Knowledge

ကလေးကို ထိခိုက်စေနိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အပြုအမူ (၉) ခု

ကိုယ်ဝန်ဆောင်မိခင်တွေမှာ စိတ်ဓါတ်ကျခြင်းနဲ့ စိုးရိမ်သောကတွေ များတဲ့အခါ ကလေးကို လမစေ့ဘဲမွေးတာ၊ ပေါင်မပြည့်ဘဲမွေးတာ ဖြစ်တတ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ တစ်ခါတရံမှာ သတိမထားမိလိုက်တဲ့ အပြုအမူတချို့ကလည်း ကလေးကို ထိခိုက်စေ ပါသေးတယ်။

၁။ ရန်ဖြစ်ခြင်း၊ အော်ခြင်း
ရန်ဖြစ်တဲ့အခါ စိတ်ဓါတ်ကျခြင်း၊ ပူပင်သောကရောက်ခြင်းတို့ကို ဖြစ်စေလို့ ကလေးရဲ့ ဦးနှောက်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ရန်ဖြစ်လို့အော်တဲ့အခါ မိခင်မှာပါ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်းတွေ ဖြစ်စေပါတယ်။ အဲဒါကြောင့် များများအနားယူခြင်း၊ အိပ်ရေးဝဝ အိပ်ခြင်း၊ တရားထိုင်ခြင်း၊ လမ်းလျှောက်ပြီး လေကောင်းလေသန့်ရှူခြင်းတို့ လိုအပ်ပါတယ်။

၂။ သကြားစားသုံးမှုများခြင်းကိုယ်ဝန်ဆောင်နေစဉ်မှာ သကြားများများစားတဲ့အခါ ကလေးရဲ့ သင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်ကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် သကြားအစား အသီးအနှံတွေကို ပိုစားသင့်ပါတယ်။

၃။ စိတ်အပြောင်းအလဲမြန်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အပြောင်းအလဲ မြန်တာက ခဏခဏဖြစ်တတ်ပါတယ်။ စိတ်လှုပ်ရှားနေရင်းကနေ ချက်ချင်း စိတ်ဖိစီးတာတွေ ကြုံရတတ်ပါတယ်။ အဲဒီလိုစိတ်အခြေအနေပြောင်းလဲမြန်တာက ဟော်မုန်းကြောင့်ပါပဲ။ အဲဒါကြောင့် လေကောင်းလေသန့်ရှူရှိုက်ပြီး စိတ်ကို ပေါ့ပေါ့ပါးပါး ထားသင့်ပါတယ်။

၄။ ရေနွေးနှင့်ရေချိုးခြင်း၊ ပေါင်းခံချွေးထုတ်ခြင်း

ရေနွေးနဲ့ ရေချိုးခြင်း သို့မဟုတ် ပေါင်းခံချွေးထုတ်ခြင်းတို့က ခန္ဓါကိုယ်ကို လန်းဆန်းစေပေမယ့် ကလေးအတွက်တော့ မကောင်းပါဘူး။ အဲဒါကြောင့် ရေနွေးနဲ့ရေချိုးတဲ့အခါ ၁၀ မိနစ်ထက် ပိုမချိုးသင့်ပါဘူး။

၅။ ငိုခြင်း
ကိုယ်ဝန်ဆောင်မိခင်တွေက စိတ်အပြောင်းအလဲကြောင့် ငိုတတ်ကြပါတယ်။ မကြာခဏငိုခြင်းက အစားစားချင်စိတ်ကို နည်းစေပြီး ဒေါသတွေထွက်လာမှာပါ။ အိပ်ချိန်တွေလည်း များလာနိုင်ပါတယ်။မကြာခဏငိုချင်စိတ်ဖြစ်လာရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၆။ ပြင်းထန်သည့်စိတ်ဝေဒနာ

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အပြောင်းအလဲမြန်တာက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီစိတ်အပြောင်းအလဲမြန်တာက ပြင်းထန်တဲ့ စိတ်ဝေဒနာကို ဖြစ်သွားစေနိုင်ပါတယ်။ လက္ခဏာတွေကတော့ မထင်မှတ်တဲ့ အပြုအမူတွေ လုပ်လာခြင်း၊ ထိတ်လန့်တကြားဖြစ်ခြင်း၊ စိတ်အာရုံချောက်ချားခြင်းတို့ပဲ ဖြစ်ပါတယ်။ အဲဒီလို လက္ခဏာတွေပြလာရင် ဆရာဝန်နဲ့ပြသဖို့ တွေဝေမနေသင့်တော့ပါဘူး။

၇။ အိပ်မပျော်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ၇၈ ရာခိုင်နှုန်းသော အမျိူးသမီးတွေက အိပ်မပျော်တတ်ကြပါဘူး။ အိပ်စက်ချိန်၆နာရီထက်နည်းတဲ့အခါ ကလေးရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် လှုပ်လှုပ်ရှားရှားနေခြင်း၊ ရေပိုသောက်ခြင်း၊ အိပ်မပျော်တဲ့အခါ စာဖတ်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။

၈။ လှုပ်ရှားမှုနည်းခြင်း၊ အလွန်စားခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဝလာတတ်တာ သဘာဝဆိုပေမယ့် အဝလွန်လာတဲ့အခါ ကလေးမွေးဖွားတဲ့အခါ အခက်အခဲဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ ကလေးမှာလည်း အဝလွန်လာနိုင်ပါသေးတယ်။

၉။ ကော်ဖီအလွန်သောက်ခြင်းကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီကို အတိုင်းအတာနဲ့ပဲ သောက်သင့်ပါတယ်။ ကာဖိန်းဓါတ်က အချင်းကနေတစ်ဆင့် ကလေးရဲ့သွေးကြောတွေထဲကို ရောက်သွားနိုင်ပါတယ်။ တစ်နေ့ကို ကော်ဖီ တစ်ခွက် သို့မဟုတ် နှစ်ခွက်လောက်သောက်တာက အဆင်ပြေပါတယ်။

Credit

Unicode

ကလေးကို ထိခိုက်စေနိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အပြုအမူ (၉) ခုကိုယ်ဝန်ဆောင်မိခင်တွေမှာ စိတ်ဓါတ်ကျခြင်းနဲ့ စိုးရိမ်သောကတွေ များတဲ့အခါ ကလေးကို လမစေ့ဘဲမွေးတာ၊ ပေါင်မပြည့်ဘဲမွေးတာ ဖြစ်တတ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ တစ်ခါတရံမှာ သတိမထားမိလိုက်တဲ့ အပြုအမူတချို့ကလည်း ကလေးကို ထိခိုက်စေ ပါသေးတယ်။

၁။ ရန်ဖြစ်ခြင်း၊ အော်ခြင်းရန်ဖြစ်တဲ့အခါ စိတ်ဓါတ်ကျခြင်း၊ ပူပင်သောကရောက်ခြင်းတို့ကို ဖြစ်စေလို့ ကလေးရဲ့ ဦးနှောက်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ရန်ဖြစ်လို့အော်တဲ့အခါ မိခင်မှာပါ

ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်းတွေ ဖြစ်စေပါတယ်။ အဲဒါကြောင့် များများအနားယူခြင်း၊ အိပ်ရေးဝဝ အိပ်ခြင်း၊ တရားထိုင်ခြင်း၊ လမ်းလျှောက်ပြီး လေကောင်းလေသန့်ရှူခြင်းတို့ လိုအပ်ပါတယ်။

၂။ သကြားစားသုံးမှုများခြင်းကိုယ်ဝန်ဆောင်နေစဉ်မှာ သကြားများများစားတဲ့အခါ ကလေးရဲ့ သင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်ကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် သကြားအစား အသီးအနှံတွေကို ပိုစားသင့်ပါတယ်။

၃။ စိတ်အပြောင်းအလဲမြန်ခြင်းကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အပြောင်းအလဲ မြန်တာက ခဏခဏဖြစ်တတ်ပါတယ်။ စိတ်လှုပ်ရှားနေရင်းကနေ ချက်ချင်း စိတ်ဖိစီးတာတွေ ကြုံရတတ်ပါတယ်။ အဲဒီလိုစိတ်အခြေအနေပြောင်းလဲမြန်တာက ဟော်မုန်းကြောင့်ပါပဲ။ အဲဒါကြောင့် လေကောင်းလေသန့်ရှူရှိုက်ပြီး စိတ်ကို ပေါ့ပေါ့ပါးပါး ထားသင့်ပါတယ်။

၄။ ရေနွေးနှင့်ရေချိုးခြင်း၊ ပေါင်းခံချွေးထုတ်ခြင်းရေနွေးနဲ့ ရေချိုးခြင်း သို့မဟုတ် ပေါင်းခံချွေးထုတ်ခြင်းတို့က ခန္ဓါကိုယ်ကို လန်းဆန်းစေပေမယ့် ကလေးအတွက်တော့ မကောင်းပါဘူး။ အဲဒါကြောင့် ရေနွေးနဲ့ရေချိုးတဲ့အခါ ၁၀ မိနစ်ထက် ပိုမချိုးသင့်ပါဘူး။

၅။ ငိုခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေက စိတ်အပြောင်းအလဲကြောင့် ငိုတတ်ကြပါတယ်။ မကြာခဏငိုခြင်းက အစားစားချင်စိတ်ကို နည်းစေပြီး ဒေါသတွေထွက်လာမှာပါ။ အိပ်ချိန်တွေလည်း များလာနိုင်ပါတယ်။မကြာခဏငိုချင်စိတ်ဖြစ်လာရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၆။ ပြင်းထန်သည့်စိတ်ဝေဒနာကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အပြောင်းအလဲမြန်တာက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီစိတ်အပြောင်းအလဲမြန်တာက ပြင်းထန်တဲ့ စိတ်ဝေဒနာကို ဖြစ်သွားစေနိုင်ပါတယ်။

လက္ခဏာတွေကတော့ မထင်မှတ်တဲ့ အပြုအမူတွေ လုပ်လာခြင်း၊ ထိတ်လန့်တကြားဖြစ်ခြင်း၊ စိတ်အာရုံချောက်ချားခြင်းတို့ပဲ ဖြစ်ပါတယ်။ အဲဒီလို လက္ခဏာတွေပြလာရင် ဆရာဝန်နဲ့ပြသဖို့ တွေဝေမနေသင့်တော့ပါဘူး။

၇။ အိပ်မပျော်ခြင်းကိုယ်ဝန်ဆောင်ချိန်မှာ ၇၈ ရာခိုင်နှုန်းသော အမျိူးသမီးတွေက အိပ်မပျော်တတ်ကြပါဘူး။ အိပ်စက်ချိန်၆နာရီထက်နည်းတဲ့အခါ ကလေးရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် လှုပ်လှုပ်ရှားရှားနေခြင်း၊ ရေပိုသောက်ခြင်း၊ အိပ်မပျော်တဲ့အခါ စာဖတ်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။

၈။ လှုပ်ရှားမှုနည်းခြင်း၊ အလွန်စားခြင်းကိုယ်ဝန်ဆောင်ချိန်မှာ ဝလာတတ်တာ သဘာဝဆိုပေမယ့် အဝလွန်လာတဲ့အခါ ကလေးမွေးဖွားတဲ့အခါ အခက်အခဲဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ ကလေးမှာလည်း အဝလွန်လာနိုင်ပါသေးတယ်။

၉။ ကော်ဖီအလွန်သောက်ခြင်းကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီကို အတိုင်းအတာနဲ့ပဲ သောက်သင့်ပါတယ်။ ကာဖိန်းဓါတ်က အချင်းကနေတစ်ဆင့် ကလေးရဲ့သွေးကြောတွေထဲကို ရောက်သွားနိုင်ပါတယ်။ တစ်နေ့ကို ကော်ဖီ တစ်ခွက် သို့မဟုတ် နှစ်ခွက်လောက်သောက်တာက အဆင်ပြေပါတယ်။

Credit