Local News

“ဘဝမေ့ပြီး ဘဝင်ရူးခဲ့ မိတာပါ”ဆိုပြီး အလှူငွေကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပြောကြားလာတဲ့ အငြိမ်း..

စာအရှည်ကြီးရေးဖို့ အချိန်ပြန်ရောက်လာပါပြီ.. အသနားခံစာ မျက်ရည်ချူတဲ့စာလို့လည်း တချို့ကထင်မယ်.. ကောင်မ အလှူခံဖို့စာအရှည်ကြီးရေးပြီး စကားဦးသန်းနေပြီလို့လည်း ပြောချင်ပြောကြမယ်။ အဲ့လိုလည်းဖြစ်နိုင်ပါတယ် ဒီအတောအတွင်းမှာ ကျွန်တော် တော်တော်လေး mature ဖြစ်လာပြီလို့ထင်တယ် ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာပါ။နောက်ပြီး ငါဘာတွေမှားခဲ့သလဲ ငါဘာတွေပြင်ဖို့လိုသလဲ ငါဘယ်လို ဆက်လုပ်ရမလဲ ဆိုတာတွေ အရင်လို စွာစိလန်ဆတ်ဆတ်ကြဲပုံစံနဲ့ ငါမမှားဘူးဆိုပြီး ရန်ပြန်တွေ့တဲ့အခြေအနေတွေထက်ပြသနာကို ဘယ်လ်ိုတည်တည်ငြိမ်ငြိမ်နဲ့ အမှားအနည်းဆုံးဖြစ်အောင် ရင်ဆ်ိုင်ရမလဲဆိုတာ ကျွန်တော် နည်းနည်း သင်ယူပြီးပြီထင်တယ်

ကျွန်တော့်ရဲ့အဓိကပြသနာက အရမ်းလူသိများသွားတာလို့ထင်တယ် လူချစ်လူခင်ပေါတယ် ငါ့ကိုချစ်ကြတယ်ဟဲ့ ငါ့ကိုကာကွယ်ပေးကြတယ်ဟဲ့ ဆိုတဲ့အပေါ်မှာ အများကြီး သာယာသွားမိတယ်ထင်တယ်။ တကယ်က ကျွန်တော်က ဘဝမေ့သွားတာဖြစ်မယ်အရင်က ကျွန်တော်က လူချစ်လူခင်ပေါဖို့မပြောနဲ့ သူငယ်ချင်းတောင် လက်တဖက် မပြည့်ဘူးထင်တယ်။

၈တန်း ၉တန်း မိဘတွေနဲ့ခွဲပြီး အဆောင်နေခဲ့တုန်းက တခန်းလုံးနဲ့ တယောက် နှစ်ကုန်တဲ့ထိ စကားမပြောဘဲနေခဲ့ဖူးတယ် Korea drama ကားတွေထဲကလို ပြောရရင် အပယ်ခံလို့ပြောလို့ ရမယ်ထင်တယ်။ကျွန်တော်ထမင်းစားတဲ့ခုံမှာ ဘယ်သူမှာ လာမထိုင်ကြတဲ့အထိ ကျွန်တော်ထိုင်ရင် အကုန်ထသွားကြတဲ့အထိ ၁ဝတန်းကျမှ သူငယ်ချင်း စရတယ်ဆေးကျောင်းရောက်တော့လည်း ကျွန်တော်က ဒေါသထွက်လွယ် စိတ်ဆတ်တဲ့သူဆိုတော့ သူငယ်ချင်းမမြဲဘူး။ပြီး2nd year ကတည်းက ပိုက်ဆံရှာပြီးကျောင်းတက်နဲ့သူဆိုတော့ အချိန်မပေးနိုင်တော့ best friend မပြောနဲ့ အ အုပ်စုထဲက လူတွေကိုတောင် ကျွန်တော်ကောင်းကောင်းမသိဘူး ဆေးကျောင်းမှာ ခုံနံပါတ်ကိုနာမည်နဲ့စီတာကိုး။

ထားပါတော့ အဲ့လိုဘဝက လာခဲ့ပြီးတော့ ရုတ်တရက်ကြီး လူချစ်လူခင်အရမ်းများတဲ့ဘဝကို ရလာတော့ ကျွန်တော် ဘဝမေ့သွားတာဖြစ်မယ်ဘဝင်ရူး သွားတာလို့ပြောရင်လည်းရပါတယ်။ လူတယောက်က လူတယောက်ကို မကောင်းမြင်ပိုင်ခွင့်ရှိတယ်။ ဝေဖန်ပိုင်ခွင့်ရှိတယ် မုန်းခွင့်ရှိတယ် ဆိုတာတွေကို ကျွန်တော်နားမလည်ခဲ့ဘူး ငါကောင်းတာလုပ်နေတာ အားလုံးအတွက် အလုပ်လုပ်နေတာ

အဲ့အတွက် ငါ့ကို ချစ်ပေးရမယ် အပြစ်မပြောရဘူး မကောင်းမပြောရဘူး မဝေဖန်ရဘူး ဆိုပြီး မသိစိတ်ထဲရှိခဲ့တယ်ထင်တယ်။ကျွန်တော့်ကိုမကောင်းပြောတဲ့သူဆို ပြန်ရန်တွေ့တယ် Screenshot တွေနဲ့ တခါတလေ chat box ထိသွားပြောတယ် ကလေးဆန်တဲ့စကားတွေနဲ့ ဒီGroup ထဲမှာဆို အမြင်မတူတဲ့comment တွေတွေ့ရင်ထုတ်ပစ်တယ် အာရုံနောက်တယ်ဆိုပြီး ပြန်တွေးကြည့်ရင် တော်တော်ရှက်ဖို့ကောင်းပါတယ်။ကျွန်တော်ရောက်နေတဲ့နေရာနဲ့ မတန်တဲ့ ကျွန်တော်လုပ်နေတဲ့အလုပ်တွေနဲ့ မလိုက်ဖက်တဲ့ ကလေးကလားတွေ လုပ်နေခဲ့တာ ဘုရားတွေတောင်မှ ယုံကြည်သူရှိတယ် မယုံကြည်သူရှိတယ် ကိုးကွယ်သူရှိတယ် မကိုးကွယ်သူရှိတယ်။ ကိုယ့်ကိုကို ဘုရားနဲ့နိူင်းတာမဟုတ်ဘူးနော် ကျွန်တော်အဆုံးစွန်ထိစဉ်းစားကြည့်တာပါ I m still nothingပါ။

လူသိများလာတာနဲ့နောက်ဆက်တွဲမှာ ချစ်တဲ့သူတွေများလာသလို မုန်းတဲ့သူဝေဖန်တဲ့သူတွေလည်းပါလာမယ် ဒါကို ကျွန်တော်နားလည်လာတယ်။ဝေဖန်တဲ့သူတွေများလာတာနဲ့ ကျွန်တော့်အလုပ်ကို ရပ်ပစ်တယ်ဆိုတာ ကျွန်တော်သိပ်ကလေးဆန်လွန်းတယ် ထင်တယ်နောက်အလှူငွေကိစ္စ Mizzima မှာပြောထားတဲ့အတိုင်းပဲ Heal the world စဖြစ်တဲ့ ၅လပိုင်းကနေ ၁ဝလပိုင်းထိ အလှူငွေ သိန်းပေါင်း 19114သိန်းလှူပြီးပါပြီ။

စာရင်းတော့ public ချမပြနိုင်ပါ ပြည်သူလူထုက ယုံကြည်လေးစားရတဲ့ ပုဂ္ဂိုလ်တဦးတယောက်က စစ်မယ်ဆိုစစ်ခွင့်ပေးပါမယ် ဒါကျွန်တော့် ဖြေရှင်းချက်ပါပဲ၊ ရွှေကိစ္စကတော့ အလှူရှင်တွေကို HTW မှာ ၈လပိုင်းကုန်ခါနီးကတည်းက ရှင်းပြပြီးသားပါ။ ဘာလို့မဖြေရှင်းနိုင်တာလဲ ဘာလို့ ချမပြနိုင်တာလဲ ပြောရင် ကျွန်တော်ဖြေရှင်းရင်ရော ချပြရင်ရော ယုံမှာလားလို့ပြန်မေးချင်ပါတယ်။ကျွန်တော် interview မှာဖြေတဲ့အတိုင်းပဲ CDFက သိန်း ၁၀၀၀ မရဘူး စွပ်စွဲတော့CDF spoke person ကိုယ်တိုင်က ၁၀၀၀ မက ရပါတယ်ပြောတော့ Spoke person ကိုကျွန်တော်ကပိုက်ဆံပေးထားလို့လို့ စွပ်စွဲကြပြန်တယ်CDF(or)KNDF pageက တရားဝင်တင်ပေးတော့ Page admin တွေကို ပိုက်ဆံ ပေးပြီးရေးခိုင်းတယ် ပြောကြပြန်တယ်။ နောက်ဆုံးတခါ CDFခေါင်းဆောင်တွေနဲ့ ကျွန်တော်နဲ့ပေါင်းစားတယ်ပြောကြပြန်တယ်။

သားပစ်မယားပစ် မိသားစုပစ် အသေခံ အငတ်ခံပြီး တိုက်နေကြတဲ့သူတွေပါ ပြောတဲ့သူတွေတော့ မသိပေမယ့် ကျွန်တော်ကတော့ တော်တော်အားနာမိတယ်။ တခုကိုဖြေရှင်းရင် တခုထပ်စွပ်စွဲတယ် တခုထပ်ဖြေရှင်းတော့ တခုထပ်စွပ်စွဲမယ် ပြီးရင်နောက်တခု နောက်တခု. ကျွန်တော် mizzimaမှာ HTWက သိန်းပေါင်း ၁၉၁၁၄သိန်းလှူပြီးပါပြီလို့ပြောလိုက်တယ် အဲ့ဒါက တခါမှ ချမပြရသေးတာကို ချပြလိုက်တာပါ။

ကျွန်တော်တို့စိတ်ထဲမှာ ထင်လိုက်တာ ကျွန်တော်တို့လှူပြီးတဲ့ amount အင်အားက များတဲ့အတွက် အဲ့ဒီamount ကိုသာ ချပြလိုက်ရင် သူတို့တော်တော် လုပ်နိုင်တာပဲလို့ appreciation ရမယ်ထင်ခဲ့တာ စွပ်စွဲတာတွေလျော့သွားမယ်ထင်ခဲ့တာ အဲ့ဒါကြောင့် risk ယူပြီး public မှာပြောလိုက်တာပါ။ဘာပြောကြလဲဆိုတော့ သိန်း၂သောင်းကျော်ရတာကို သိန်း ၁၉၀၀၀ ကျော်ပဲလှူပြတာပါလို့ထပ်ပြောကြပြန်ပါတယ်ပဲ။ကျွန်တော့်မိတ်ဆွေပြောသလိုပဲနင်က တကျပ်လှူရင် ၂ကျပ်ရလို့ ၁ ကျပ်လှူပြတာပြောမယ်၂ကျပ်လှူတော့ ၄ကျပ်ရလို့ ၂ကျပ်ပဲလှူတယ် ပြောမယ် ၄ကျပ်လှူတော့ ရတာ ၈ကျပ်လို့ပြောမယ်။ Trust me . It will never end until u trust me အကျိုးရလာဒ်အနေနဲ့ဘာပြန်ရလဲဆိုတော့ ထောင်ထဲပို့ထားပြီးသား ကျွန်တော့်အဖေနဲ့အမေကို နန်းတွင်းစစ်ကြောရေးထဲ ပြန်ခေါ်သွားတာပဲ အဖတ်တင်ပါတယ်။

အဲ့တော့ ဘယ်လ်ိုဖြေရှင်းဖြေရှင်း ဆိုးကျိုးအပြင် အကျိုးကျေးဇူးမရှိဘူးထင်ပါတယ် ကျွန်တော့်လိုပဲ ဒီမှာ cele ဆရာဝန်အကိုတယောက်ရှိတယ် သူကဘာပြောလဲဆိုတော့ “ညီမလေးရယ် နင်ကမှ သိန်း ၂၀၀၀ နဲ့ပေါင်ထားတဲ့အိမ်ပြန်ရွေးတယ် ယောကျာ်းကို သိန်း၁၆၀ တန်ဆိုင်ကယ်ဝယ်ပေးတယ် ပဲအပြောခံရတာ

ဒါတောင်နင်က အလှူခံလို့ ငါက အလှူတောင်တခါမှမခံဖူးဘဲနဲ့ သိန်း၅၀၀၀ တန်အိမ်ဝယ်တယ် surf ကားတစီးဝယ်တယ် ပြောကြတာဟဲ့”တဲ့ ကျွန်တော်တို့က ဘာလုပ်လုပ် အပြောခံရတော့မှာ အဝေဖန်ခံရတော့မှာ ဘာလို့ဆို အဲ့လမ်းကြောင်းပေါ် ကျွန်တော်တို့ရောက်သွားလို့ပါ။

ကိုယ်ကျိုးအတွက် အလှူငွေတွေသုံးသလားလို့မေးတဲ့မေးခွန်းကို အရိုးသားဆုံးဖြေရရင် ကိုယ်ကျိုးအတွက်မဟုတ်ပေမဲ့ ကိုယ့်သဘောနဲ့ကိုယ်သုံးခဲ့မိတာတွေရှိတယ် ဥပမာ August 17 တုန်းက ရှေ့တန်းက ရဲဘော်တွေပြန်လာတော့ အားရှိအောင် တယောက်မုန့်ဖိုး၁၀၀၀၀ စီပေးတာမျိုး (၈သိန်း-၉သိိန်းလောက်ကျပါတယ်)(အဲ့ဒါတွေကဒီGroup ထဲမှာမတင်ထားပါဘူး, ဓာတ်ပုံတော့ကျွန်တော့်ဆီရှိပါတယ်) နောက်ကျွန်တော်နဲ့အတူရှိတဲ့ မရှိတဲ့ သူနာပြုဆရာမလေးတွေ သုံးဖို့စွဲဖို့ ပေးတာ ( သူတို့က CDM ကိုမှ ဒီဘက်ရွာတွေမှာ medical cover ပေးနေကြသူတွေ ဆန်ဆီ တောင်မှအကြာကြီးနေမှတခါရကြသူတွေပါ) နောက်တချို့ရှေ့တန်းရဲဘော်ကလေးတွေရှေ့တန်းထွက်ရင်း ဖုန်းကွဲတာ phပျောက်တာ ph ပျက်တာတွေဆို

များသောအားဖြင့် ကော်မတီကလူကြီးတွေက စာရင်းနဲ့စာတင်ပြီး ဝယ်ပေးတာပါ ဒါပေမဲ့ ကျွန်တော်သိတဲ့အချိန်ဆို ကျွန်တော်ပဲ ပိုက်ဆံစိုက်လိုက်တာများတယ်။ ကော်မတီကို အရမ်းမလိုအပ်ဘဲ ပိုက်ဆံမထွက်စေချင်လို့ပါ နောက်ကျဆုံးရဲဘော်တွေရဲ့မိသားစုတွေကိုထောက်ပံ့တာ နောက်ကျွန်တော်မွေးပေးတဲ့ တချို့ကလေးလေးတွေရဲ့မိဘတွေကို ၅သောင်းစီငွေကြေးထောက်ပံ့တာ။

နောက်ကျွန်တော့်ကြောင့် အဖမ်းခံလိုက်ရတဲ့ တချို့သူတွေ တကယ်က ၆လပိုင်းကတည်းက ကျွန်တော့်ကိုကူညီသူတွေ စအဖမ်းခံရတာဖြစ်ပြီးတော့ အဲ့အချိန်က လူတွေသတိမထားမိတာပါ ကျွန်တော့်နဲ့ပတ်သက်ပြီး အဖမ်းခံရတဲ့သူတွေရဲ့ကျန်ရစ်တဲ့မိသားစုရဲ့ စားဝတ်နေရေးအတွက်ထောက်ပံ့ပေးတာ

နောက်အရေးပေါ်အခြေအနေ ဖြစ်လာတဲ့အခါ မြို့ကြီးတွေမှာကျန်ခဲ့တဲ့ ကျွန်တော့်အဖွဲ့သားတွေ ရှောင်ဖို့တိမ်းဖို့ စရိတ် နောက်ကျွန်တော်တို့အဖွဲ့အတွက် မန္တလေးကနေ မှာရတဲ့တချို့ပစ္စည်းကုန်ကျစရိတ်တွေ ချက်ပြုတ်စားသောက်ဖို့ အိုးခွက်ပန်းကန် အနွေးထည်၊ စောင်၊ တခါတလေ မုန့်ပဲသရေစာနဲ့ အထားခံရိက္ခာခြောက် ဒါတွေက ကိုယ်ကျိုးအတွက် သုံးတယ်လို့ ယူဆမယ်ဆိုရင်တော့ ကျွန်တော် ဝန်ခံရမယ်။ဟုတ်တယ် ကျွန်တော့်ကိုယ်ရေးကိုယ်တာအတွက် သုံးမိတယ်။ဒါတွေကိုလည်းကျွန်တော်မှတ်မိသလောက် စာရင်းလုပ်နေပြီး ကျွန်တော့်ကိုယ်ပိုင်ပိုက်ဆံထဲကပြန်ထည့်မှာပါ။ဒီအလုပ်တွေစလုပ်ပြီး နောက်ပိုင်းမှာ ကျွန်တော် တတ်နိုင်သမျှတော့ တချို့ပြသနာ ဖြစ်လာမယ်ထင်တာလေးတွေကို ဆင်ခြင်ပါတယ်။ အရင်က ကျွန်တော့်က အသုံးအဖြုန်းနည်းနည်းကြီးတယ် Online ကနေပစ္စည်းတွေဝယ်တာ

cosmetics အဝတ်အစား ဖုန်း နောက်လက်ဝတ်ရတနာကအစ အွန်လိုင်းကပဲဝယ်တယ် ကျွန်တော် ဘယ်လိုသုံးလဲဆိုတာ fri ဖြစ်တာကြာတဲ့ သူတွေကတော့သိမယ်။ဒါပေမဲ့ ဒီအလှူငွေစကောက်ကတည်းက ကျွန်တော်ဘာပစ္စည်းမှသိပ်မဝယ်ဖြစ်ဘူး ။သဘောကျတဲ့ပစ္စည်းတခုခုရှိရင်တောင်မှ ကျွန်တော့်ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်တယ်ဆိုလည်း

အခုချိန်မှာ လူတွေက ငါ့ကိုတမျိုးမြင်လိမ့်မယ် ဘုန်းထားတဲ့အလှူငွေတွေနဲ့ ဝယ်တယ်လို့ ပြောကြလိမ့်မယ် ဆိုပြီး ဘယ်လောက်သဘောကျကျ မဝယ်မိအောင် ထိန်းပါတယ်။အဲ့ဒါကိုသူငယ်ချင်းကို ပြောပြတော့ သူက စိတ်မကောင်းဖြစ်သွားတယ်ထင်တယ် နင်လိုချင်တာရှိရင် ငါဝယ်ပေးမယ်လို့ပြောရှာတယ်။

ကျွန်တော့်ကလေးအတွက် crochet အရုပ်ကလေးတွေ မိသားစုပုံနဲ့ onlineက မှာတာတောင် ကျွန်တော်မှာရင်ကောင်းမလား မမှာရင်ကောင်းမလား ၃ရက်လောက်စဉ်းစားခဲ့တယ်။ဒါက ကျွန်တော် တတ်နိုင်သမျှကိုယ့်ကိုကို ဆင်ခြင် ထိန်းသိမ်းပြီးနေခဲ့တယ် ဆိုတာပြောပြတာပါ ဒါပေမဲ့ သိပ်တော့လည်း မထူးပါဘူးအပြောခံရမယ့် အချိန်ရောက်လာတဲ့အခါ အပြောခံရတာပါပဲ။ အာမခံနိုင်တာတခုကတော့ ကျွန်တော့်ကိုယ်ကျိုးအတွက် အလှူငွေနဲ့ ကျွန်တော်ဖိနပ်တရံတောင် ဝယ်မစီးခဲ့ပါဘူး။စစ်ဘေးရှောင်တွေအတွက် လှူလိုက်တဲ့အထုပ်ထဲက ဖိနပ်ပဲယူစီးပါတယ် အိမ်ပေါင်ထားတာလည်း တခါမှမရှိပါဘူး

ရွေးတယ်ဆိုတာ ပို​တောင်ဝေးပါသေးတယ် ဆိုင်ကယ်လည်း မဝယ်ပါဘူး။အလှူငွေကောက်လို့ ငါအပြောခံရတာ အလှူငွေ မကောက်တော့ဘူးကွာ ရပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့နောက်မှာ ဘာပြသနာတွေရှိလာလဲဆိုတော့ ကျွန်တော့်ရဲ့လုပ်အားရပ်တန့်သွားတာပဲ We are nothing without donation and so do I

ကျွန်တော်လှူခဲ့ဖူးတဲ့ အဖွဲ့တွေကphဆက်လာတယ် မင်းကင်း ကနီ နေပြည်တော် ပုလဲ တမူး နဲ့တခြားမြို့တွေ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေကြောင်း အကျအဆုံးများကြောင်း အရေးပေါ်ပစ္စည်းဝယ်ဖို့လိုနေကြောင်း ဖြစ်နိုင်ရင်ကူညီစေလိုကြောင်း ခါတိုင်းဆိုရင်တော့ ကျွန်တော် တက်တက်ကြွကြွ လှုပ်ရှားမှာပဲ အခုကတော့ ငြင်းလိုက်မိတယ် ကျွန်တော့်ပြသနာတွေလည်း အကိုတို့ကြားမယ်ထင်တယ်

ကျွန်တော်အခု donation တွေရပ်လိုက်ပြီ ပြောရမှာအားနာပေမဲ့ ကျွန်တော် မကူညီနိုင်တော့ဘူးဆိုတော့ ဘာပြန်ပြောကြလဲဆိုရင် နားလည်ပါတယ် ကျွန်တော်တို့ဆရာမဘက်မှာရှိပါတယ် အားတင်းထားပါတဲ့ ကျွန်တော်မကူညီနိုင်တာအတွက် မငြူစူတဲ့အပြင် ပြန်တောင်အားပေးသွားတယ်။ အဲ့ညက ကျွန်တော်အိပ်မပျော်ဘူးအသက်တောင်ရင်းထားတဲ့သူတွေကို ကျွန်တော်ကကူညီဖို့ ငြင်းလိုက်တာတဲ့ ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ အသက်တောင်ရင်းနေကြတာကို ကျွန်တော်က နာမည်လေးတောင် မရင်းနိုင်ဘူးလားလို့ ကိုယ့်ကိုကိုပြန်မေးကြည့်တယ် ၊ချင်းပြည်နယ် မှာနေ့တိုင်းတိုက်ပွဲတွေဖြစ်နေတယ် မင်းတပ်ကသူတို့ချစ်ပေးကြတဲ့ အပြောခံအဆိုခံပြီး ကာကွယ်ပေးကြတဲ့ ဆရာမငြိမ်းဆိုတဲ့ ဆရာဝန်က ဘာလုပ်နေသလဲ

Fbပေါ်က ကိုယ်နဲ့မသိတဲ့ မတွေ့ဖူးတဲ့ သူတွေရဲ့post တွေအတွက် ချောင်မှာ ထိုင်ပြီးငိုင်နေတယ် စိတ်ညစ်နေတယ်။ မဟုတ်သေးဘူး ငါလုပ်နေတာတွေမဟုတ်သေးဘူး အတူရှိနေတဲ့ ဆရာဝန်စီနီယာအကိုကို ရင်ဖွင့်တော့ သူကဘာပြောလဲဆိုတော့ နင် မထောက်ပံ့နိုင်ရင် နင်က ဒီပေါ်မှာ လူပိုပဲညီမလေးတဲ့၊

ဟုတ်တာပေါ့ လူပိုအနေနဲ့တော့ကျွန်တော်ဆက်မနေချင်ဘူး အဲ့ဒါဆိုရင် ဘာဆက်လုပ်မလဲ။အပြောခံမလား နာမည်ပျက်ခံမလားလူပိုအနေနဲ့ ကိုယ့်ရှေ့မှာ ရိက္ခာပြတ်လပ်နေတာတွေ သေကြေနေကြတာတွေ ရင်နာခံပြီးထိုင်ကြည့်မလားဆို ပထမလမ်းကို ကျွန်တော်ရွေးမယ်

နာမည် ကျော်ကြားမူ ဆိုတာ တကယ်က ဘာမှမဟုတ်ပါဘူး သတ်မှတ်ချက်ပါပဲ။ လူချစ်လူခင်များတယ်ဆိုတာလည်းတကယ်ကတော့ Fbက love react အရေအတွက်သက်သက်ပါပဲ တကယ်ဒုက္ခရောက်တော့ ဘေးနားကအတူရှိတဲ့သူတွေပဲဒုက္ခခံရတာပဲ ဒီတော်လှန်ရေးပြီးရင် တော်လှန်ရေးကရတဲ့ အကျိုးအမြတ်နာမည်ထင်ပေါ်မှု ငွေကြေး နေရာဘာတခုမှ ကျွန်တော်မယူဘူးA Nyein ဆိုတဲ့သတ်မှတ်ခံထားရတဲ့ဘဝမှာလည်း ဆက်မနေဘူး။အရင်လိုစီးပွါးရေး ပြန်လုပ်ဖြစ်ရင် ဟုတ်ကဲ့ ဘာအလိုရှိပါသလဲ အားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောရတဲ့ဘဝကိုပဲ ပြန်သွားမယ်။ဆရာဝန်ဆက်လုပ်ဖြစ်ခဲ့ရင်လည်း နင်ကဆရာဝန်ဖြစ်မလာခဲ့သင့်ဘူးလို့ အဆူခံရတဲ့ဘဝကိုပဲ ကျေကျေနပ်နပ်ပြန်သွားမယ်။ နောက်ဆုံးကျွန်တော်ပြောချင်တာက ကျွန်တော့်ကိုယုံကြည်ပေးပါ ဆက်ယုံကြည်ပေးပါ။ကျွန်တော် management လွဲတာရှိကောင်းရှိမယ် အတွေးတွေမှားသွားတာ

တခြားသူတွေနဲ့ အယူအဆ ထင်မြင်ချက်တွေမတူတာ ရှိကောင်းရှိမယ်။ဒါပေမဲ့ကိုယ်ကျိုးအတွက် ငွေအလွဲသုံးစားမလုပ်ဘူးဆိုတာ အသက်နဲ့ရင်းပြီး အာမခံရဲပါတယ်။အကယ်၍ မယုံကြည်နိုင်ဘူးဆိုရင်တောင် ကျွန်တော်တို့လုပ်အားကို အသိအမှတ်ပြုပေးပါ သိန်းပေါင်း ၁၉၀၀၀ ကျော်ပါ $1million နီးပါးပါ။

အိမ်တအိမ်ခိုင်ခန့်ဖို့တည်တန့်ဖို့ဆိုတာ ဒေါက်တိုင်တွေအများကြီးလိုပါတယ် ကျွန်တော်တို့က ဒေါက်တိုင်တွေထဲကတတိုင်ပါ အတွင်းမှာခြစားနေတယ် ပိုးထိုးနေတယ်လို့ထင်ရင်တောင် အစားထိုးဖို့ နောက်ထပ်တိုင်မရှိသေးရင် ဖြိုချလို့မဖြစ်သေးပါဘူး အိမ်ပြိုသွားပါလိမ့်မယ်မပြိုရင်တောင် ခိုင်ခန့်မူအားနည်းသွားပါလိမ့်မယ်။အားလုံးပြီးစီးပြီဆိုမှ ဖြိုချပါ နောက်မကျပါဘူး အိမ်တည်ဆောက်ပြီးဖို့က အရင်အရေးကြီးတာပါ”ဆိုပြီး ဆရာဝန်မလေး အငြိမ်းက ဖြေရှင်းလာခဲ့တာပဲ ဖြစ်ပါတယ်နော်။

Credit