အများဆုံး ထောင်ဒဏ် ၁၀၂ ထိကျခံရနိုင်တဲ့ ပုဒ်မ ၁၁ ခု နှင့် ဒေါ်အောင်ဆန်းစုကြည်(ဘာသာပြန်ဆောင်းပါး)မြန်မာရဲ့ဖြုတ်ချခံအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
စစ်တပ်ကဖမ်းဆီးထိန်းသိမ်းထားတာရှစ်လကျော်ကြာပါပြီ။ ပြီးခဲ့တဲ့အင်္ဂါ (အောက်တိုဘာ ၂၆) မှာတော့ ၎င်းရဲ့အမှုကို ပထမဆုံးအကြိမ်တံခါးပိတ်စစ်ဆေးခဲ့ပါတယ်။
မြို့တော် နေပြည်တော်ရှိ သူ့အတွက်သီးသန့်ရည်ရွယ်ထားတဲ့ တရားရုံးမှာ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကို အများပြည်သူအား မတည်ငြိမ်အောင်လှုံ့ဆော်ခြင်း၊ စကားပြောစက်များတရားမဝင်မှောင်ခိုသွင်းခြင်းနဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးဆိုင်ရာပြဌာန်းချက်များကို ဖေါက်ဖျက်ခြင်း အစရှိတဲ့ ပြစ်မှုတွေနဲ့ ရုံးတင်စွပ်စွဲခဲ့တာ လပေါင်းများစွာရှိပါပြီ။
တရားရုံးကို သတင်းစာဆရာများ၊ သံတမန်များ နဲ့ အများပြည်သူတစ်ဦးတစ်ယောက်တလေမျှ တက်ရောက်ခွင့်မရရှိခဲ့ပါဘူး။ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမှုတွေကို အများပြည်သူရှေ့မှောက်မှာ ခုံရုံံးဖွဲ့ (open court)
စစ်ဆေးခြင်းမျိုးမဟုတ်တဲ့အပြင်ယခုတဖန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ထဲက ၅ ဦးကို တရားခွင်ရှိစစ်ဆေးမေးမြန်းချက်များနှင့်ပတ်သက်ပြီးအများပြည်သူကို ထုတ်ပြန်ပြောဆိုခွင့်ကို အာဏာသိမ်းအုပ်စုက ပိတ်ပင်ခဲ့ပါတယ်။
အကယ်၍များ ဒေါ်အောင်ဆန်းကြည်ကို စွဲဆိုထားတဲ့ ပြစ်မှု ၁၁ မှုလုံးကို ပြစ်မှုထင်ရှားကြောင်းအမိန့်ချခဲ့မယ်ဆိုရင်ထောင်ဒဏ် အများဆုံး ၁၀၂ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။သမ္မတ ဂျိုးဘိုင်ဒင်က ၄ နှစ်အတွင်း အမေရိကန်သမ္မတအဖြစ် အာဆီယံထိပ်သီးညီလာခံကိုမတက်ခင်တစ်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေကို မြန်မာမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။
မြန်မာအာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတော့ အာဆီယံက ထိပ်သီးညီလာခံကနေ ချန်လှပ်ခဲ့တယ်။ယမန်နှစ်နိုဝင်ဘာရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၎င်းရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုအစိုးရတစ်ရပ်အဖြစ်ပြန်မဖွဲ့စည်းနိုင်အောင် စစ်တပ်က တားဆီးနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
ရုံးထုတ်၊ ပုဒ်မတပ် အမှုစစ်ဆေးခြင်းမျှသာဖြစ်တယ်လို့ ကျွမ်းကျင်သူများက ပြောပါတယ်။ဒါ နိုင်ငံရေးနဲ့နွယ်နေတဲ့ ဟန်ပြတရားခွင် တစ်ခုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လူမြင်ကွင်းမှာ ပုဒ်မတွေတပ်ပြပြီ
းနေအိမ်အကျယ်ချုပ်ချပစ်မယ်။ ဒီလိုနဲ့ပဲ တစ်ထီးတည်းဖြစ်အောင်အထားခံရပြီး သူ သေဆုံးသွားတာကို စစ်တပ်ကမျှော်လင့်နေတာပါ” လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဒေးဗစ် စကော့ မတ်တီဇန် (David Scott Mathieson) က ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်းအပေါ် ပုဒ်မ ၁၁ ခုထိတပ်ပြီးတရားစွဲဆိုထားတဲ့အမှုတွေကို ဆက်စပ် တရားခွင် သုံးခုမှာ မှာတစ်ပြိုင်တည်း ရင်ဆိုင်နေရပါတယ်။ စကားပြောစက်တွေနဲ့ဆက်ဆိုင်တဲ့ ပုဒ်မ ၂ ခု၊ ကိုဗစ်-၁၉ မပြန့်ပွားရေးအတွက်လိုက်နာစောင့်ထိန်းရမယ့် ပြဌာန်းချက်များနဲ့ဆက်ဆိုင်တဲ့ ပုဒ်မ ၂ ခု၊ ၎င်းကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းပြီးနောက်တွင်မှ
NLD ပါတီအရာရှိများ ထုတ်ပြန်ခဲ့တဲ့ကြေညာချက်များကိုအခြေခံပြီး အများပြည်သူကို မတည်မငြိမ်ဖြစ်စေခြင်းနဲ့သက်ဆိုင်တဲ့ပုဒ်မ ၁ ခု တို့ကို ပထမ တရားခွင်မှာ တပြိုင်တည်းရင်ဆိုင်နေရပါတယ်။ဒုတိယ နှင့် တတိယ တရားခွင်မှာတော့ ကိုလိုနီခေတ်ကပြဌာန်းခဲ့တဲ့နိုင်ငံတော်လျို့ဝှက်အက်ဥပဒေကို ချိုးဖေါက်ခြင်းနဲ့ဆက်ဆိုင်တဲ့
ပုဒ်မ ၁ ခု နှင့် အဂတိလိုက်စားမှုနဲ့ဆက်ဆိုင်တဲ့ ပုဒ်မ ၄ ခု တို့ပါဝင်ပါတယ်။ ငါးခုမြောက် အဂတိလိုက်စားမှုအတွက်အမှုစစ်ဆေးခြင်းတို့ကိုလည်း စတင်လျှက်ရှိနေပါတယ်။ဒေါ်အောင်ဆန်းစုကြည်က ရွှေ နဲ့ ငွေသားတွေကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့တယ်ဆိုပြီး တရားစွဲဆိုထားတဲ့အဂတိလိုက်စားမှုမှာဆိုရင် တရားစွဲဆိုသူတွေဖက်က သိသာထင်ရှားတဲ့ဘယ်သက်သေကိုမှ မပြနိုင်ခဲ့ပါဘူး။
ထိုကဲ့သို့သောစွက်စွဲချက်တွေနဲ့ပတ်သက်ပြီး “အခြေအမြစ်မရှိဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန်ပြောကြားခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို လူကြိုက်များမှုက ၁၉၆၂ ခုနှစ် မှာ တိုင်းပြည်အာဏာကို
သိမ်းယူခဲ့ပြီးရာစုနှစ်ဝက်ကျော်ကြာသည်အထိ မြန်မာကိုအုပ်ချုပ်ခဲ့တဲ့စစ်တပ်အတွက် ဆူးတစ်ချောင်းလို ဖြစ်နေခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ၎င်းရဲ့ NLD ပါတီ အနိုင်ရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ဖြတ်သိမ်းခဲ့ပြီး
၎င်းကိုလည်း နေအိမ်အကျယ်ချုပ် စုစုပေါင်း ၁၅ နှစ် ချခဲ့ပါတယ်။ ၂၀၁၀ မှာ စစ်တပ်ကအာဏာချုပ်ကိုင်မှုကိုဖြေလျှော့ပြီးနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရဲ့ NLD ပါတီကရွေးကောက်ပွဲမှာ တဖန်အနိုင်ပြန်ရခဲ့ပြီး တိုင်းပြည်ကို ငါး နှစ်တာ အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။တိုင်းပြည်ရဲ့အရပ်သားခေါင်းဆောင်အဖြစ် ငါး နှစ်တာ အုပ်ချုပ်ခွင့်ရခဲ့တဲ့အချိန်အတွင်းမှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ တိုင်းပြည်အာဏာကို ကျဉ်းကျုံ့ခက်ခဲစွာ မျှဝေစီမံခဲ့ရပါတယ်။စစ်ဗိုလ်ချုပ်တွေရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က စစ်တပ် နဲ့ ရဲတပ်ဖွဲ့ ကို တိုက်ရိုက်ထိန်းချုပ်ကိုင်တွယ်ခွင့်ရှိပြီ စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ကိုလည်း ၎င်းတို့ဘာသာခန့်အပ်ပိုင်ခွင့်ရှိတဲ့အပြင် လွှတ်တော်ရဲ့၂၅ ရာခိုင်နှုန်းကိုလည်း ၎င်းတို့ပဲနေရာယူထားတာပါ။
၂၀၁၆ ခုနှစ် နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက အရပ်သားလွှတ်တော်ကိုယ်စားလှယ်ဖက်အခြမ်းကိုကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားစီရင်ရေးစနစ်ကိုပြောင်းလဲပြုပြင်ပေးမှုမရှိခဲ့ခြင်းစစ်တပ်ကကျောထောက်နောက်ခံပြုထားတဲ့ တရားသူကြီးတွေအား လူစားထိုးခန့်အပ်မှုတွေကို မပြုလုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး
မပြုလုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဝေဖန်သူတွေက ၎င်းကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။မြန်မာရဲ့တရားစီရင်ရေးစနစ်က လူ့အခွင့်အရေး နဲ့ နိုင်ငံရေးအမှုတွေမှာဆိုရင် စစ်တပ်ဖက်ကို အမြဲယိုင်ပါတယ်။ ရခိုင်ပြည်နယ်မှရိုဟင်ဂျာတွေအစုလိုက်အပြုံလိုက်အသတ်ခံရတဲ့အကြောင်းကို ဖေါ်ထုတ်ခဲ့တဲ့ ရိုက်တာသတင်းထောက် နှစ်ဦးဟာနိုင်ငံတော်လျို့ဝှက်အက်ဥပဒေနဲ့ ပုဒ်မတပ်တရားစွဲဆိုခံခဲ့ရပါတယ်။ ယင်းအမှုမှာ တရားသူကြီး ဦးရဲလွင်က
သတင်းထောက် နှစ်ဦးအား ထောင်ဒဏ် ၇ နှစ် ကျခံစေဖို့ ၂၀၁၈ မှာ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အနီး တစ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ထိန်းသိမ်းခံထားရစဉ်အစောပိုင်းကာလတွေမှာ ဒေါ်အောင်ဆန်းဆုကြည်ရဲ့မျက်လုံးကို အဝတ်စနဲ့စည်းပြီးတရားရုံးကိုလာစေခဲ့တယ်လို့ ၎င်းရဲ့ရှေ့နေတစ်ဦးကဆိုခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်တွေက အာဆီယံအထူးကိုယ်စားလှယ်အပါအဝင်
ပြင်ပက မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မပေးပါဘူး။ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးအင်အားစုတွေကို အဆုံးသတ်ဖို့ ကြိုးစားတဲ့အနေနဲ့ အာဏာသိမ်းစစ်အုပ်စုကပုဒ်မတွေတပ်ပြီး ရုံးတင်တရားစွဲဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း မြန်မာပြည်သူတွေရဲ့အမြင်မှာဒေါ်အောင်ဆန်းစုကြည်ကတော့ အပြစ်ကင်းပြီးမြင့်မြတ်သူတစ်ဦးလို့ မြင်ကြပါတယ်။
တစ်တိုင်းပြည်လုံးက ဆန္ဒပြပြည်သူတွေဆုပ်ကိုင်ထားတဲ့ ကြွေးကြော်သံပါ ဆိုင်းဘုတ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မျက်နှာ နဲ့ အမည်တွေက စွဲစွဲမြဲမြဲနေရာယူထားပါတယ်။စစ်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လူ ၁,၂၀၀ ကျော်အထိ သတ်ဖြတ်ခဲ့မှု နဲ့ လူ ၉,၀၀၀ ကျော်ကိုဖမ်းဆီးထိန်းသိမ်းခဲ့မှုတွေရှိခဲ့သော်ငြား အာဏာသိမ်းမှုကိုဆန့်ကျင်လှုပ်ရှားမှုတွေက နိုင်ငံတဝန်းမှာ ရပ်စဲသွားမယ့်ပုံ
မရှိပါဘူး။ မြန်မာဟာ ပြည်တွင်းစစ်ချောက်ကမ်းပါးစွန်းကို ရောက်နေပြီး ထောင်ပေါင်းများစွာသောဒုက္ခသည်တွေကလည်းအိန္ဒိယနိုင်ငံဖက်ကို ကူးလူးခိုလှုံနေရပါတယ်လို့ မြန်မာဆိုင်ရာကုလအထူးကိုယ်စားလှယ်ဟောင်းကလည်း ဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတကြီးဦးဝင်းမြင့်နဲ့အတူ ဖမ်းဆီးထားပါတယ်။ သမ္မတကြီး ဦးဝင်းမြင့်ကိုလည်း ကိုဗစ်-၁၉
ထိန်းချုပ်မှုဆိုင်ရာပြဌာန်းချက်များကို ချိုးဖောက်ခြင်း၊ တိုင်းပြည်ဆူပူအောင်လှုံ့ဆော်မှုတွေနဲ့ တရားစွဲဆိုထားပါသေးတယ်။အစိုးရသစ်ဖွဲ့စည်းဖို့ လွှတ်တော်စတင်မယ့် ဖေဖေါ်ဝါရီ တစ်ရက် ရဲ့ နံနက်စောစောမှာပဲ စစ်တပ်က ရွေးကောက်ပွဲမှာမဲမသမာမှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် ပါတီရဲ့ထိပ်တန်းအဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့ပါတယ်။
ဖေဖေါ်ဝါရီတစ်ရက် နံနက်စောစောမှာ စစ်အရာရှိနှစ်ယောက်က သမ္မတကြီးဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြပြီးသမ္မတနေရာကနေ နှုတ်ထွက်စာတင်ပေးဖို့ တောင်းဆိုခဲ့ကြောင်းကို ယခုလအစောပိုင်းက တရားခွင်မှာသမ္မတကြီး ထွက်ဆိုခဲ့ကြောင်း
ရှေ့နေ ဦးခင်မောင်ဇော်က ပြောပြခဲ့ပါတယ်။သမ္မတကြီးက ယင်းကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တဲ့အခါ၊ ၎င်း၏ငြင်းပယ်ခြင်းကြောင့် ဒုက္ခရောက်နိုင်ကြောင်းသတိပေးပြောကြားခြင်းခံခဲ့ရတယ်။ စစ်တပ်ရဲ့အလိုကိုလိုက်လျောမယ့်အစား အသက်သာအသေခံမယ်လို့ သမ္မတကြီးက တရားခွင်မှာပြောဆိုခဲ့ပါတယ်။
Credit