Local News

မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှု့တွေကို ကုလသမဂ္ဂအဖွဲ့ကြီးက အတည်ပြုလက်ခံပြီး သတင်းထုတ်ပြန်လိုက်ပြီ

မြန်မာ့အရေးကို ဆုံးဖြတ်ချက်ချလာနိုင်တဲ့ ကုလသမဂ္ဂ

မြန်မာစစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှု့တွေကို ကုလသမဂ္ဂအဖွဲ့ကြီးက အတည်ပြုလက်ခံပြီး သတင်းထုတ်ပြန်လိုက်ပါတယ် ။ ရာဇဝတ်မှု့တွေ ကျူးလွန်နေတဲ့အကြောင်းကို သက်သေတွေနဲ့ တင်ပြခဲ့သူကတော့ မြန်မာနိုင်ငံအတွက် စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ရဲ့ ခေါင်းဆောင် Nicholas Koumjilan ပါ ။ ဒီသတင်းကို ကုလသမဂ္ဂ သတင်းဌာနကနေ ထုတ်ပြန်လိုက်တာပါ ။သတင်းကတော့မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းမှာ ကျူးလွန်နေတဲ့ အဆိုးရွားဆုံး နိုင်ငံတကာ ရာဇဝတ်မှု့ ကျူးလွန်ခြင်းနှင့် ချိူးဖောက်ခြင်းအတွက် သက်သေ အထောက်အထားတွေကို သိမ်းယူပြီး ခွဲခြမ်းစိတ်ဖြာဖို့ သတင်းထောက်လှမ်းမှု့ တာဝန်တွေကို အဆင့်မြှင့်တင်ခဲ့ပါတယ်

ဒီယန္တရားဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က တည်ထောင်ခဲ့တာပါ ။ အမျိုးသားဒေသဆိုင်ရာနဲ့ နိုင်ငံတကာခုံရုံးတွေမှာ တရားစွဲဆိုဖို့ လွယ်ကူအောင် သတင်းအချက်အလက်တွေ ရှာဖွေ ၊ စုဆောင်းတဲ့ ကုလအသိအမှတ်ပြု အဖွဲ့ကြီးပါပဏာမ အထောက်အထား

အဆိုပါယန္တရားဟာ ဖေဖော်ဝါရီ အာဏာသိမ်းပြီးစ အချိန်ကတည်းကစပြီး ဆက်သွယ်မှု့ ၂ သိန်းကျော် လက်ခံရရှိခဲ့ပါတယ် ။ ဓာတ်ပုံ ၊ ဗွီဒီယို ၊ သက်သေခံချက်နဲ့ ဆိုရှယ်မီဒီယာပေါ်က အထောက်အထား ၁.၅ သန်းကျော်ကို စုဆောင်းထားတာပါ ။

အရပ်သားတွေအပေါ်မှာ မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှု့တွေကို ကျယ်ကျဝ်ပြန့်ပြန့် ၊ စနစ်တကျ ၊ တိုက်ခိုက်နေတဲ့ ပဏာမအထောက်အထားတွေကို ကြည့်ရတာဟာ ကျွန်တော့်အတွက် တော်တော်လေးကို စိတ်ထိခိုက်ရပါတယ် ” ။ဒါ့ကြောင့် ၊ ဒီ ပဏာမ သက်သေအထောက်အထားတွေကို စီစစ်နေပါတယ် ။ ဒါက ကျွန်တော်တို့အတွက် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးပါတယ် ။ မြန်မာနိုင်ငံအတွင်းက လူတွေဆီကနေ ဆက်သွယ်မှု့ အမြားအပြား လက်ခံထားရတဲ့အတွက် တာဝန်ခံမှု့ အမျိူးအစားတွေကို ပြီးမြောက်အောင် ဆောင်ရွက်ပေးရမှာပါ ။ ” လို့ Koumjian က ပြောခဲ့တာပါ

အကြမ်းဖက်မှု့ပုံစံများ

စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံထဲကို ဝင်လို့မရသေးပါဘူး ။ အရပ်သားတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ဒီအဖွဲ့က မှတ်သားထားပါတယ်အာဏာသိမ်းပြီးစ ပထမ ခြောက်ပတ်အတွင်းမှာ မြန်မာစစ်တပ်ဟာ ဆန္ဒပြပြည်သူတွေအပေါ် အတိုင်းအတာတစ်ခုအထိ တုံ့ပြန်ခဲ့ပါတယ်

သို့ပေမယ့် ၊ နောက်ပိုင်းမှာ ဆန္ဒပြပြည်သူတွေကို ဖိနှိပ်ဖို့ ပိုမိုကြမ်းတမ်းတဲ့ နည်းလမ်းတွေ သုံးလာပြီး ၊ အဓိကရုဏ်း နှိမ်နင်းတာနဲ့ မတူတော့ပဲ ရန်သူသဖွယ် တိုက်ခိုက်လာပါတယ် ။ ဒါဟာ အကြမ်းဖက်မှု့ကို ဦးတည်လိုက်တာပါ ။ အခုအချိန်မှာ ခုခံနေတာဟာ ယုတ္တိတန်တယ်လို့ ကောက်ချက်ချပါတယ်ဒါ့အပြင် ၊ ဂျာနယ်လစ်တွေ ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ နိုင်ငံရေးအတိုက်အခံအဖွဲ့တွေဟာ ဥပဒေလုပ်ငန်းစဉ်အရမဟုတ်ပဲ ဖမ်းဆီးခံနေကြရပါတယ် ။ စိန်ခေါ်မှု့ အသစ်များစစ်တပ်အာဏာသိမ်းမှု့နဲ့ နောက်ဆက်တွဲပြဿနာတွေဟာ ကျွန်တော်တို့ရဲ့ ယန္တရားအတွက် စိန်ခေါ်မှု့အသစ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်

ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ဟာ ရိုဟင်ဂျာအရေးကို စုံစမ်းနေခဲ့တာပါ ။ ဖေဖော်ဝါရီမှာ အာဏာသိမ်းတော့ ၊ နိုင်ငံတကာ ခုံရုံးကို တင်ရမယ့် ကိစ္စမဟုတ်တဲ့အတွက် ၊ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့် တာဝန် မဟုတ်ပါဘူးလို့ ကြေငြာခဲ့ပါတယ်

ကျွန်တော်တို့အဖွဲ့ရဲ့ လုပ်ငန်းတာဝန်က နိုင်ငံတကာ ရဇဝတ်မှု့တွေ ကျူးလွန်နေပြီး ၊ လူသားမျိုးနွယ်အပေါ် ရက်စက်ကြမ်းကြုတ်သူတွေကို ခုံရုံးတင်နိုင်ဖို့ သက်သေခိုင်လုံစွာ တင်ပြပေးတဲ့အဖွဲ့ပါ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာ ၊ ခေါင်းဆောင်အပြောင်းအလဲ ၊ ရွေးကောက်ပွဲ မသမာမှု့တွေဟာ ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှု့ မဟုတ်တဲ့အတွက် ကျွန်တော်တို့ရဲ့ လုပ်ငန်း တာဝန် မဟုတ်ပါဘူးသို့ပေမယ့် ဆန္ဒပြပြည်သူတွေအပေါ် မြန်မာစစ်တပ်က နှိမ်နင်းလာတဲ့ လုပ်ရပ်တွေဟာ တဖြည်းဖြည်း စိုးရိမ်စရာထက် ပိုလာခဲ့ပါတယ် ။ မြန်မာစစ်တပ်ဟာ ရာဇဝတ်မှု့တွေ ကျူးလွန်လာပြီဆိုတာ သမိုင်းသက်သေတွေအရသိရသလို ၊ လတ်တလောမှာလည်း ကျူးလွန်လာပါတယ်

ဒီအချိန်ကတည်းက စုံစမ်းစစ်ဆေးရေး ယနျွှရားအဖွဲ့ဟာ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ ရာဇဝတ်မှု့တွေကို ခုံရုံးတင်နိုင်ဖို့ စုဆောင်း ၊ ခွဲမြ်းစိတ်ဖျာနေပြီး တင်ပြလိုက်တာပါ “လို့ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ

Nicholas Koumjian က ကုလသမဂ္ဂအဖွဲ့ကြီးထံကို သက်သေအထောက်အထားတွေနဲ့ အသိပေးခဲ့ပါတယ် ။ ယန္တရားအဖွဲ့ရဲ့ တင်ပြမှု့ သက်သေတွေကို ကုလအဖွဲ့ကြီးက အတည်ပြု လက်ခံလိုက်ပါတယ် ။( ဒါကတော့ ကုလသမဂ္ဂ သတင်းဌာနက ထုတ်ပြန်တဲ့ သတင်းပါ )

ကောင်းပြီ ….၊ ဒါတွေ တင်ပြတော့ ဘာတွေ ဖြစ်လာနိုင်သလဲ ?

ဒါကတော့ စာဖတ်သူတွေ သိချင်နေတဲ့ မေးခွန်းပါ ။ ထို့အတူပါပဲ ။ စာရေးသူလည်း သိပ်ကို သိချင်မိပါတယ် ။ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ကုလအဖွဲ့ထံကို နည်းအမျိုးမျိုးနဲ့ ဆက်သွယ်ပြီး ၊ မြန်မာ့အရေးကို ကုလက ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ သိချင်နေလို့ ကုလနဲ့ပတ်သက်တဲ့ မြန်မာအရေးသတင်းတွေကို ဦးစားပေး လေ့လာ ၊ အသိပေး ၊ သုံးသပ်ခဲ့ပါတယ် ။စာဖတ်သူအချို့ရဲ့ မခံချင်စရာ ကွန်မန့်တွေကိုလည်း စာနာစိတ်နဲ့ နားလည်ပေးပြီး ကုလဦးဆောင်တဲ့ သံတမန်နည်းလမ်း သတင်းတွေကို ဆက်လက် အသိပေး ၊ သုံးသပ်ခဲ့တာပါ ။ဘာ့ကြောင့်လဲဆိုရင် ၊ လက်နက်ကိုင်နည်းလမ်းက အရေးပါသလို သံတမန်နည်းလမ်းကလည်း အရေးကြီးပါတယ် ။ တော်လှန်ရေးအတွက် အရေးကြီးတဲ့ ကုလအဖွဲ့ ၊ အီးယူအဖွဲ့ ၊ ကွာဒ့်အဖွဲ့နဲ့ အာဆီယံအဖွဲ့တွေဟာ မြန်မာပြည်သူတွေဘက်မှာ သံတမန်နည်းအရ အနိုင်ပေးထားပြီပါပြီ

လွန်ခဲ့တဲ့ ၃ လလောက်က ဒီအဖွဲ့ရဲ့ တင်ပြမှု့ကို ကုလအဖွဲ့က လက်ခံခဲ့ပေမယ့် အတည်ပြုချက် မေပးခဲ့ပါဘူး ။ မနေ့က နိုင်ဝင်ဘာ ၅ ရက်နေ့မှာတော့ ကုလအဖွဲ့ကြီးက ယန္တရားအဖွဲ့ရဲ့ တင်ပြချက်တွေကို အတည်ပြုပြီး ကုလသမဂ္ဂသတင်းဌာနကနေ သတင်းထုတ်ပြန်ခဲ့တာပါ ။ဒီတော့ ၊ ကုလ ဘာလုပ်မလဲ

စစ်ကောင်စီကို နိုင်ငံတကာ ခုံရုံးတင်မလား ?R2P သို့မဟုတ် A4P လွှတ်မလား ?ကုလဆိုင်ရာ မြန်မာသံအမတ်ကို ပါဝါသုံးပြီး မြန်မာပြည်ထဲကို ဝင်ခိုင်းမလား ?တစ်ခုခုကို လုပ်လာလိမ့်မယ်လို့ သုံးသပ်ရပါတယ် ။ဘာ့ကြောင့်လဲဆိုရင် ၊ စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ဟာ နိုင်ငံတကာ ရာဇဝတ်မှု့တွေကို ခုံရုံးတင်ဖို့ အထောက်အထား ရှာဖွေ စုဆောင်းတဲ့ အဖွဲ့ပါ ။ ဒီအဖွဲ့ရဲ့ တင်ပြမှု့ သက်သေတွေကို ကုလက အတည်ပြုလက်ခံပြီး နိုင်ငံတကာသိအောင် သတင်းထုတ်ပြန်လိုက်လို့ပါလွန်ခဲ့တဲ့ ၂ ရက်ကလည်း လူ့အခွင့်အရေးအဖွဲ့ ၅၂၁ ဖွဲ့က မြန်မာစစ်တပ်ကို အရေးယူပေးဖို့ တောင်းဆိုထားပါတယ် ။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ GCR2P ဒါရိုက်တာ ဆိုင်မွန်အေဒမ်ကလည်း တောင်းဆိုထားပါတယ် ။ ကုလရဲ့ လှုပ်ရှားမှု့တွေဟာ အပေါ်က အချက် ၃ ချက်ထဲက တစ်ခုခုကို ရွေးတော့မယ်ဆိုတာ မြင်နေရပါပြီဒါဟာ အမြင်အတိုင်း ဖြစ်လာနိုင်တာကို ရှင်းရှင်းလင်းလင်း သုံးသပ်ပေးပါတယ်

Credit