Knowledge

28.10.2021 မှ 3.11.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

28.10.2021 မှ 3.11.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်း မိသားစုဝင်တစ်ဦးတစ်ယောက်ကြောင့်မိမိငွေထွက်ရတတ်ပါတယ်။ လက် ကားစီးပွားလုပ် သူ များ မရင်းနှီးသေးတဲ့ ကုန်ပစ္စည်းတစ်ခုကို အရမ်းအများကြီးဝယ်မလှောင်မိပါစေနဲ့ ။ ငွေအိပ် တတ်တဲ့ကာလ မို့ပါပဲ။ အတွေးတွေထဲမှာတော့ စဉ်းစားပြီး အစီအစဉ်ဆွဲထားလို့သင့်ပေမဲ့လက်တွေ့ချလုပ်ရင်ခက်ခဲ နိုင်တဲ့ကာလ ဆိုတာကိုသိထားလိုက် စေချင်ပါတယ်။

သွားလာလှုပ်ရှားရုန်းကန်နေမှအဆင်ပြေမဲ့ကာလပါ။ ပျင်းနေ သူတွေ၊ အချိန် ဆွဲသူတွေဒုက္ခများရတတ်ပါတယ်။ ကျန်းမာရေးကတော့ ကိုယ်ခံအားနည်းနေတယ်လို့မြင်တယ်။ လိုအပ်တဲ့ အားဆေး တွေ သောက် စေချင်တယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတွေ အတွက်ခံနိုင်ရည်ရှိပေမဲ့ မရင့်ကျက်တဲ့သူတွေ က တော့ ဘယ် လောက် လုပ်လုပ်အသိအမှတ်ပြုမခံရတာမျိုးတွေ၊ ချီးကျူးမခံရတာမျိုးတွေကြောင့် စိတ်ပျက်နေ မိ တတ်ပါတယ်။

အလုပ်ခွင်မှာလဲ မိမိစေတနာထားပေမဲ့ မျက်နှာမရသလိုဖြစ်နေပါလိမ့်မယ်။ အိမ်ပြောင်း၊ အိုးပြောင်း၊ ရုံးခန်းပြောင်း ဆိုတာမျိုးတော့ ဒီကာလမှာမသင့်ပါဘူး။ အချစ်ရေးမှာ မထင်မှတ်တာတွေဖြစ်လာ နိုင်ပါတယ်။ အိမ်ထောင် ရေးကံကောင်းနေတယ်လို့ သုံးသပ်ချင်ပါတယ်။ ပညာရေးကတော့ အညံ့အဆိုးများနေချိန်မို့ အာရုံစိုက်ဖို့ လိုပါတယ် အကျိုးပေးဂဏန်း ၃၊၅၊၉ အထူးဟော ကံအနည်းငယ်အားနည်းနေသည်။ယတြာ ခင်ပွန်းကြီးဆယ်ပါးကို မျက်နှာမျက်နှာသစ်ပြီးတိုင်းရည်မှန်းရှစ်ခိုးပါ။( တစ်ပတ်လုံးလုပ်ရန်)

တနင်္လာ

ဆိုင်သစ်ဖွင့်ခြင်း၊လုပ်ငန်းသစ်စတင်ခြင်းစသော အသစ်စတင်ရမဲ့အလုပ်မှန်သမျှဒီကာလမှာရှောင်လိုက်ဖို့ အလေးပေးတိုက်တွန်းလိုပါတယ်။ ငွေနောက်လောဘတကြီးလိုက်လေ ငွေကပြေးလေပါပဲ။ လောင်းကစားသမား လက်မကြီးလိုက်ပါနဲ့။ သူဋ္ဌေးမဖြစ်ဘဲ ခွေးဖြစ်သွားနိုင်တဲ့ ကာလမို့ပါပဲ။ ဘာလုပ်လုပ်မိမိကိုယ်ကို ပြန်ဆန်းစစ်ပါ။ အတ္တအတွက် မစဉ်းစားဘဲ ပရအတွက်စဉ်းစားပြီး လုပ်သူများအထူးအဆင်ပြေနိုင်တဲ့ကာလပါပဲ။

ကျန်းမာရေးမညံ့ နိုင်ပါ။ အနေအစားဆင်းရဲရင်တော့ ကျန်းမာရေးကတော့ အားနည်းမသွားနိုင်ပါဘူး။အတွေးများနေမည်။ စိတ်ကူး များ နေမည်။ မရေရာတဲ့လမ်းကိုလျှောက်ရသလိုခံစားနေရတတ်ပါတယ်။ အခွင့်အလမ်းနှစ်ခုပေါ်လာရင် ရေတိုမှာ ခက်ခဲပေမဲ့ ရေရှည်မှာအဆင်ပြေမဲ့ကိစ္စကို ဦးစားပေးရွေးချယ်လိုက်ပါ။ ရပ်ဝေးသွားပြီး အလုပ်သွားလုပ်မယ်သူများ ဒီကာလမှာသွားမိတယ်ဆိုရင်တော့ ချက်ချင်းအဆင်ပြေဖို့ခဲယဉ်းပါ တယ်။

အချစ်ရေးမှာတော့ ချစ်သူကမိမိအပေါ် သံယောဇဉ်တွေ၊ မေတ္တာတရားတွေလျော့ပါးသွားနိုင်ပါတယ်။ အိမ်ထောင်ရေးပုံမှန်ပါပဲ။ ထူးခြား ဖြစ်စဉ်တော့ မတွေ့ရပါ။ အလုပ်ကြောင့်ခွဲနေရတတ်ပါတယ်။ ပညာရေးအထူးကောင်းတယ်လို့ပြောချင်ပါတယ်။အကျိုးပေးဂဏန်း ၄၊၈၊၆ အထူးဟော ကံအကောင်းအဆိုးမျှနေတာမျိုးတွေ့ရပါတယ်။ယတြာ သစ္စာပန်းဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

သွားလိုတဲ့ခရီးမျိုးတွေကိုတော့ကောင်းစွာသွားခွင့်ကြုံရတတ်ပါတယ်။ ခရီးတိုလေးတွေနေ့ ချင်းပြန်ခရီး လေး တွေသွားရတတ်ပါတယ်။ စီမံအုပ်ချုပ်သူများ အောက်လက်ငယ်သားတွေကိုကောင်းစွာစည်းရုံး သိမ်းသွင်းနိုင် ပါလိမ့်မယ်။အလုပ်ကိုစနစ်တကျလုပ်ကိုင်နိုင်တာကြောင့်အလုပ်အကြွေးတွေရှိရင် ပြီးသွားပါလိမ့်မယ်။ မီးဖိုချောင် ပစ္စည်းများ၊ဆန်ဆီစတဲ့စားသောက်ကုန်များ ဝယ်မယ်ဆိုဒီကာလကအထူးကောင်းပါတယ်။ ကျန်းမာရေး အညံ့မရှိ ပါဘူး။

မိမိစိတ်ကိုယ်က လုပ်ချင်ကိုင်ချင်စိတ်များနေတတ်ပါတယ်။ ပျင်းရိတတ်သူတောင် တတ်တတ်ကြွကြွလုပ် ကိုင်နေမိတတ်ပါတယ်။ ဒါကြောင့်ကိုယ်ပိုင်အလုပ်များသိသာထင်ရှားစွာတိုးတတ်နိုင်ပါတယ်။ ဝန်ထမ်းများ အချိန် မဖြုန်းဘဲ အလုပ်အပေါ်ပဲစိတ်နှစ်လုပ်ကိုင်တာကြောင့် အများရဲ့အသိအမှတ်ပြုခြင်း၊ အထက်လူကြီးသတိထားမိ ခြင်းကိုခံရတတ်ပါတယ်။

လုပ်ကိုင်ဆောင်ရွက်နေတဲ့ကိစ္စတွေကလဲ မိမိမစဉ်းစားဘဲလုပ်ရင်တောင်မှလမ်းမှန်ကို ရောက်တတ်ပါတယ်။ အချစ်ရေးမှာတော့ စိတ်အပြောင်းအလဲမြန်တဲ့ချစ်သူကြောင့်စိတ်ညစ်ရတတ်ပါတယ်။ အိမ်ထောင် ရေးကတော့ အိမ်ထောင်ဘက်ကျန်းမာရေးညံ့နေတတ်ပါတယ်။ပညာရေးအထူးကောင်းနေချိန်ပါပဲ။အကျိုးပေးဂဏန်း ဝ၊၃၊၅အထူးဟော အလုပ်စီးပွားကောင်းမွန်တိုးတတ်ပါလိမ့်မယ်။ယတြာ ထမင်းသုပ်ဘုရားကပ်လှူဆုတောင်းပါ။

ဗုဒ္ဓဟူး/ရာဟု

စက်ကားမောင်းသူများ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းမလိုက်နာမှုကြောင့် အရေးယူခံရတတ်ပါတယ်။ ရွှေ ဝယ်ဖို့မသင့်ပေမဲ့ ရွှေရောင်း ချင်တယ်ဆိုရင်တော့ဒီကာလသင့်ပါတယ်။ အလုပ်လျှောက်ထားသူများ အလုပ်ရ လွယ်ပါတယ်။ ကုန်သည်အလုပ်များ အဆင်ပြေတတ်ပါတယ်။ ကျန်းမာရေးကတော့ အညံ့သိပ်မတွေ့ပါဘူး။ ဝမ်း မကောင်းသလိုတော့ဖြစ်တတ်ပါတယ်။ လုပ်ချင်နေတဲ့ကိစ္စတွေက လုပ်ခွင့်မရဘဲ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်နေ တတ်ပါတယ်။

ရှောင်လွှဲလို့မရတဲ့ လူမှုရေးကိစ္စတွေကြုံရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်သည်များ တတ်နိုင်သမျှ အသွားအလာသတိထားပါ။ ချော်လဲ တတ်လို့ပါပဲ။ ရပ်ဝေးကဧည့်ဆိုးတွေရောက်လာတတ်ပါတယ်။မိမိအတွက် အိမ်မကပ်ရသလို အလုပ်ထဲလဲစိတ်နှစ် လို့မရတာမျိုးတွေဖြစ်ရတတ်ပါတယ်။ အလုပ်မှာတော့ အထက်လူကြီးကို ကလန်ကဆန်မလုပ်မိပါစေနဲ့။

တတ်နိုင် သမျှသူပြောတာကငြင်းဆန်ရမဲ့ကိစ္စဆိုရင်တောင်မှ အေးဆေးပြောပြီး ငြင်းဆန်လိုက်ပါ။ အချစ်ရေးမှာတော့ ချစ်သူရဲ့ အားပေးစကားတွေ၊ကြင်နာမှုတွေရပါလိမ့်မယ်။ အိမ်ထောင်ရေး ပိုမိုအညံ့များနေတတ် ပါတယ်။ ပညာရေးအခက်အခဲများပါတယ်။အကျိုးပေးဂဏန်း ၁၊၈၊၆အထူးဟော စိတ်အနည်းရှုပ်ရတတ်ပါတယ်။ယတြာ အသုပ်စုံတစ်ပွဲဘုရားကပ်လှူလိုက်ပါ

ကြာသပတေး

ငွကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အလုပ်မှာ မိမိက ငွေကိုင် လုပ်ရသူများ ငွေအပေးအယူကိစ္စတွေမှာ အငြင်းပွားဖွယ်ရာကြုံရတတ်ပါတယ်။ သတိထားစေချင်ပါတယ်။ ခရီး သွား ဖို့ ကြုံပါက ယရလ၀ နဲ့စတဲ့မြို့တွေသွား ရမယ်ဆိုရင်တော့ အလွန်မှအခက်အခဲများတတ်ပါတယ်။ စပ်တူ လုပ် ကိုင်တဲ့အလုပ်ရှင်များ ငွေကြေးစာရင်းဇယား ကိုရှင်းလင်းစွာလုပ်ထားစေချင်ပါတယ်။ကျန်းမာရေးကတော့အညံ့ ကတော့ များနေတတ်ပါတယ်။

ရောဂါနာမည် တပ်မရပေမဲ့တရှောင်ရှောင်ဖြစ်နေတတ်ပါတယ်။ဘာဖြစ်ချင်နေလဲ။ ဘာလုပ်ချင်နေတာလဲ ဆိုတာကိုဦးစားမပေးဘဲ လုပ်သင့်တာတွေကိုဦးစားပေးလိုက်ပါ။ ဒီကာလကအချိန်ကိုကောင်းစွာစီမံခန့်ခွဲနိုင်မှတော်ကာကျပါလိမ့်မယ်။ အလုပ်တွေကို မနိုင်ဝန်မဖြစ်ပါစေနဲ့။ တစ်နေ့ အလုပ်တစ်နေ့ပြီးအောင်လုပ်ပါ။ ပစ္စည်းအော်ဒါများအချိန်မှီမပို့နိုင်တာ ကြောင့်နာမည်ပျက်တတ်ပါတယ်။ အကြီး အကဲဆရာသမားတွေကျန်းမာရေးညံ့နေတတ်ပါတယ်။

အချစ်ရေး ကံ မြင့်မား နေပါတယ်။ ချစ်သူမရှိသေးသူများလဲချစ်သူသစ်ရလွယ်နေတာကိုတွေ့ရပါတယ်။ အိမ်ထောင်ရေးလဲ အညံ့ အဆိုး မရှိသလောက်နည်းပါတယ်။ ပညာရေးကတော့ အညံ့ဆုံးအချိန်ပါ။ ရင်လောက်မှန်းမှ ဒူးလောက်တင်မဲ့ ကာလပါ။အကျိုးပေးဂဏန်း ၂၊၇၊ဝအထူးဟော အရာရာ တွက်ဆပြီးမှလုပ်ကိုင်ဆောင်ရွက်ပါ။ ယတြာ ငါးသေတ္တာဟင်းချက်ပြီး ရဟန်းသံဃာတွေကိုလောင်းလှူလိုက်ပါ။

သောကြာ

လုပ်ငန်းခွင်အတွင်း ဦးဆောင်နိုင်မှု၊ စီမံနိုင်မှုကြောင့် မျက်နှာကောင်းရတတ်ပါတယ်။ မိမိခက်ခဲမယ်ထင် လို့ မလုပ်မိတဲ့အလုပ်တွေကို ပြန်လုပ်ကြည့်ပါ။လွယ်ကူနေတာတွေ့ရပါလိမ့်မယ်။ အနုပညာနှင့်နွယ်သောအလုပ် များအထူးအဆင်ပြေတယ်။ ဘဏ္ဍာရေးနဲ့ပက်သက်သော ကိစ္စမှန်သမျှဆောင်ရွက်လို့ကောင်းပါတယ်။ စကား တည်သူ၊လိမ်မပြောတတ်သူဆိုရင်တော့ ထူးထူးခြားခြားအဆင်ပြေတတ်ပါတယ်။

ကျန်းမာရေးကောင်းပါတယ်။ ဖြစ်လဲ ကုသရလွယ်ကူတဲ့ရောဂါမျိုးလောက်ပဲဖြစ်တတ်ပါတယ်။ စိတ်တူသဘောတူမိတ်ဆွေသစ်တွေရလာ တတ်ပါ တယ်။ မိမိကိုယုံကြည်ပြီး စပ်တူလုပ်ဖို့ကမ်းလှမ်းသူတွေ နဲ့ကြုံနေရတတ်ပါတယ်။ သွားလာလှုပ်ရှားပြီးလုပ်ကိုင် ဆောင်ရွက်သမျှက ပိုမိုအကျိုးဖြစ်ထွန်းလိမ့်မယ်။ ဒါကြောင့် ဒီကာလမှာ ထလုပ်စရာရှိရင် အချိန်ဆွမနေဘဲ ထ လုပ်လိုက်ပါ။ အတွေးကောင်းစိတ်ကူးကောင်းတွေရှိနေတတ်ပါ တယ်။

ရပ်ဝေးခရီးများ အဆင်ပြေချောမွေ့တတ်ပါ တယ်။ အေးချမ်းမှု၊စိတ်ကြည်လင်လန်းဆန်းမှုတွေရရှိလာမဲ့ကာ လပါပဲ။ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေပေမဲ့ အနေဝေး နေရတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပက်သက်ရင် စိတ်သောကရောက်ရလိမ့်မယ်။ ပညာရေးကံ အကောင်းဆုံးပါပဲအကျိုးပေးဂဏန်း ၁၊၃၊၆အထူးဟော ကံမြင့်မားနေမည်။ယတြာ ဘုရားဂုဏ်တော်ကိုးပါးနေ့စဉ်သက်စေ့ရွတ်ပါ။

စနေ

အလုပ်နဲ့ ပတ်သက်ပြီး အရောင်းအဝယ်ပါးနေသူများ ရောင်းပန်းဝယ်ပန်းတွေပြန်ပွင့်လာပါလိမ့်မယ်။ လိုချင် နေ တဲ့ငွေကြေး အကူအညီတွေလဲ တောင်းလို့ကောင်းပါတယ်။သားသမီးကြောင့် အောက်လက်ငယ်သားတွေ ကြောင့် စိတ်ချမ်းသာ ရပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်ပြီး အခွင့်အလမ်းသစ်တွေပေါ်လာတတ်ပါတယ်။ ကျန်းမာ ရေး ကတော့အကောင်း ဆုံးကာလပါပဲ။ ယေဘုယျအားဖြင့်အညံ့အဆိုးမရှိသလောက်ပါပဲ။

ဒေသသစ်နေရာသစ် ရောက်ရှိ နေသူ များထီကံ စမ်းလို့အလွန်မှသင့်တော်ပါတယ်။အရာရာအဆင်ပြေချောမွေ့နေပါလိမ့်မယ်။ စိတ်ထဲဖြစ် ချင်နေတာတွေလက်တွေ့ဖြစ်ခွင့်ရတတ်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီးတော့လဲ

မိမိကိုယ်တိုင်အားရကျေနပ်မှု တွေရှိပါ လိမ့်မယ်။လာဘ်ရွှင်လိမ့်မယ်။ ငွေအဝင်ကြမ်း မယ်။ ရစရာရှိပြီး ကြန့်ကြာနေတဲ့ငွေတွေပြန်ဝင် လာတတ် ပါတယ်။ သူများကြားတော့ဝင်မပါလိုက်ပါနဲ့။

သူများအကူ အညီမတောင်းဘဲ လောကွတ်လုပ်ပြီး သွားမကူညီလိုက် ပါနဲ့။ စေတနာက ဝေဒနာဖြစ်သွားတတ်လို့ပါပဲ။ အချစ်ရေးမှာတော့ ချစ်သူသစ်၊ရည်းစားသစ်အလွန်မှရလွယ်ပါ တယ်။ စန်းလဲ အလွန်ပွင့်နေတဲ့အတွက် လာရောက်ကမ်းလှမ်းတာမျိုးကြုံရတတ်တယ်။

အိမ်ထောင်ရေးကံ သင့် ပါ တယ်။ ပညာ ရေးမှာလဲ မိမိတို့ကြိုးစားအားထုတ်နိုင်မှအဆင်ပြေပါလိမ့်မယ်။အကျိုးပေးဂဏန်း ၂၊၄၊ဝအထူးဟော လာဘ်ရွှင်မည်။ယတြာ နှင်းဆီ ၇ပွင့်ဘုရားကပ်လှူပါ။၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 09 77 5555 695 /// 09 44 5555 695

Credit