သားသမီး၇ယောက်ကို ဝမ်းဝအောင်ကျွေး ခါးလှအောင် ဆင်ခဲ့ပေမယ့် အိမ်ပြန်ခရီးတိုင်းကို.ပင်ပန်းလိုက်တာဆိုပြီး မငြီးခဲ့သလို ဆင်းရဲလိုက်တာဟာဆိုပြီးလည်း
အဖေ့မျက်ရည်.မြေမခခဲ့ပါဘူး. အဖေ့လက်ကို ဆွဲ၍ သွားလေရာ..မခွာတဲ့ ဖေချစ်သမီလေး..အငယ်ဆုံးလေးမို့ အချစ်ပို၍သာ ခွဲခွာမည့်အရေး တွေးပြီးရတက်မအေးပဲ ငိုရှာတဲ့ အဖေ
သင်တန်းသွားကာနီးကို ”မသွားပါနဲ့ သမီးရယ် အဖေနဲ့ပဲ အတူနေပါ..”ဆိုပြီး တုန်ရီအက်ကွဲတဲ့ အသံကြီးနဲ့ ”အဖေက နေဖို့နဲ့ သေဖို့ဆိုရင် သေဖို့ကနီးနေပါပြီ.အဖေမသေခင်လေး အဖေနဲ့ပဲအတူနေရအောင်ပါကွာ..မသွားနဲ့နော်သမီး” ဆိုပြီး ရှိုက်သံလေးနဲ့ ပြောရှာတယ်။ သူ့ကြည့်တော့လည်း အရိုးပေါ်အရေတင် ခန္ဓာလေးနဲ့.. အကျဘက်ကို ဦးတည်နေတဲ့ အဖေ
သားသမီး ၇ယောက်မွေးထားပေမယ့် အဖေက အငယ်ဆုံးအထွေးဆုံးလေးဖြစ်တဲ့ ကိုယ့်အချစ်ဆုံး မထိရက် မဆူရက် မရိုက်ရက်အစားအစာဆိုလည်း..ဘယ်သဝေထိုးနေနေ အဖေက ငါ့သမီးလေးစားဖို့ဆိုပြီး အမြဲချန်ထားတာ
ကိုယ်ကလည်း အပေါင်းအသင်းစုံလို့ အဖေ အရက်သောက်ဖြစ်ရင်တောင် လိုက်ပြီး အိမ်ပြန်လာတဲ့အခါ..အဖေမသောက်ပါဘူးဆိုပြီး အဖေ့ကို အရက်နံ့ပျောက်အောင် မာလကာရွက်ကျွေးပြီး အမေ့ကို ကူညာခဲ့တာ။
ကိုယ်အရိုက်ခံရလည်း အဖေက ကာဆီးကာဆီးနဲ့ တအိမ်လုံးမှာမိသားစု ၉ယောက်ကို ၇ယောက်နဲ့ ၂ယောက် ဖိုက်တဲ့ ရဲဘော်ရဲဘက်..ကူဖော်ကူဖက်တွေ မိသားစုများပေမယ့် အဖေတစ်ခု သမီးတစ်ခုဘဝရဲ့ မေတ္တာအသိုက်အမြုံလေးကနေ အဖေ့အရိပ်အောက်က ထွက်မယ့်သမီးကို အိပ်ယာထက်မှာ..ခွေခွေလေးနဲ့ မသွားပါနဲ့သမီးရယ် ဆိုပြီးတားရင်းငိုချင်းချခဲ့တာတွေ မမေ့ဘူး.သားအဖ၂ယောက်လွမ်းခန်းလေးကို
ကိုယ်ဖြစ်ချင်တာ ရအောင်လုပ်မယ် ”သင်တန်းဆင်းရင် အဖေ့ကိုပြန်လာခေါ်မယ်နော် နေကောင်းအောင်နေပေးပါ”ဆိုပြီး ဦးလေးချပြီး အဖေ့မျက်ရည်တွေကို မိုက်မိုက်ကန်းကန်း ကျောခိုင်းပစ်ခဲ့တယ်
ကိုယ့်လစာလေးကိုယ်ရရင်.အဖေ့ဆန္ဒတွေ ဖြည့်ဆည်းပေးမယ်အဖေ့လုပ်ချင်တာ ဖြည့်ဆည်းပေးမယ်..အဖေနဲ့အတူနေမယ်။ ရဲဖြစ်သွားရင် စူပါမန်းလို..တန်ခိုးထွားမယ်ပဲထင်ခဲ့တာ ဝန်ထမ်းဖြစ်ပြီးမှ..ဝန်ထမ်းဆိုတာ သူများဝန် ထမ်းရတဲ့ပုဂ္ဂိုလ်တွေမှန်းသိတယ်။
ဒီလိုနဲ့..နေ့ကနေလ…လကနေ နှစ်တွေပြောင်းရင်း ၆နှစ်တိုင်တိုင် ကြာခဲ့တယ်။ အဖေ့ရင်ခွင်က ထွက်ခဲ့တဲ့ အဖေ့သမီးလေးလည်း လောကကြီးထဲမှာ..တောင်ကမ်းကပ်လိုက် မြောက်ကမ်းကပ်လိုက်နဲ့ ပြေးရင်းလွှားရင်း ရုန်းကန်လှူပ်ရှားခဲ့ရတာပေါ့
သစ်ပင်အိုကြီးလည်း ရွက်ဟောင်းတွေကြွေနေပြီ…အဖေလည်း.. ခါးလေးကုန်းပြီး အားလည်း..ချိနေပြီ သင်တန်းပြီးလည်း.ဖုန်းပဲဆက်ပြီး အတူနေခွင့်မရခဲ့ဘူး..အခုမှသာ အဖေ့ကို ခေါ်ထားပြီး အဖေနဲ့..အတူနေခွင့်ရတယ် အဖေရောက်ကာစဆို..ပိန်လှီနေတဲ့ ကိုယ်ခန္ဓာလေးကြည့်ပြီး..ကွယ်ရာမှာငိုခဲ့ရတာ ဝေးကွာခဲ့တဲ့ ၆နှစ် ၇နှစ်အတွင်း အဖေရဲ့.အိုစာမှုလေးကို စိတ်မကောင်းလို့ အဖေ့ကို မကြုံခိုင်းချင်သေးဘူး။
သူအို သူနာ သူသေ”ဆိုတဲ့ လောကနိယာမရယ် ရှောင်လွှဲလို့မရတဲ့ ”သေခြင်းတရား” ဆိုတဲ့ သဘာဝတရားကြီးရယ်နဲ့..မတွေ့စေချင် မဖြစ်စေချင်သေးပါဘူး.. ပစ်မှားမိတဲ့ကံမရှိပေမယ့် ပစ်ထားမိတဲ့ကံတွေပါ အဖေရယ်
အခုလိုလေး နေခွင့်ပြုစုခွင့် ရရင် ဘဝကြီးက နေပျော်ပါတယ်။ အသက်ရှည်ရှည်နေပေးနော်.. ဇရာတွေပြလို့ အိုစာပါစေ ခါးတွေကိုင်းလို့ ခြေလက်တွေချိနဲ့ပါစေ… ကလေးလေးလို ရေချိုးပေးချင်တယ်အရိုးအဆစ်တွေနာရင် ကလေးလေးလို ဆေးလူးပေးချင်တယ်။ခေတ်မမှီလို့မသိတဲ့အကြောင်းတွေဆို ကလေးတစ်ယောက်လို ရှင်းပြချင်တယ်။
ကိုယ့်ခြေကိုယ့်လက်နဲ့ စားရတာအဖေအဆင်မပြေရင် ကလေးလေးလိုပဲ ထမင်းဟင်း ခွံ့ကျွေးချင်တယ် ကလေးလေးလိုပဲ လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးချင်တယ်.အဖေစိတ်ချမ်းသာမယ်ဆိုရင် အဖြေကိုက်တဲ့ ဘီယာလေးပါ အပါပေါ့
အားတော့ နာပါရဲ့ အဖေ လခစား.ဝန်ထမ်းတစ်ယောက်ရဲ့ဘဝမှာ တော့ အဖေ့အိမ်လောက် မစိုပြေခဲ့ မပြည့်စုံခဲ့လှပါဘူး.. မေတ္တာတရားနဲ့ ပြည့်နေတဲ့ ရင်ထဲမှာတော့ အဖေက သမီးရဲ့ သူရဲကောင်းအဖေက
သမီးရဲ့ ဖခင်ကောင်း အဖေက သမီးရဲ့ သူငယ်ချင်းကောင်း အဖေက သမီးရဲ့ ရဲဘော်ရဲဘက် အဖေက သမီးရဲ့ အချစ်ဦးအ ဖေက သမီးအတွက် ကမ္ဘာပေါ်မှာ နာကျင်ခံစားရအောင် မလုပ်တဲ့ တစ်ဦးတည်းသောယောကျာ်း
ပြောင်းပြန် အချိုးကျချင်တာက သမီးက အဖေ့ရဲ့ အိုတောင်ဝှေးလေး… သမီးငယ်ငယ်က အဖေသွားလေရာလက်ဆွဲခေါ်တယ်။အပေါင်းအဖော်တွေကြား မော်ကြွားပြီးပြောတာက ဒါလေးက ငါ့ရဲ့ ”အို တောင်ဝှေးလေး”ဆိုပြီး ဂုဏ်ယူမဆုံး တပြုံးပြုံးနဲ့ ပြောခဲ့သလို အဖေအိုတဲ့အခါ တောင်ဝှေးလေးလို အားကိုးရစေချင်တာပေါ့
သင်္ခါရသဘောတရားအတိုင်း ဘဝတစ်ခုရဲ့..နေဝင်ချိန်ရောက်ခါနီးပြီမို့ အသက်တွေကြီးတဲ့အခါ ထမီမနိုင် ပုဆိုးမနိုင် ကျင်ကြီးမနိုင်ကျင်ငယ်မနိုင်ဘဝနဲ့ ”ငါအိုနေပြီ” ဆိုတဲ့အတွေးနဲ့ စိတ်မကောင်းဖြစ်နေမလား
အဖေ အားအင်ချိနဲ့တဲ့အခါ …. ဒီသမီးလေးကိုမှီပါ စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့အခါ.. ဒီသမီးလေးကို..ခိုတွဲပါ လဲကျချိန်ကြုံတဲ့အခါ..ဒီသမီးလေးကို အားပြုပါ.. ဘဝရဲ့ လက်ကျန်သက်တမ်းကို လောဘ ဒေါသ မောဟတရားတွေနဲ့ ကင်းဝေးအောင်နေပါ
ဒါလေးက အဖေပြောတဲ့ ”အဖေ့ရဲ့အိုတောင်ဝှေးလေး”လေ တစ်နည်းပြောရရင် အဖေ့ရဲ့ ”အိုစာမင်းစာလေး”ပေါ့ ခြေဆုပ်လက်နယ်နှိပ်ပေးရင် သမီးနဲ့..နေရတာပျော်ရဲ့လားအဖေ ဆိုပြီး မျက်နှာလေးမော့မော့ပြီးမေးတော့ ပျော်တာပေါ့သမီးရယ်ဆိုပြီး မျက်ရည်လေးဝေ့လို့….(တချိန်က..အဖေ့အိမ်မှာလည်း သမီး ထပ်တူပျော်ခဲ့ရပါတယ်…အဖေရာ )
အသက်ရာကျော် နေပေးပါနော် အိမ်မှာ..အဖေရှိတယ်ဆိုတဲ့အားက ဘယ်စမ်းရေနဲ့မှ မလဲနိူင်အောင်အေးမျှတယ် အိုတဲ့အခါ.. တရားပဲရှာ ဘယ်သားသမီးအကြောင်းမှ မတွေးနဲ့ အဖေတွေးသလိုသူတို့တွေးမယ်မထင်ဘူး
ကျင်လည်ရမယ့် သံသရာက ဝဋ်ကျွတ်အောင် နိဗ္ဗာန်ဆိုတဲ့တရားထူးပဲရှာပါ နေ့စဉ်နေ့တိုင်း အဖေပြုတဲ့ကုသိုလ် ပွားများတဲ့ဘာဝနာကို ရုပ်တရား နာမ်တရားနဲ့ ရှူမှတ်ပွားများပြီး ဝိပသာနာတရားကိုအမြဲနှလုံးသွင်းပါ.. အဖေက အဖေ့ဘဝအတွက် နိဗ္ဗာန်သွားမယ့်ရိက္ခာရှာပါ
သမီးက အဖေ့အတွက် အားဖြစ်စေမယ့် ဝမ်းစာရှာပေးပါ့မယ် မမေ့ဘူး..တရားခွေလေး ဖွင့်ရင်း အဖေနဲ့အတူ ညအိပ်ယာဝင်တာတွေ အဖေ ဖူးချင်တဲ့ဘုရား အတူဝတ်တက် ခဲ့တာတွေ …တရားထူးလေး နားထောင်မိရင် အဖေ့အတွက် အင်တာနက်က down ပေးခဲ့တာတွေ..ကိုမြကြီးရဲ့ ”မိုး”.. ကိုမြသောင်းရဲ့ . ”တောင်တောသာယာ” စတဲ့ သီချင်းကြီးတွေ ကြားရင် အဖေ့ကို လွမ်းမိဦးမှာပါ
ဒီဘဝမှာတော့..ချစ်ခြင်းမေတ္တာတွေနဲ့ သားအဖတွေပေါ့..ဒီဘဝတစ်ခုပြီးရင် သမီးတို့ ဘယ်ဘုံဘဝမှာ ဘယ်လိုတွေတွေ့ ဘယ်လိုတွေဆုံ ဘယ်လိုတွေကြုံပြီး ဘယ်လိုတရားသဘောမျိုးနဲ့ ထပ်ကွဲရမလဲမသိဘူးနော်
သံသရာတစ်ကွေ့မှာ.ထပ်ပြီး ဆုံတွေ့ခွင့်ရခဲ့ရင်..အဖေ့ကိုကျေးဇူးပြုဖူးသူနဲ့ အဖေ့အခက်အခဲတွေကို ဖြေရှင်ပေးနိုင်သောသူပဲ ဖြစ်ရပါစေ..ဒီဘဝမှာလည်း အဖေ့ကျေးဇူးဆပ်မယ် မကုန်နိုင်တဲ့ကျေးဇူးတွေကို သံသရာအဆက်ဆက်ထိထပ်ပြီး..ဆပ်ချင်သေးတယ်
အဖေရေ.ဇရာဆိုတာ လူကို အရုပ်ဆိုး အကျည်းတန်စေတယ်တဲ့ပြရုပ်တဲ့.. ဘယ်လောက်ပဲ အိုစာလို့ရုပ်ကျပါစေ..သမီးရင်ထဲ အဖေကတော့ ခမ်းနားနေဆဲပါ အဖေ့ဂုဏ်ထည်ဝါတွေ ကြီးမားနေတုန်းပါ အဖေ့မျက်နှာလေးက.အေးချမ်းတယ် အဖေ့ရဲ့လက်မောင်းပျော့ပျော့အိ
အိလေးကိုလည်း ချစ်တယ်.ကျောမြောင်က အသားမဲ့နေတဲ့ ကျောပြင်လေးကိုလည်း..ချစ်တယ် ပါးရေတွေ တွန့်နေတဲ့ အဖေ့ရုပ်သွင်လေးလည်း ချစ်တယ်..သွားမပါတော့တဲ့ ပါးချိုင့်ရာလေးလည်း ချစ်တယ်..တခါတခါ .ဇရာကိုညာလို့မရတဲ့ အဖေ့ရုပ်သွင်လေး.စေ့စေ့ကြည့်ပြီး ရင်ထဲမှာ ဝမ်းနည်းခြင်း.စိတ်မကောင်းခြင်းနဲ့.ချစ်ခြင်းမေတ္တာတရားတွေ ရောယှက်လို့နေတယ်
ကြည့်ပါဦး..ဇနီးသားသမီးကို ခါးလေးချိအောင် လုပ်ကိုင်ကျွေးခဲ့တဲ့အာဂသူရဲကောင်းကြီး.. သန်မာလှပြီလို့ ထင်ခဲ့တာ သွက်လက်လှပြီလို့ ထင်ခဲ့တာ ကျန်းမာလှပြီလို့ ထင်ခဲ့တာ ဇရာတရားရဲ့. ထုထောင်းမှုတွေကြောင့် အဖေ့ခမျာ ဝေဒနာတွေ စိပ်လာပြီ
Ensure တွေ များများသောက်နော် အဖေ ဒါမှ..အဖေ့အသက် ဆက်လို့ရမှာ အဖေ့အသက်ကို ဆက်လို့ရရင် နတ်ဒေဝါတွေ ခေါ်ပြီးဆက်ချင်သလို ဆေးပညာ ဆေးဆရာတွေနဲ့လည်း ခေါ်ဆက်စေချင်တယ်..ဖြစ်နိုင်မယ်ဆိုရင်ပေါ့ ဘယ်လိုနည်းနဲ့ပဲဆက်ရဆက်ရပါမရှိ
ရှိတဲ့အားနဲ့ ရအောင်ဆက်ချင်တယ် အဖေရေ အားရှိမှ..အသက်ဆက်လို့ရမယ်. အသက်ဆက်မှ..ဒီသမီးလေးနဲ့အတူနေခွင့်ရမယ် ငါ့သမီးလေး လစာနဲ့ လောက်ငှပါ့မလားလို့ မတွေးပါနဲ့. ရတဲ့လစာ ရှိတဲ့ခွန်အားက ချစ်ရတဲ့ အဖေ့အတွက်ပါ။ဘာဖြစ်ဖြစ် သမီး မ မောပါဘူး.. အဖေက သမီးရဲ့.…”ကုသိုလ်အိုးကြီး”လေ…အိဖြူဇင်(၂၉.၄.၂၀၂၀)
Credit
Zawgyi
သားသမီး၇ယောက္ကို ဝမ်းဝေအာင်ကျြေး ခါးလွေအာင် ဆင္ခဲ့ပေမယ့် အိမ်ျပန္ခရီးတိုင်းကို.ပင္ပန်းလိုက္တာဆိုပြီး မငြီးခဲ့သလို ဆင်းရဲလိုက္တာဟာဆိုပြီးလည်း အေဖ့မ်က်ရည်.ျေမမခခဲ့ပါဘူး. အေဖ့လက္ကို ဆြဲ၍ သြားလေရာ..မခြာတဲ့ ဖေခ်စ်သမီလေး..အငယ္ဆုံးလေးမို့ အခ်စ္ပို၍သာ ခြဲခြာမည့်အေရး တြေးပြီးရတက္မေအးပဲ ငိုရွာတဲ့ အေဖ
သင္တန်းသြားကာနီးကို ”မသြားပါနဲ့ သမီးရယ် အေဖနဲ့ပဲ အတူနေပါ..”ဆိုပြီး တုန်ရီအက္ကြဲတဲ့ အသံကြီးနဲ့ ”အေဖက နေဖို့နဲ့ သေဖို့ဆိုရင် သေဖို့ကနီးနေပါပြီ.အေဖမေသခင်လေး
အေဖနဲ့ပဲအတူနေရေအာင္ပါကြာ..မသြားနဲ့နော်သမီး” ဆိုပြီး ရွိုက်သံလေးနဲ့ျေပာရွာတယ်။ သူ့ကြည့်တော့လည်း အရိုးပေါ်အေရတင် ခန္ဓာလေးနဲ့.. အက်ဘက္ကို ဦးတည်နေတဲ့ အေဖ
သားသမီး ၇ယောက်မြေးထားပေမယ့် အေဖက အငယ္ဆုံးအေထြးဆုံးလေျးဖစ္တဲ့ ကိုယ့်အခ်စ္ဆုံး မထိရက် မဆူရက် မရိုက်ရက်အစားအစာဆိုလည်း..ဘယ်ေသဝထိုးနေန အေဖက ငါ့သမီးလေးစားဖို့ဆိုပြီး
အျမဲခ်န္ထားတာ..ကိုယ္ကလည်း အေပါင်းအသင်းစုံလို့ အေဖ အရက်သောက်ျဖစ်ရင်တောင် လိုက်ပြီး အိမ်ျပန္လာတဲ့အခါ..အေဖမေသာက္ပါဘူးဆိုပြီး အေဖ့ကို အရက္နံ့ပော်က်အောင် မာလကာရြက်ကျြေးပြီး အေမ့ကို ကူညာခဲ့တာ။
ကိုယ်အရိုက္ခံရလည်း အေဖက ကာဆီးကာဆီးနဲ့ တအိမ္လုံးမွာမိသားစု ၉ယောက္ကို ၇ယောက္နဲ့ ၂ယောက် ဖိုက္တဲ့ ရဲဘော်ရဲဘက်..ကူဖ္ကောူဖက်တြေ မိသားစုမ်ားပေမယ့် အေဖတစ္ခု သမီးတစ္ခုဘဝရဲ့
မေတ္တာအသိုက်အျမုံလေးကေန အေဖ့အရိပ်အောက္က ထြက္မယ့်သမီးကို အိပ်ယာထက္မွာ..ခြေခြေလးနဲ့ မသြားပါနဲ့သမီးရယ် ဆိုပြီးတားရင်းငိုခ်င်းခ်ခဲ့တာတြေ မေမ့ဘူး.သားအဖ၂ယောက္လြမ်းခန်းလေးကို
ကိုယ်ျဖစ္ခ်င္တာ ရေအာင္လုပ္မယ် ”သင္တန်းဆင်းရင် အေဖ့ကျိုပန္လာခေါ်မယ်နော် နေကာင်းအောင်နေပးပါ”ဆိုပြီး ဦးလေးခ်ပြီး အေဖ့မ်က်ရည်တြေကို မိုက္မိုက္ကန်းကန်း ကော်ခိုင်းပစ္ခဲ့တယ်
ကိုယ့်လစာလေးကိုယ်ရရင်.အေဖ့ဆန္ဒတျြေဖည့်ဆည်းပေးမယ်ေအဖ့လုပ္ခ်င္တျာဖည့်ဆည်းပေးမယ်..အေဖနဲ့အတူနေမယ်။ ရျဲဖစ်ြသားရင် စူပါမန်းလို..တန္ခိုးထြားမယ္ပဲထင္ခဲ့တာ ဝန္ထမ်ျးဖစ်ပြီးမွ..ဝန္ထမ်းဆိုတာ သူမ်ားဝန် ထမ်းရတဲ့ပုဂ္ဂိုလ်တြေမွန်းသိတယ်။
ဒီလိုနဲ့..နေ့ကေနလ…လကေန နွစ်တျြေပာင်းရင်း ၆နွစ္တိုင္တိုင် ကြာခဲ့တယ်။ အေဖ့ရင္ခြင္က ထြက္ခဲ့တဲ့ အေဖ့သမီးလေးလည်း လောကကြီးထဲမွာ..တောင္ကမ်းကပ္လိုက်ျေမာက္ကမ်းကပ္လိုက္နဲ့ျေပးရင်းလွှားရင်း ရုန်းကန္လှူပ်ရွားခဲ့ရတာပေါ့
သစ္ပင်အိုကြီးလည်း ရြက်ဟောင်းတြေကြေနပြီ…အေဖလည်း.. ခါးလေးကုန်းပြီး အားလည်း..ခိနေပြီ သင္တန်းပြီးလည်း.ဖုန်းပဲဆက်ပြီး အတူနေခြင့်မရခဲ့ဘူး..အခုမွသာ အေဖ့ကို ခေါ်ထားပြီး
အေဖနဲ့..အတူနေခြင့်ရတယ် အေဖေရာက္ကာစဆို..ပိန္လွီနေတဲ့ ကိုယ္ခန္ဓာလေးကြည့်ပြီး..ကြယ်ရာမွာငိုခဲ့ရတာ ဝေးကြာခဲ့တဲ့ ၆နွစ် ၇နွစ်အတြင်း အေဖရဲ့.အိုစာမှုလေးကို စိတ္မေကာင်းလို့ အေဖ့ကို မကြုံခိုင်းခ်င်သေးဘူး။
သူအို သူနာ သူသေ”ဆိုတဲ့ လောကနိယာမရယ် ရွောင္လွှဲလို့မရတဲ့ ”သျေခင်းတရား” ဆိုတဲ့ သဘာဝတရားကြီးရယ္နဲ့..မေတြ့စေခ်င် မျဖစ်စေခ်င်သေးပါဘူး.. ပစ္မွားမိတဲ့ကံမရွိပေမယ့် ပစ္ထားမိတဲ့ကံတြေပါ အေဖရယ်
အခုလိုလေး နေခြင့်ျပုစုခြင့် ရရင် ဘဝကြီးက နေပ်္ပာါတယ်။ အသက်ရွည်ရွည်နေပးနော်.. ဇရာတျြေပလို့ အိုစာပါစေ ခါးတြေကိုင်းလို့ျေခလက်တြေခိနဲ့ပါစေ
ကေလးလေးလို ရေခိုးပေးခ်င္တယ်အရိုးအဆစ်တြေနာရင် ကေလးလေးလို ဆေးလူးပေးခ်င္တယ်။ခေတ္မမွီလို့မသိတဲ့အေကြာင်းတြေဆို ကေလးတစ်ယောက္လို ရွင်ျးပခ်င္တယ်။
ကိုယ့်ျေခကိုယ့်လက္နဲ့ စားရတာအေဖအဆင္မျေပရင် ကေလးလေးလိုပဲ ထမင်းဟင်း ခြံ့ကျြေးခ်င္တယ် ကေလးလေးလိုပဲ လိုခ်င္တာမွန်သမျွဖည့်ဆည်းပေးခ်င္တယ်.အေဖစိတ္ခ်မ်းသာမယ္ဆိုရင် အျေဖကိုက္တဲ့ ဘီယာလေးပါ အပါပေါ့
အားတော့ နာပါရဲ့ အေဖ လခစား.ဝန္ထမ်းတစ်ယောက်ရဲ့ဘဝမွာ တော့ အေဖ့အိမ်လောက် မစိျုေပခဲ့ မျပည့်စုံခဲ့လွပါဘူး.. မေတ္တာတရားနျဲ့ပည့်နေတဲ့ ရင္ထဲမွာတော့ အေဖက သမီးရဲ့ သူရဲကောင်
းအေဖက သမီးရဲ့ ဖခင်ကောင်း အေဖက သမီးရဲ့ သူငယ္ခ်င်းကောင်း အေဖက သမီးရဲ့ ရဲဘော်ရဲဘက် အေဖက သမီးရဲ့ အခ်စ်ဦးအ ဖေက သမီးအတြက် ကမ္ဘာပေါ်မွာ နာက်င္ခံစားရေအာင် မလုပ္တဲ့ တစ်ဦးတည်းသောယောက်ာ်း
ျေပာင်ျးပန် အခိုးက်ခ်င္တာက သမီးက အေဖ့ရဲ့ အိုတောင်ဝွေးလေး… သမီးငယ်ငယ္က အေဖသြားလေရာလက္ဆြဲခေါ်တယ်။အေပါင်းအေဖ်ာတြေကြား မော်ကြားပြီျးေပာတာက ဒါလေးက ငါ့ရဲ့ ”အို တောင်ဝွေးလေး”ဆိုပြီး ဂုဏ်ယူမဆုံး တျပုံျးပုံးနဲ့ျေပာခဲ့သလို အေဖအိုတဲ့အခါ တောင်ဝွေးလေးလို အားကိုးရေစခ်င္တာပေါ့
သင်္ခါရသေဘာတရားအတိုင်း ဘဝတစ္ခုရဲ့..နေဝင္ခိန်ရောက္ခါနီးပြီမို့ အသက်တြေကြီးတဲ့အခါ ထမီမနိုင် ပုဆိုးမနိုင် က်င်ကြီးမနိုင္က်င်ငယ္မနိုင္ဘဝနဲ့ ”ငါအိုနေပြီ” ဆိုတဲ့အေတြးနဲ့ စိတ္မေကာင်ျးဖစ်နေမလား
.အေဖ အားအင္ခိနဲ့တဲ့အခါ …. ဒီသမီးလေးကိုမွီပါ စိတ်ြသားတိုင်းကိုယ္မပါနိုင္တဲ့အခါ.. ဒီသမီးလေးကို..ခိုတြဲပါ လဲက်ခိန်ကြုံတဲ့အခါ..ဒီသမီးလေးကို အာျးပုပါ.. ဘဝရဲ့ လက္က်န်သက္တမ်းကို လောဘ ဒေါသ မောဟတရားတြေနဲ့ ကင်းဝေးအောင်နေပါ
ဒါလေးက အေဖျေပာတဲ့ ”အေဖ့ရဲ့အိုတောင်ဝွေးလေး”လေ တစ္နည်ျးေပာရရင် အေဖ့ရဲ့ ”အိုစာမင်းစာလေး”ပေါ့ျေခဆုပ္လက္နယ်နွိပ်ပေးရင် သမီးနဲ့..နေရတာပော််ရဲ့လားအေဖ ဆိုပြီး မ်က်နွာလေးမော့မော့ပြီးမေးတော့ ပေ်္တာာပေါ့သမီးရယ္ဆိုပြီး မ်က်ရည်လေးဝေ့လို့….(တခိန္က..အေဖ့အိမ္မွာလည်း သမီး ထပ္တူပေ်္ခာဲ့ရပါတယ်…အေဖရာ )
အသက်ရာကော်် နေပးပါနော် အိမ္မွာ..အေဖရွိတယ္ဆိုတဲ့အားက ဘယ္စမ်းရေနဲ့မွ မလဲနိုင်အောင်အေးမျွတယ် အိုတဲ့အခါ.. တရားပဲရွာ ဘယ်သားသမီးအေကြာင်းမွ မေတြးနဲ့ အေဖေတြးသလိုသူတို့တြေးမယ္မထင္ဘူး
က်င္လည်ရမယ့် သံသရာက ဝဋ္ကျတ်ြအောင် နိဗ္ဗာန္ဆိုတဲ့တရားထူးပဲရွာပါ နေ့စဉ်နေ့တိုင်း အေဖျပုတဲ့ကုသိုလ် ပြားမ်ားတဲ့ဘာဝနာကို ရုပ္တရား နာမ္တရားနဲ့ ရှူမွတ္ပြားမ်ားပြီး ဝိပသာနာတရားကိုအျမဲနွလုံးသြင်းပါ.. အေဖက အေဖ့ဘဝအတြက် နိဗ္ဗာန်ြသားမယ့်ရိက္ခာရွာပါ
သမီးက အေဖ့အတြက် အာျးဖစ်စေမယ့် ဝမ်းစာရွာပေးပါ့မယ် မေမ့ဘူး..တရားခြေလး ဖြင့်ရင်း အေဖနဲ့အတူ ညအိပ်ယာဝင္တာတြေ အေဖ ဖူးခ်င္တဲ့ဘုရား အတူဝတ္တက် ခဲ့တာတြေ …တရားထူးလေး နားထောင္မိရင် အေဖ့အတြက် အင္တာနက္က down ပေးခဲ့တာတြေ..ကျိုမကြီးရဲ့ ”မိုး”.. ကျိုမေသာင်းရဲ့ . ”တောင်တောသာယာ” စတဲ့ သီခ်င်းကြီးတြေ ကြားရင် အေဖ့ကို လြမ်းမိဦးမွာပါ
ဒီဘဝမွာတော့..ခ်စ်ျခင်းမေတ္တာတြေနဲ့ သားအဖေတြေပါ့..ဒီဘဝတစ္ခုပြီးရင် သမီးတို့ ဘယ္ဘုံဘဝမွာ ဘယ္လိုတြေတြ့ ဘယ္လိုတြေဆုံ ဘယ္လိုတြေကြုံပြီး ဘယ္လိုတရားသေဘာမိုးနဲ့
ထပ္ကြဲရမလဲမသိဘူးနော်..သံသရာတစ်ကြေ့မွာ.ထပ်ပြီး ဆုံတြေ့ခြင့်ရခဲ့ရင်..အေဖ့ကိုကေ်းဇူျးပုဖူးသူနဲ့ အေဖ့အခက်အခဲတြေကိုျေဖရွင်ပေးနိုင်သောသူပျဲဖစ်ရပါစေ..ဒီဘဝမွာလည်း အေဖ့ကေ်းဇူးဆပ္မယ် မကုန္နိုင္တဲ့ကေ်းဇူးတြေကို သံသရာအဆက္ဆက္ထိထပ်ပြီး..ဆပ္ခ်င်သေးတယ်
အေဖေရ.ဇရာဆိုတာ လူကို အရုပ္ဆိုး အက်ည်းတန်စေတယ္တျဲ့ပရုပ္တဲ့.. ဘယ်လောက္ပဲ အိုစာလို့ရုပ္က်ပါစေ..သမီးရင္ထဲ အေဖကေတာ့ ခမ်းနားနေဆဲပါ အေဖ့ဂုဏ္ထည်ဝါတြေ ကြီးမားနေတုန်းပါ အေဖ့မ်က်နွာလေးက.အေးခ်မ်းတယ် အေဖ့ရဲ့လက်မောင်းပော့်ပော့်အိ
အိလေးကိုလည်း ခ်စ္တယ်.ကေ်ျာေမာင္က အသားမဲ့နေတဲ့ ကေ်ျာပင်လေးကိုလည်း..ခ်စ္တယ် ပါးရေတြ တြန့်နေတဲ့ အေဖ့ရုပ်ြသင်လေးလည်း ခ်စ္တယ်..သြားမပါတော့တဲ့ ပါးခိုင့်ရာလေးလည်
း ခ်စ္တယ်..တခါတခါ .ဇရာကိုညာလို့မရတဲ့ အေဖ့ရုပ်ြသင်လေး.စေ့စေ့ကြည့်ပြီး ရင္ထဲမွာ ဝမ်းနည်ျးခင်း.စိတ္မေကာင်ျးခင်းနဲ့.ခ်စ်ျခင်းမေတ္တာတရားတြေ ရောယွက္လို့နေတယ်
ကြည့်ပါဦး..ဇနီးသားသမီးကို ခါးလေးခိအောင် လုပ္ကိုင်ကျြေးခဲ့တဲ့အာဂသူရဲကောင်းကြီး.. သန္မာလွပြီလို့ ထင္ခဲ့တာ သြက္လက္လွပြီလို့ ထင္ခဲ့တာ က်န်းမာလွပြီလို့ ထင္ခဲ့တာ ဇရာတရားရဲ့. ထုထောင်းမှုတြေကြာင့် အေဖ့ခမ်ာ ဝေဒနာတြေ စိပ္လာပြီ
Ensure တြေ မ်ားမ်ားသောက်နော် အေဖ ဒါမွ..အေဖ့အသက် ဆက္လို့ရမွာ အေဖ့အသက္ကို ဆက္လို့ရရင် နတ်ဒေဝါတြေ ခေါ်ပြီးဆက္ခ်င်သလို ဆေးပညာ ဆေးဆရာတြေနဲ့လည်း ခေါ်ဆက်စေခ်င္တယ်..ျဖစ္နိုင္မယ္ဆိုရင်ပေါ့ ဘယ္လိုနည်းနဲ့ပဲဆက်ရဆက်ရပါမရွိ ရွိတဲ့အားနဲ့ ရေအာင္ဆက္ခ်င္တယ် အေဖေရ အားရွိမွ..အသက္ဆက္လို့ရမယ်. အသက္ဆက္မွ..ဒီသမီးေ
လးနဲ့အတူနေခြင့်ရမယ် ငါ့သမီးလေး လစာနဲ့ လောက်ငွပါ့မလားလို့ မေတြးပါနဲ့. ရတဲ့လစာ ရွိတဲ့ခြန်အားက ခ်စ်ရတဲ့ အေဖ့အတြက္ပါ။ဘျာဖစ်ျဖစ် သမီး မ မောပါဘူး.. အေဖက သမီးရဲ့.…”ကုသိုလ်အိုးကြီး”လေ…အျိဖူဇင်(၂၉.၄.၂၀၂၀)
Credit