မြန်မာနိုင်ငံကဲ့သို့ ထိုင်းနိုင်ငံတွင်နေထိုင်ကြတဲ့လူအများစုဟာဗုဒ္ဓဘာသာကိုဆယ်စုနှစ်များစွာကြာအောင်ယုံကြ ည်ကိုးကွယ်လာခဲ့ကြပါတယ်။ကျွန်တော်တို့ဟာ ဗုဒ္ဓဘာ သာ၏အဆုံးအမကိုလိုက်နာကျင့်ကြံရန်ကုသိုလ်ကောင် းမှုပြုရန် သွန်သင်ဆုံးမခြင်းကိုခံကြရပါတယ်။ထို့ကြောင့်ကျွန်တော်တို့ကဗုဒ္ဓကဲ့သို့လေးစားထိုက်သော ဘာသာရေးအသွင်ဆောင်သည့် ဝတ်စားဆင်ယင်မှုကိုရွေးချယ်တဲ့အခါမှာ အချို့သောအင်တာနက်အသုံးပြုသူများအတွက် အရိုအသေမရှိခြင်းသို့မဟုတ်မသင့် လျော်ခြင်းဟုယူဆကြပါတယ်။
သို့ပေမဲ့ဘန်ကောက်ရှိထိုင်း influencerတစ်ဦးဟာလူ့ အဖွဲ့အစည်း၏စံနှုန်းများကိုစိန်ခေါ်ခဲ့ကာ Halloween ညတွင် ဗုဒ္ဓအဖြစ်ဝတ်ဆင်ခဲ့ခြင်းကြောင့်လူအများရဲ့ဝေဖန်ခြင်းကိုခံခဲ့ရပါတယ်။
အောက်တိုဘာလ 31 ရက်နေ့တွင် Facebook၌နာမည် ကြီးThai influencerတစ်ဦးဖြစ်တဲ့ Nut Nisamanee Lertwrapong ဟာ Halloweenညအတွက်ရိုက်ကူထ ားတဲ့ Buddha”အဖြစ်ဝတ်ဆင်ထားသည့်ဓာတ်ပုံများ ကို သူမရဲ့တရားဝင် Facebook page Sabudpr ang မှာတင်ခဲ့ပါတယ်။ဓာတ်ပုံများတွင်Nisamaneeကလက်ထဲတွင်ကြာပန်းနှ င့်အဝါရောင်သင်္ကန်းကိုဝတ်ဆင်ထားပြီးဗုဒ္ဓ၏အဆုံးအ မများကိုနောက်ခံထားတဲ့ပန်းချီကားတစ်ချပ်ကိုပါမြင်တွေ့ရပါတယ်။
Facebookမှာတင်ထားတဲ့ postဟာအင်တာနက်အသုံ းပြုသူတွေရဲ့အာရုံစိုက်မှုများစွာကိုခံခဲ့ရပြီး Nisama neeကသူမရဲ့ post အကြောင်းကို comment section မှာအသေးစိတ်ရှင်းပြထားခဲ့ပါတယ်။ထို့ပြင် “ ဒီနှစ်မှာ ကျွန်မရဲ့ Halloween ဝတ်စုံအတွက်၊ အငြင်းပွားစရာဖြစ်စေချင်ပါတယ်၊လူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့အမြင်တွေရှိနေလို့ဘာသာရေးယုံကြည်ချက်နဲ့ ပတ်သက်ပြီးလူတွေရဲ့ကိုယ်ပိုင်အ မြင်တွေကို ဖလှယ်စေချင်ပါတယ် ၊
ဘာသာမတူတဲ့အယူအဆတွေအတွေးအမြင်တွေစိန် ခေါ်ခံရတဲ့အခါလူတွေဘယ်လိုတုံ့ပြန်မလဲဆိုတာကစိ တ်ဝင်စားဖို့ကောင်းပြီးကျွန်မကဘယ်သူ့ကိုမှစော်ကားဖို့လည်းမရည်ရွယ်ပါဘူး ”လို့ Net idolဖြစ်တဲ့ Nisama neeကသူမရဲ့ IG story မှာတင်ထားခဲ့ပါတယ်။သူမကဒါကိုအဆိုးမြင်စိတ်နဲ့ကြည့်မယ်ဆိုရင်ပြဿနာဖြစ်စေပါတယ်၊ဒါမယ့်အပြုသဘောနဲ့ကြည့်ရင်တော့ပြ ဿနာမဖြစ်စေပါဘူးဆိုပြီးpostတင်ပြီးနောက်မှာတော့အင်တာနက်သုံးစွဲသူအတော်များများကသူမရဲ့ဖက်ရှင်ရွေးချယ်မှုနဲ့ပတ်သက်ပြီးမှတ်ချက်တွေပေးခဲ့ကြပါတ ယ်။
Facebook အသုံးပြုသူအများအပြားကထိလွယ်ရှလွ ယ်တဲ့ပြဿနာကိုဖြေရှင်းဖို့ သူမရဲ့ရဲစွမ်းသတ္တိအတွက် influencer အား ချီးကျူးခဲ့ကြပေမဲ့ အခြားသောအင်တာနက်အသုံးပြုသူများက
သူမရဲ့ဝတ်စားဆင်ယင်မှုဟာဗုဒ္ဓဘာသာအပေါ် ရိုင်းစို င်းပြီးမလေးစားကြောင်း၊ လက်ခံပေးစရာအကြောင်းမရှိကြောင်းစတဲ့အနုတ်သဘောဆန်တဲ့မှတ်ချက်များစွာဖြင့်ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ဟုတ်ပါတယ်၊Nisamaneeအနေနဲ့ဗုဒ္ဓဘာသာကိုယုံကြ ည်သည်ဖြစ်စေ ၊မယုံကြည်သည်ဖြစ်စေသူမအနေနဲ့ ယုံ ကြည်သူအခြားသူများရဲ့အတွေးအမြင်များကိုလေး စားသင့်ပြီး
သူမလုပ်ဆောင်မဲ့အရာကို အမြဲဂရုတစိုက် စဉ်းစားထားသင့်ပါတယ်။ စာဖတ်သူတို့အနေနဲ့ကော Nisamanee ရဲ့လုပ်ရပ်ကို ဘယ်လိုထင်မြင်ပါသလဲဗျာ။
Credit