Local News

ဦးဝင်းထိန်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို တရားစီရင်မည့်သူ

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၁ မှု စွဲဆိုထားသည့်အနက် အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဆိုင်ရာ အမှုကို စစ်ဆေးနေသူမှ

ာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးဝင်းထိန်ကို ယခုရက်ပိုင်းအတွင်း ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်သည့် ဒဏ္ခိဏခရိုင်တရား သူကြီးဦးရဲလွင်ပင်ဖြစ်သည်။

ဦးရဲလွင်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက်က ကမ္ဘာကျော် အမှုကြီးနှစ်ခု ဖြစ်သည့် တရားလွှတ်တော်ရှေ့နေ

ဦးကိုနီ လုပ်ကြံခံရသည့်အမှုနှင့် Reuters သတင်းထောက်များအမှုတွင် ရန်ကုန်မြောက်ပိုင်း ဒုတိယခရိုင် တရားသူကြီး၊ ပြန်ကြားရေးအရာရှိ စသည့် တာဝန်များကိုယူခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာသိမ်းလိုက်သည့်

စစ်ကောင်စီလက်ထက်တွင် နေပြည်တော် ဒက္ခိဏခရိုင် တရား သူကြီးဖြစ်လာသူ ဦးရဲလွင်ထံ ကမ္ဘာရော၊ မြန်မာပါ စိတ်ဝင်စားသည့် အမှုကြီးများ ရောက်လာသည်

ဖေဖော်ဝါရီ ၄ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် NLD ပါတီနာယက ဦးဝင်းထိန်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း (နှစ် ၂၀) ချမှတ်နိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ၁၂၄−က ဖြင့် စစ်ကောင်စီက အမှုဖွင့်သည့် တရားခွင်တွင် ဦးရဲလွင် စတင်ပေါ်ထွက်လာသည်။

နေပြည်တော် အချုပ်ထောင်အတွင်း သီးသန့်ဖွင့်ထားသည့် တရားရုံး၌ ဦးဝင်းထိန်၏အမှုကို ခရိုင်တရား သူကြီးတစ်ဦး၊ ဒုခရိုင်တရားသူကြီး နှစ်ဦးပါဝင်သော ခုံအဖွဲ့ဖြင့် စစ်ဆေးရန် ပြည်ထောင်စု တရား လွှတ်တော်ချုပ် က မတ် ၁၈ ရက်စွဲဖြင့် ညွှန်ကြားခဲ့သည်။ ထိုခုံအဖွဲ့တွင် ဦးရဲလွင်က ဥက္ကဋ္ဌအဖြစ် ပါဝင်လာခြင်းဖြစ်သည်။

ဦးရဲလွင် ထိုတာဝန်ယူပြီး သုံးလအကြာ ဇူလိုင် ၁၆ တွင် အာဏာသိမ်းစစ်ခေါင်းဆောင်၏ လုပ်ရပ် ဝေဖန်သူ ဦးဝင်းထိန် ပုဒ်မ ၁၂၄−က ဖြင့် စွဲချက်တင်ခံရသည်။

နောက်သုံးလကျော် အကြာ အောက်တိုဘာ ၂၉ တွင် စစ်ကောင်စီက ပြစ်ဒဏ်တိုးမြှင့်ထားသည့် ထိုပုဒ်မဖြင့် အမြင့်ဆုံးထောင်ဒဏ်ချမှတ်ရန် ဦးရဲလွင် ဆုံးဖြတ်သည်။

ကိုးလခန့် ကြာညောင်းသည့် တရားခွင်များအတွင်း ဦးရဲလွင်က မလေးမစား မလုပ်ခဲ့သလို ခုခံပိုင်ခွင့်များ ကိုလည်း အပြည့်အဝပေးခဲ့သည်ဟု ဦးဝင်းထိန်၏ရှေ့နေ ဦးမြင့်သွင်က ဆိုသည်။

တရားသူကြီးကလည်း အလုပ်သဘောအရ လုပ်တာကိုး။ အမိန့်လည်း ချပြီးရော အန်ကယ်ထိန်ကို အထွေ အထူးကြီး မကြည့်တော့ဘူးပေါ့။ အမိန့်လေးချပြီး မတ်တပ်ရပ် (တရားခွင်ပေါ်) ဆင်းသွားကြတာပေါ့” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို အမိန့်ချမည့် တရားခွင် မစတင်မီ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ စွဲထားသည့် အဂတိမှုတစ်ခုအတွက် နေပြည်တော် ကောင်စီဝန်းအတွင်း ရှိ သီးသန့်တရားခွင်သို့ အမှုကိစ္စဖြင့် ခေတ္တရောက်စဉ်အခြေအနေများပြောဖြစ်ခဲ့ကြသေးသည်ဟု ၎င်းက ဆက်ပြောသည်။

ဦးဝင်းထိန်မှာ ‌ထောင်ဒဏ်အနှစ် ၂၀ ချမှတ် ခံရနိုင်ဖွယ်ရှိကြောင်း သတင်းစကားပါးသည့် အခါ “ကျွန်မက ပိုများမယ်ထင်တာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ရယ်စရာသဘောထား၍ မှတ်ချက်ပြုသည်ဟု ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တိုင်းပြည်အာဏာသိမ်းယူပြီးနောက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြု ရေး အာဏာသုံးရပ်လုံးကို ဦးစီးဆုပ်ကိုင်လိုက်သည့်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်တွင် တရားသူကြီးဦးရဲလွင် နေပြည်တော်သို့ မည်သို့ပြောင်းရွှေ့တာဝန်ကျခဲ့သည်ကိုမူ မသိရပေ။

ကမ္ဘာရောမြန်မာကပါ စိတ်ဝင်စားသည့် အမှုကြီးများ ကိုင်တွယ်ရမည့် ဒဏ္ခိဏခရိုင်တရားသူကြီး ဦးရဲလွင်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် မည်သို့မျှ မှတ်ချက်မပြုလိုဟုသာ တုံ့ပြန်သည်။

ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံး၌ ဦးကိုနီကို လုပ်ကြံသူများကို အမိန့်ချသည့် ၂၀၁၉ ဖေဖော်ဝါရီ ၁၅ ရုံးချိန်းအပြီး သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးရဲလွင်။ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံး၌ ဦးကိုနီကို လုပ်ကြံသူများကို အမိန့်ချသည့် ၂၀၁၉ ဖေဖော်ဝါရီ ၁၅ ရုံးချိန်းအပြီး သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးရဲလွင်။

ဦးရဲလွင်ဆိုတာ ဘယ်လိုလူလဲ

တရားသူကြီးဦးရဲလွင်မှာ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့် ဥပဓိရုပ်ရှိသူဟု ဆိုနိုင်သည်။ အသက် ၅၀ ဝန်း ကျင်ရှိပြီဖြစ်ကာ တရားရေးဝန်ထမ်းလုပ်သက် နှစ်ပေါင်း ၂၀ ကျော်ရှိသူ ဦးရဲလွင်သည် အထက်လူကြီး၏ ယုံကြည်စိတ်ချမှုကို ရလေ့ရှိသူဖြစ်ကြောင်း တရားရေးလောကတွင် နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်း ဆောင်ခဲ့သည့် အငြိမ်းစားအရာရှိကြီးတစ်ဦးက ဆိုသည်။

သာမန်အားဖြင့် သူက ဖြောင့်မှန်တဲ့လူတစ်ယောက်ဖြစ်တယ်လို့ ယူဆနိုင်တယ်။ နောက် လာဘ်ပေးလာဘ် ယူတို့နဲ့ ပတ်သက်ပြီး နာမည်ပျက်ယွင်းခဲ့တာ မရှိဘူး”ဟု ၎င်းက ပြောသည်။သို့သော် ထိုသို့သော

အကြောင်းပြချက်ကြောင့် အမှုကြီးများ ကိုင်တွယ်ရန် တာဝန်ပေးခံရခြင်းမျိုးတော့ မဟုတ်နိုင်ဟု အမည်နှင့် တာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးကိုထုတ်ဖော်ပြောဆိုလိုခြင်း မရှိသည့် ထိုအငြိမ်းစားအရာရှိကြီးက သုံးသပ်သည်။

အဲဒီလို (တမင်စစ်ခိုင်းတယ်လို့) ယူဆလို့တော့ မရဘူး။ လူကြီးအနေနဲ့ ဘယ်လိုအရည်ချင်းရှိတဲ့သူကို တာဝန်ပေးသင့်တယ်လို့ စဉ်းစားတာမျိုးတော့ရှိနိုင်တယ်။ ဒါပေမယ့် ကိုရဲလွင်စစ်မှ ဖြစ်မယ်လို့ တာဝန်ပေး တယ်လို့ မမြင်ပါဘူး”ဟု ၎င်းက ပြောသည်။

NLD ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်ပတ်သက်သူများကို စစ်ဆေးကြားနာ သည့် ရန်ကုန်မြောက်ပိုင်းခရိုင် တရား ရုံး၌ ၂၀၁၉ ခုနှစ်အတွင်းက သတင်းထုတ်ပြန်ရေးတာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့သူ ဦးရဲလွင်မှာ သတင်း ထောက်များအကြား ပေါင်းသင်းဆက်ဆံရေးကောင်းသူအဖြစ် ကျော်ကြားသည်။

ပြောရဆိုရ လက်ပေါက်မကပ်ဘူး။ မဖြေချင်တာ၊ မဖြေနိုင်တာမေးလည်း စိတ်ဆိုးဟန် မပြဘူး။ သက် သက်သာသာနဲ့ ငြင်းတယ်၊ လှည့်ပတ်ဖြေသွားတာပဲ” ဟု နိုင်ငံခြားသတင်းဌာနတစ်ခု၏ ရန်ကုန်အခြေစိုက် ဝါရင့်သတင်းထောက်တစ်ဦးက ပြောသည်။

ဦးကိုနီကို လုပ်ကြံသူများအား အမိန့်ချသည့် ၂၀၁၉ ဖေဖော်ဝါရီ ၁၅ ရက် ရုံးချိန်းအပြီး ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးရဲလွင်က စီရင်ချက်အကြောင်း ရှင်းလင်းသည်။

သေနတ်သမား ကြည်လင်းနှင့် ဦးကိုနီကို လုပ်ကြံရန် စေခိုင်းသူများထဲမှ အောင်ဝင်းဇော်ကို သေဒဏ်၊ ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်၊ အောင်ဝင်းထွန်းကို ၃ နှစ် ပြစ်ဒဏ်ချမှတ်သည့်အ ကြောင်း ဦးရဲလွင်က ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိဟောင်း၊ အငြိမ်းစားဗိုလ်မှူးကြီး ဦးလင်းဇော်ထွန်း ပါဝင်ပတ်သက်သည်ဟု

သတင်းကြီးသော ထိုအမှုတွင် တရားရုံးအမိန့် မှာ ကျူးလွန်သူ အချို့အပေါ် သက်ညှာသကဲ့သို့ ဖြစ်နေကြောင်း သတင်းထောက်များက မေးခွန်းထုတ်စဉ် ဦးရဲလွင်

တရားရုံး ပြန်ကြားရေးအရာရှိ တစ်ယောက်အနေနဲ့ ဒီအမှုရဲ့ ဒီနေ့အတွက် ဆောင်ရွက်ချက်တွေကို သတင်းထုတ်ပြန်နေခြင်းဖြစ်ပါတယ်။ တွေ့ရှိချက်၊ သုံးသပ်ချက်တွေကို ဒီစီရင်ချက်မှာ အသေးစိတ်ဖော် ပြထားပြီးဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ ကျွန်တော့်အနေနဲ့ သီးခြားမှတ်ချက် ပေးရန်မရှိပါဘူး” ဟု တည်ငြိမ်စွာ တုံ့ပြန်သည်။

NLD အစိုးရလက်ထက်တွင် Reuters သတင်းထောက်နှစ်ဦး လျှို့ဝှက်အက်ဥပဒေဖြင့် စွဲခံရသည့်အမှုတွင် တရားလိုပြ (အစိုးရ) သက်သေအဖြစ် ထွက်ဆိုခဲ့ဖူးသူ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ဦးရဲလွင်၏ တရားခွင် ထိန်းကျောင်း ကိုင်တွယ်မှုမှာ အပြစ်ဆိုစရာမရှိဟု ပြောသည်။

သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံး (ခ) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦးကို ထောင်ချောက်ဆင် ဖမ်းခဲ့သည်ဟု ထွက်ဆိုစဉ်

ဥပဒေအရာရှိက ကန့်ကွက်သော်လည်း တရားသူကြီး ဦးရဲလွင်က ဟန့်တား ခြင်းမရှိဘဲ ရှင်းလင်းစွာပြောရန်သာ သတိပေးခဲ့သည်ဟု ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ဆိုသည်။

ကျွန်တော့်ရဲ့ ထွက်ဆိုချက်ကို ပစ်ပယ်တာတော့ မရှိဘူး။ သက်သေခံအဖြစ် သူတင်သွင်းတယ်။ ဝလုံးတို့ အပေါ် တရားစီရင်ချက် ချတဲ့အခါကျတော့ ကျွန်တော့်ရဲ့ ထွက်ဆိုချက်နဲ့ မဆိုင်တဲ့ သဘောမျိုးပါ”ဟု ဒုရဲမှူးဟောင်းဦးမိုးရန်နိုင်က သုံးသပ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်းတောခရိုင် အင်းဒင်ကျေးရွာတွင် ၂၀၁၇ ခုနှစ်က အရပ်သား ၁၀ ဦးကို စစ်တပ်က သတ်ဖြတ်မှုကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ဦးရဲလွင် က လျှို့ဝှက်အက် ပုဒ်မ ၃ (၁) (ဂ)အရ အမြင့်ဆုံးချနိုင်သည့် ပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သော ထောင် ၇ နှစ် ကျခံစေရန်အမိန့်ချသည်။

ဒုရဲမှူးဟောင်းမိုးရန်နိုင် မှာမူ ထိုသို့ထွက်ဆိုမှုကြောင့် ရဲအရာရှိဘဝကို စွန့်လွှတ်ခဲ့ရသည့်အပြင် စစ်တပ်က ချုပ်ကိုင်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတရားရုံးက ရဲစည်းကမ်း ဖောက်ဖျက်သည်ဆိုကာ ထောင် တစ်နှစ်ချမှတ်ခံခဲ့ရသည်။

MYN – ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် ၂၀၁၈ ခုနှစ်အတွင်း ရိုက်တာသတင်းထောက်နှစ်ဦး၏ အမှုအတွက် သက်သေလာထွက်သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်

။ ဓာတ်ပုံ – Myanmar NowMYN – ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် ၂၀၁၈ ခုနှစ်အတွင်း ရိုက်တာသတင်းထောက်နှစ်ဦး၏ အမှုအတွက် သက်သေလာထွက်သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်။ ဓာတ်ပုံ – Myanmar Now

စစ်အာဏာသိမ်းပြီးနောက် တရားစီရင်ရေးအခြေအနေ

လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်အကြီးအကဲမှာ ၂၀၁၁ ခုနှစ်ကတည်းက ပြည်ထောင်စုတရားသူကြီးချုပ် အဖြစ် တာဝန်ယူထားသူ ဦးထွန်းထွန်းဦးဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးကို အခြားသူတစ်ဦးဖြင့် အစားထိုးခဲ့သော်လည်း တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကိုမူ ဆက်လက်ထားရှိခဲ့သည်။

ရှေ့နေချုပ်နှင့် တရားသူကြီးချုပ် နှစ်ဦးလုံးမှာ နာမည်ဆင်တူသလို တပ်မတော်အရာရှိဟောင်းများလည်း ဖြစ်ကြသည်။ တရားသူ ကြီးချုပ် ဦးထွန်းထွန်းဦးမှာ အနောက်တောင်ပိုင်းတိုင်း စစ်ဌာချုပ်နှင့် စစ်ဥပဒေချုပ်ရုံးတွင် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်သည်။

အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေအရ ပြည်ထောင်စု တရားသူကြီးချုပ် သက်တမ်းကို အသက် ၇၀ အထိ ခွင့်ပြုထားသည်။ ထိုဥပဒေအရ ဆိုလျှင် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးမှာ နောက်ထပ် ၅ နှစ် အနည်းဆုံး တာဝန်ဆက်ယူနိုင်သေးသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားစီရင်ရေးမဏ္ဍိုင်အကြီးအကဲနေရာတွင် စစ်တပ်အရာရှိဟောင်း တစ်ဦး ကာလကြာရှည် နေရာယူထားနိုင်ခြင်းသည် စစ်ဗိုလ်ချုပ်ကြီးများ၏ အကြံအစည်ပင်ဖြစ်သည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး။ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးမှာ လွတ်လပ်မှုမရှိဟု စစ်တပ်က အာဏာမသိမ်းမီ ငါးနှစ်ခန့် တိုင်း ပြည်ကို ဦးဆောင်ခွင့်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားဖူးသည်။

ကျွန်မပါတီ (NLD)က တရား ဥပဒေစိုးမိုးရေးကို ခဏခဏ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ တရားစီရင်ရေးက လွတ်လပ်တဲ့ မဏ္ဍိုင်ဖြစ်ဖို့ အလှမ်းဝေးပါသေးတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့

လက်ခုပ် ထဲက ရေမျှသာဖြစ်နေတယ်။ ဆိုလိုတာက တရားစီရင်ရေးက ဒီမိုကရေစီ မဆန်ရုံသာမက အုပ်ချုပ်ရေး ကလည်း ဒီမိုကရေစီမဆန်ဘူး” ဟု ၂၀၁၄ ခုနှစ်အတွင်းက TEDx ဟောပြောပွဲအစီအစဉ်တွင် ပါဝင်ဆွေး နွေးစဉ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ထိုစဉ်က ပြည်သူ့လွှတ်တော်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီဥက္ကဋ္ဌဖြစ်သည်။ စစ်ဗိုလ်ချုပ်များ စိတ်ကြိုက် စီရင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ပြီးနောက် NLD ပါတီမှာ လွှတ်တော်တွင်း ရောက် ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း အထက်ပါရေးရာကော်မတီ ဥက္ကဋ္ဌဖြစ်ခဲ့သည်။

ဒီမိုကရေစီပြယုဂ်ဟု နိုင်ငံတကာ၏ တင်စားမှတ်ယူခြင်းခံရသူ ဒေါ်အောင်ဆန်းစုကြည်မှာ လက်ရှိအချိန် တွင် တကျော့ပြန် စစ်အာဏာသိမ်းမှုနှင့်အတူ အကျဉ်းစံဘဝကို ရောက်ရှိနေသည်။ ကြီးလေးသော ပုဒ်မ များအပါအဝင် အမှုပေါင်း ၁၁ မှုဖြင့်လည်း တရားရင်ဆိုင်နေရသည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရားစီရင်မှုကို ပုံဖော်ပေးရမည့်သူများ တွင် တရားသူကြီး ဦးရဲလွင်လည်း အပါအဝင်ဖြစ်ကာ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးနေရသူလည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားသည့်အမှုများအနက် အစိုးရလျှို့ဝှက်ချက်အက် ဥပဒေပါ ပုဒ်မ ၃ (၁) (ဂ) ဖြင့် စွဲဆိုသည့် အမှုအတွက် စက်တင်ဘာ ၃၀ ရက်တွင် ခရိုင်တရားသူကြီး ဦးရဲလွင် ပထမဆုံး ကြားနာစဉ် ရှေ့နေဝင်ခွင့် ကန့်သတ်ခံခဲ့ရသည်။

စစ်အာဏာသိမ်းထားချိန်တွင် တရားခွင်၌ ထိုသို့ ကန့်သတ်ခြိမ်းခြောက်ခံရခြင်းမှာ အထူးအဆန်းမဟုတ် ဟု ဦးရဲလွင်နှင့် တရားခွင်တွင် မျက်နှာချင်းဆိုင်ခဲ့ဖူးသူ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က မှတ်ချက်ပြုသည်။

နိုင်ငံတော်သမ္မတရှိတဲ့ အချိန်မှာတောင် တရားစီရင်ရေးနဲ့ ပတ်သက်လို့ အများကြီးထိန်းကျောင်းသွားနိုင် တဲ့အချက်အလက်တွေ ကျွန်တော် သိပ်မတွေ့ခဲ့ဘူး။ ဒီလို ကာလဆိုတော့ ပိုဆိုးတာပေါ့”ဟု ဒုရဲမှူးဟောင်းက ပြောလိုက်သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုနှင့် အမြင့်ဆုံး ထောင်ဒဏ်များ။ ဒီဇိုင်း-Myanmar Nowအာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုနှင့် အမြင့်ဆုံး ထောင်ဒဏ်များ။ ဒီဇိုင်း-Myanmar Now

socure Myanmar Now

Credit