Knowledge
ကုသိုလ်တွေလုပ်နေပါလျှက် ကောင်းကျိုးတွေမခံစားရတာဘာကြောင့်လဲ
ကုသိုလ်တွေလုပ်နေပါလျှက် မကောင်းကျိုးတွေခံစားရတာဘာကြောင့်လဲဗုဒ္ဓဘာသာတို့သည် ကံ၊ကံ၏အကျိုးကိုယုံကြည်ကြသူများဖြစ်သည်။ ကုသိုလ်ကံကိုပြုလုပ်လျှင် ကောင်းတဲ့အကျိုးကို မုချခံစားရမည်ဖြစ်ပါသည်
ထို့အတူအကုသိုလ်ကံကိုလုပ်လျှင် မကောင်းတဲ့အကျိုးကိုခံစားရမည်မှာလည်း မုချပင်ဖြစ်ပါသည်။သို့သော်..အချို့သောသူများမှာ ကောင်းမှုတွေအကြိမ်ကြိမ်ပြုနေပါလျှက် မကောင်းတဲ့အကျိုးတွေခံစားနေရတက်ပါသည်။
အချို့သူတို့မှာ အကုသိုလ်ကံတွေအမြဲပြုလုပ်နေပါလျှက် ကောင်းကျိုးတွေကိုခံစားနေရတက်ပါသည်။ ထိုကဲ့သို့ ကုသိုလ်ကံတွေလုပ်နေပါလျှက် မကောင်းကျိုးခံစားရခြင်း၊ အကုသိုလ်ကံတွေလုပ်နေပါလျှက် ကောင်းကျိုးတွေခံစားနေရခြင်း၏ တရားခံသည် အဘယ်နည်း။
မိမိတို့ ရှေ့ဘဝပေါင်းများစွာကပြုလုပ်ခဲ့သော ကံတရား၏ အကျိုးများပင်ဖြစ်ပါသည်။ မှန်၏…သတ္တဝါတို့သည် နိဗ္ဗာန်မရောက်မီ ဘုံပေါင်းများစွာ ၊ ဘဝပေါင်းများစွာ၌ ပုံစံအမျိုးမျိုးကျင်လည်နေရသူများဖြစ်ပါသည်။ ထိုဘ၀များ၌ ကုသိုလ်ကံ၊အကုသိုလ်ကံများစွာတို့ကို ပြုလုပ်ခဲ့ကြမည်မှာ အမှန်ပင်ဖြစ်ပါသည်
ဘ၀တစ်ခု၌ ရရှိထားသော စည်းစိမ်ဥစ္စာ၊ခန္ဓာတို့ကို ထားခဲ့ရသော်လည်း မိမိတို့ပြုလုပ်ထားသော ကုသိုလ်ကံ၊အကုသိုလ်ကိုကား ထားခဲ့လို့မရပေ။ အကျိုးပေးအာနိသင်မကုန်သေးသမျှ၊နိဗ္ဗာန်မရောက်သေးသမျှ မိမိနောက်က အရိပ်ပမာ လိုက်နေမည်ဖြစ်ပါသည်။ ထိုသည်မှာ ကံ၏စွမ်းအားပင်ဖြစ်ပါသည်။
ကုသိုလ်တွေလုပ်နေပါလျှက် မကောင်းကျိုးတွေခံစားနေရတဲ့အခါ ဉာဏ်နုသူအချို့မှာ ကုသိုလ်ကံအပေါ် သံသယ၀င်သွားတက်ကြပါသည်။ ထိုသို့သံသယမ၀င်အောင် “ကံ”တရားလေးပါးကို သိဖို့လိုပါသည်။ကံတရားလေးပါးမှာ… ၁။ဒိဋ္ဌဓမ္မဝေဒနိယကံ ၂။ဥပပဇ္ဇေ၀ဒနိယကံ ၃။အပရာပရိယဝေဒနီယကံ ၄။အဟောသိကံတို့ဖြစ်ပါသည်။
ဒိဋ္ဌဓမ္မဝေဒနိယကံဆိုသည်မှာ အခုကုသိုလ်လုပ် အခုအကျိုးပေးသကဲ့သို့ ယခုမျက်မှောက်ဘ၀မှာပင်အကျိုးပေးသော ကံမျိုးဖြစ်ပါသည်။ အခုရေတွင်းတူး။အခုရေကြည်သောက်၍ မရသကဲ့သို့ ထိုဒိဋ္ဌဓမ္မဝေဒနိယကံအကျိုးပေးခွင့်သည်လည်း ခတ်ခဲသည်ထင်ပါသည်။
ထိုကံမျိုးအကျိုးပေးသည်ကို ဘုရားရှင်လက်ထက်က နိရောဓသမာပတ်မှထကုန်သော ရဟန္တာ ယများအား လှူဒါန်းသူတွေအား အကျိုးပေးသည်ကို တွေ့ဘူးပါသည်။ အခုခေတ်၌လည်း ရှိတော့ရှိမည်ထင်ပါသည်။
လွန်ခဲ့သောရက်ပိုင်းက fbပေါ်တွင်ဖတ်လိုက်ရပါသည်။ ဦးဇင်းတစ်ပါး ဖုန်းဆိုင်တွင်ဖုန်းကာဗာသွား၀ယ်၏။ လမ်းတွင်ပိုက်ဆံတောင်းနေသော ဒကာမကြီးတစ်ဦးတွေ့ရာ သနားသဖြင့် ပိုက်ဆံအချို့လှူလိုက်၏။ ဖုန်းဆိုင်သို့ရောက်သောအခါ
ထိုဦးဇင်း၀ယ်သော ကာဗာဖိုးကို ဆိုင်မှမယူပဲလှူလိုက်သည်ဟူ၏။ ထိုကဲ့သို့ကံမျိုးဖြစ်ပါသည်။ဥပပဇ္ဇဝေဒနိယကံ..ဆိုသည်မှာ ဒုတိယဘ၀မှာ အကျိုးပေးသောကံဖြစ်ပါသည်။ ပစ္စုန်ပ္ပန်ဘ၀မှာပြုသောကံသည် တမလွန်ဘ၀မှာ အကျိုးပေးသောကံဖြစ်ပါသည်။
ဇာတ်တော်တစ်ခုတွင် ဖားလေးတစ်ကောင်သည် မြတ်စွာဘုရား၏တရားနာနေ၏။ ထိုအခါနွားကျောင်းသားတစ်ယောက်သည်လာ၍ နွားနှင်တံဖြင့် မြေပေါ်ထောက်လိုက်ရာ ဖားလေး၏ကျောကုန်းအပေါ်သို့ ထောက်မိသွားလေသည်။
ထိုဒဏ်ချက်ဖြင့်ပင် ဖားလေးသေဆုံးရာ နတ်ပြည်တွင်နတ်သားဖြစ်လေသည်။ ထိုကဲ့သို့ကံမျိုးကို ဥပပဇ္ဇဝေဒနိယကံဟုခေါ်ပါသည်။အပရာပရိယဝေဒနိယကံဆိုသည်မှာ တတိယဘ၀မှစ၍ နိဗ္ဗာန်မရောက်မှီဘ၀အထိ အခွင့်သာတိုင်း အကျိုးပေးသောကံဖြစ်ပါသည်။(နောက်မှအကျယ်ရှင်းအံ့)အဟောသိကံဆိုသည်မှာ ..လုံ၀အကျိုးမပေးပဲ ပြုကာမျှသာဖြစ်သော ကံဖြစ်ပါသည်။
ဘုရားရဟန္တာတို့သည် ကုသိုလ်ကံတွေ အမြဲပြုနေသော်လည်း ထိုကုသိုလ်ကံတို့သည် အကျိုးမပေးတော့ချေ။အင်္ဂုလိမာလမထေရ်သည် ပုထုဇဉ်ဘ၀က လူပေါင်းများစွာ၏ လက်ညိုးတွေကိုဖြတ်ခဲ့၏။ ပုံမှန်ဆိုဘ၀တစ်ခုခု၌ ထိုအကုသိုလ်ကံသည် အပါယ်ငရဲအထိ အကျိုးပေးရမည်ဖြစ်ပါသည်။ သို့သော်…ထိုအကုသိုလ်ကံနှင့်တကွ
ကိလေသာအားလုံးကို အရဟတ္တမဂ်ဖြင့် အကြွင်းမကျန်ပယ်ဖြတ်သွားသောကြောင့် နုစဉ်ဘ၀ကပြုခဲ့သော ကံအားလုံးသည် အဟောသိကံ (အကျိုးမပေးသောကံ)အဖြစ်သို့ ရောက်ရှိသွားခြင်းဖြစ်ပါသည်။ယခုခေတ်၌ ကုသိုလ်လုပ်ပါလျှက် မကောင်းကျိုးခံစားရခြင်းသည်
ယခင်ဘဝဟောင်းများကပြုခဲ့သော အကုသိုလ်အပရာပရိယဝေဒနီယကံက အကျိုးပေးနေခြင်းဖြစ်ပါသည်။အကုသိုလ်လုပ်နေပါလျှက် ကောင်းကျိုးတွေခံစားနေရခြင်းသည် ယခင်ဘဝဟောင်းများက ပြုလုပ်ခဲ့သော ကုသိုလ်အပရာပရိယဝေဒနီယကံက အကျိုးပေးခွင့်သာနေ၍ အကျိုးပေးနေခြင်းဖြစ်ပါသည
သောတာပန်အနာထပိဏ်သူဋ္ဌေးကြီးသည် အလှူဒါနတွေအမြဲလုပ်နေပါလျှက် ဆင်းရဲသောဘ၀သို့ ရောက်ရှိသွား၏။ ထိုသို့ဆင်းရဲသွားရခြင်းမှာ အလှူဒါနတွေပြုလုပ်လို့ မဟုတ်ပေ။ ဘဝဟောင်းကပြုခဲ့သော အကုသိုလ်ကံက အကျိုးပေးခွင့်သာသွားလို့ဖြစ်ပါသည်။
မိမိအထက်ကပြောခဲ့သော ဖားလေး၀တ္ထု၌ တရားနာခြင်းဟူသော ကုသိုလ်ပြုနေပါလျှက် သေသွားရ၏။ ထိုသို့သေရခြင်းသည်လည်း တရားနားခြင်းကုသိုလ်ကြောင့်မဟုတ်။ ဘဝဟောင်းကပြုခဲ့သော အကုသိုလ်ကြောင့်ပင်ဖြစ်ပါသည်။တရားမနာပဲသေသွားလျှင် ဘယ်ဘုံရောက်မည်မသိသော်လည်း
တရားနာလိုက်ရသောကြောင့် နတ်ပြည်သို့ရောက်ရခြင်းဖြစ်ပါသည်။ ဒီလောက်ဆို…. ကမ္မနိယာမ ကံ၏သဘာ၀ကို နားလည်လောက်ပြီဟုထင်ပါသည်။ကုသိုလ်လုပ်နေပါလျှက် ဘာလို့မကောင်းကျိုးတွေခံစားနေရသလဲ နားလည်သဘောပေါက်မည်ထင်ပါသည်။ ကုသိုလ်တရားအပေါ် သံသယများရှင်းပါစေ
Credit
Zawgyi
ကုသိုလ်တြေလုပ်နေပါလျွက် မေကာင်းကိုးတြေခံစားရတာဘာကြောင့်လဲဗုဒ္ဓဘာသာတို့သည် ကံ၊ကံ၏အကိုးကိုယုံကြည်ကြသူမ်ာျးဖစ်သည်။ ကုသိုလ္ကံကျိုပုလုပ္လျွင် ကောင်းတဲ့အကိုးကို မုခ်ခံစားရမည်ျဖစ္ပါသည်
ထို့အတူအကုသိုလ္ကံကိုလုပ္လျွင် မေကာင်းတဲ့အကိုးကိုခံစားရမည္မွာလည်း မုခ်ပင်ျဖစ္ပါသည်။သို့သော်..အခို့သောသူမ်ားမွာ ကောင်းမှုတြေအကြိမ်ကြိမ်ျပုနေပါလျွက် မေကာင်းတဲ့အကိုးတြေခံစားနေရတက္ပါသည်။
အခို့သူတို့မွာ အကုသိုလ္ကံတြေအျမျဲပုလုပ်နေပါလျွက် ကောင်းကိုးတြေကိုခံစားနေရတက္ပါသည်။ ထိုကဲ့သို့ ကုသိုလ္ကံတြေလုပ်နေပါလျွက် မေကာင်းကိုးခံစားရျခင်း၊ အကုသိုလ္ကံတြေလုပ်နေပါလျွက် ကောင်းကိုးတြေခံစားနေရျခင်း၏ တရားခံသည် အဘယ္နည်း။
မိမိတို့ ရွေ့ဘဝေပါင်းမ်ားစြာကျပုလုပ္ခဲ့သော ကံတရား၏ အကိုးမ်ားပင်ျဖစ္ပါသည်။ မွန်၏…သတ္တဝါတို့သည် နိဗ္ဗာန္မေရာက္မီ ဘုံပေါင်းမ်ားစြာ ၊ ဘဝေပါင်းမ်ားစြာ၌ ပုံစံအမိုးမိုးက်င္လည်နေရသူမ်ာျးဖစ္ပါသည်။ ထိုဘ၀မ်ား၌ ကုသိုလ္ကံ၊အကုသိုလ္ကံမ်ားစြာတို့ကျိုပုလုပ္ခဲ့ကြမည္မွာ အမွန္ပင်ျဖစ္ပါသည်
ဘ၀တစ္ခု၌ ရရွိထားသော စည်းစိမ်ဥစ္စာ၊ခန္ဓာတို့ကို ထားခဲ့ရေသ္လာည်း မိမိတိျု့ပုလုပ္ထားသော ကုသိုလ္ကံ၊အကုသိုလ္ကိုကား ထားခဲ့လို့မရေပ။ အကိုးပေးအာနိသင္မကုန်သေးသမျွ၊နိဗ္ဗာန္မေရာက်သေးသမျွ မိမိနောက္က အရိပ္ပမာ လိုက်နေမည်ျဖစ္ပါသည်။ ထိုသည္မွာ ကံ၏စြမ်းအားပင်ျဖစ္ပါသည်။
ဒိဋ္ဌဓမ္မဝေဒနိယကံဆိုသည္မွာ အခုကုသိုလ္လုပ် အခုအကိုးပေးသကဲ့သို့ ယခုမ်က်မွောက္ဘ၀မွာပင်အကိုးပေးသော ကံမိုျးဖစ္ပါသည်။ အခုရေတြင်းတူး။အခုရေကြည်သောက်၍ မရသကဲ့သို့ ထိုဒိဋ္ဌဓမ္မဝေဒနိယကံအကိုးပေးခြင့်သည္လည်း ခတ္ခဲသည္ထင္ပါသည်။
ထိုကံမိုးအကိုးပေးသည္ကို ဘုရားရွင္လက္ထက္က နိရောဓသမာပတ္မွထကုန်သော ရဟန္တာ ယမ်ားအား လှူဒါန်းသူတြေအား အကိုးပေးသည္ကို တြေ့ဘူးပါသည်။ အခုခေတ်၌လည်း ရွိတော့ရွိမည္ထင္ပါသည်။
ထိုဦးဇင်းဝယ်သော ကာဗာဖိုးကို ဆိုင္မွမယူပဲလှူလိုက်သည်ဟူ၏။ ထိုကဲ့သို့ကံမိုျးဖစ္ပါသည်။ဥပပဇ္ဇဝေဒနိယကံ..ဆိုသည္မွာ ဒုတိယဘ၀မွာ အကိုးပေးသောကျံဖစ္ပါသည်။ ပစ္စုန္ပ္ပန္ဘ၀မျွာပုသောကံသည် တမလြန္ဘ၀မွာ အကိုးပေးသောကျံဖစ္ပါသည်။
ဇာတ်တ္တောစ္ခုတြင် ဖားလေးတစ်ကောင်သည်ျမတ္စြာဘုရား၏တရားနာနေ၏။ ထိုအခါနြားကော်င်းသားတစ်ယောက်သည္လာ၍ နြားနွင္တျံဖင့်ျေမေပ်ါထောက္လိုက်ရာ ဖားလေး၏ကော်ကုန်းအေပ်ါသို့ ထောက္မိသြားလေသည်။
ထိုဒဏ္ခ်က်ျဖင့်ပင် ဖားလေးသေဆုံးရာ နတ်ျပည္တြင္နတ်သာျးဖစ်လေသည်။ ထိုကဲ့သို့ကံမိုးကို ဥပပဇ္ဇဝေဒနိယကံဟုခေါ်ပါသည်။အပရာပရိယေဝဒနိယကံဆိုသည္မွာ တတိယဘ၀မွစ၍ နိဗ္ဗာန္မေရာက္မွီဘ၀အထိ အခြင့်သာတိုင်း အကိုးပေးသောကျံဖစ္ပါသည်။(နောက္မွအက်ယ်ရွင်းအံ့)အေဟာသိကံဆိုသည္မွာ ..လုံဝအကိုးမေပးပျဲပုကာမျွသျာဖစ်သော ကျံဖစ္ပါသည်။
ဘုရားရဟန္တာတို့သည် ကုသိုလ္ကံတြေ အျမျဲပုနေသ္လာည်း ထိုကုသိုလ္ကံတို့သည် အကိုးမေပးတော့ခေ်။အင်္ဂုလိမာလမေထရ်သည် ပုထုဇဥ္ဘ၀က လူပေါင်းမ်ားစြာ၏ လက်ညိုးတြေကျိုဖတ္ခဲ့၏။ ပုံမွန္ဆိုဘ၀တစ္ခုခု၌ ထိုအကုသိုလ္ကံသည် အပါယ်ငရဲအထိ အကိုးပေးရမည်ျဖစ္ပါသည်။ သို့သော်…ထိုအကုသိုလ္ကံနွင့်တကြ
ကိလေသာအားလုံးကို အရဟတ္တမဂ်ျဖင့် အကြင်းမက်န္ပယ်ျဖတ်ြသားသောကြောင့် နုစဥ္ဘ၀ကျပုခဲ့သော ကံအားလုံးသည် အေဟာသိကံ (အကိုးမေပးသောကံ)အျဖစ်သို့ ရောက်ရွိသြာျးခင်ျးဖစ္ပါသည်။ယခုခေတ်၌ ကုသိုလ္လုပ္ပါလျွက် မေကာင်းကိုးခံစားရျခင်းသည်
ယခင္ဘဝေဟာင်းမ်ားကျပုခဲ့သော အကုသိုလ်အပရာပရိယေဝဒနီယကံက အကိုးပေးနျေခင်ျးဖစ္ပါသည်။အကုသိုလ္လုပ်နေပါလျွက် ကောင်းကိုးတြေခံစားနေရျခင်းသည် ယခင္ဘဝေဟာင်းမ်ားကျပုလုပ္ခဲ့သော ကုသိုလ်အပရာပရိယေဝဒနီယကံက အကိုးပေးခြင့်သာနေ၍ အကိုးပေးနျေခင်ျးဖစ္ပါသည
သောတာပန်အနာထပိဏ်သူဋ္ဌေးကြီးသည် အလှူဒါနေတြအျမဲလုပ်နေပါလျွက် ဆင်းရဲသောဘ၀သို့ ရောက်ရွိသြား၏။ ထိုသို့ဆင်းရဲသြားရျခင်းမွာ အလှူဒါနေတျြပုလုပ္လို့ မဟုတ်ပေ။ ဘဝေဟာင်းကျပုခဲ့သော အကုသိုလ္ကံက အကိုးပေးခြင့်သာသြားလိျု့ဖစ္ပါသည်။
မိမိအထက္ကျေပာခဲ့သော ဖားလေးဝတ္ထု၌ တရားနျာခင်းဟူသော ကုသိုလ်ျပုနေပါလျွက် သေသြားရ၏။ ထိုသို့သေရျခင်းသည္လည်း တရားနာျးခင်းကုသိုလ်ကြောင့်မဟုတ်။ ဘဝေဟာင်းကျပုခဲ့သော အကုသိုလ်ကြောင့်ပင်ျဖစ္ပါသည်။တရားမနာပဲသေသြားလျွင် ဘယ္ဘုံရောက္မည္မသိသ္လောည်း
တရားနာလိုက်ေရသာကြောင့် နတ်ျပည်သို့ရောက်ရျခင်ျးဖစ္ပါသည်။ ဒီလောက္ဆို…. ကမ္မနိယာမ ကံ၏သဘာဝကို နားလည်လောက်ပြီဟုထင္ပါသည်။ကုသိုလ္လုပ်နေပါလျွက် ဘာလို့မေကာင်းကိုးတြေခံစားနေရသလဲ နားလည်ေသဘာပေါက္မည္ထင္ပါသည်။ ကုသိုလ္တရားအေပါ် သံသယမ်ားရွင်းပါစေ
Credit