထူးလေးစား အားထားတယ္လို့လည်း ထုတ်္ပန္ခ္က္မျာ ရေးသားထားပါတယ်

အမိုးသားဒီမိုကေရစီအ်ဖဲ့ခ်ုပ် (NLD) ပါတီဟာ ၂၀၂၀ ခုနျစ်ေ်ရးကောက္ပြဲ ကြေညာစာတမ်းပါ ကတိကဝတ်တြေ္ဖစ္တဲ့ တိုင်းရင်းသားအေရးနဲ့္ပ်ည္တင်း ငြိမ်းခ္မ်းရေး၊ စစ္မျန္တဲ့ဒီမိုကေရစ္ပီည်ထောင္စ္ဖုစ္ထန်းမယ့် အ္ခေခံဥပေဒ ပေါ်ပေါက္လာရေး၊ ရျေရည္တည္တံ့ခိုင်္မဲ တိုးတက်ရေးတို့ကို ဆော်င်ရက်ြသားဖို့အတြက် အလုပ်က္မောတီကိုလည်း ဦးအောင်က်ြည်ညန့် အပါအဝင် ပါတီတာဝန်ရြိသူ ခုနစ်ယောက္နဲ့ နိုဝင္ဘာ ၆ ရက်နေ့က်ဖဲ့စည်းထားပါတယ်

ပြီးခဲ့တဲ့ ၂၀၂၀ ခုနျစ် နိုဝင္ဘာလ ၈ ရက် ဒီနျေ့မာ ပါတီစုံဒီမိုကေရစီ အေထြထြေ်ရးကောက္ပြဲ က်င်းပခဲ့ပြီး န္ပေည်တ္မေျာာ မဲထည့္ခဲ့တဲ့ လက်ြရိအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ္ခ်ုပ္မှူးကြီး မင်းအောင္လျိုင္ကေ်ရးကောက္ပြဲရလဒ္ကို လက္ခံသြားမယ္လို့ သတင်းမီဒီယာတျြေရျ့မာ္ပောဆိုခဲ့ပါတယ်။ဒါပေမဲ့ေ်ရးကောက္ပျြဲမာ NLD ပါတီက ဆန္ဒမဲ ၈၂ ရာခိုင်နှုန်းကော်် အနိုင်ရခဲ့ပြီးနောက် မဲစာရင်း အျမားအယြင်းတြေ ရြိတယ္ဆိုတဲ့ အေကြာင်း္ပခ္က္နဲ့ ဗိုလ္ခ်ုပ္မှူးကြီး မင်းအောင္လျိုင် ဦးဆောင်ပြီး ဖေဖ်ာဝါရီ ၁ ရက်နေ့ တတိယအကြိမ် လွှတ်တ္မောစခင္မျာပဲ အာဏာသိမ်းခဲ့တ္ဖာစ္ပါတယ်

Credit