Local News

မထွက်ရင်တော့မထွက်ဘူး ထွက်ရင်တော့အကုန်တူတူထွက်ကျတာပေါ့

မထွက်ရင်တော့မထွက်ဘူး
ထွက်ရင်တော့အကုန်တူတူထွက်ကျတာ၊

လောလောဆယ်မှာ လမ်းပေါ်ထွက်ဖို့ မတိုက်တွန်းသေးပါဘူးဒါပေမယ့် ဒီလိုမျိုး လမ်းပေါ်ထွက်ဖို့လည်း စိတ်ပိုင်းဖြတ်ထားပါ။


ကတ္တီပါတော်လှန်ရေးဆိုတာ ချက်ကိုစလိုဗက်ကီးယားမှာ ကွန်မြူနစ်အာဏာရှင်စနစ် ပြုတ်ကျစေခဲ့တဲ့ သွေးထွက်သံယို မဖြစ်ခဲ့တဲ့ အကြမ်းမဖက်လူထုအုံကြွမှုပဲ။

၁၉၈၉ နိုဝင်ဘာ ၁၇မှာ ကျောင်းသားတွေ ဆန္ဒပြတာကနေ စတယ်။ အဲဒီကနေစလိုက်တာမှာ နိုဝင်ဘာ ၂၀ ရက်နေမှာ။ပရပ်မြို့မှာ လူ ၅သိန်းလောက် လမ်းပေါ်ရောက်လာတယ်။ ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းတွေ နိုဝင်ဘာ ၂၄မှာထွက်ပေးရတယ်။

နောက်ဆုံးကျည်ဆံကတော့ နိုဝင်ဘာ ၂၇ မှာလုပ်တဲ့ တစ်နိုင်ငံလုံးပါတဲ့ ၂နာရီပဲ ကြာတဲ့ အထွေထွေသပိတ်ကြီး။

နေ့လည် ၁၂နာရီကနေ ၂နာရီအထိပဲ။ အချိန်ရောက်တာနဲ့ ဘုရားကျောင်းက၊ခေါင်းလောင်းထိုးတဲ့အခါမှာ စက်ရုံအလုပ်သမားတွေက လုပ်နေတဲ့ အလုပ်ရပ်လိုက်တယ်။ တက္ကစီသမားတွေက ကားတန်းအရှည်ကြီး ပိတ်ပြီးရပ်ထားလိုက်ကြတယ်။

တီဗီမှာ သတင်းကြေငြာတဲ့သူက သပိတ်ထဲပါမယ်လို့ပြောပြီး ထထွက်သွားတယ်။

၂နာရီပဲ ဆိုပေမဲ့ ရှိရှိသမျှ လှည်းနေလှေအောင်း မြင်ဇောင်းမကျန် ပါခဲ့ကြလို့ ထိရောက်ခဲ့တယ်။အဲနောက်မှာ အတိုက်အခံနဲ့ ကွန်မြူနစ်အစိုးရနဲ့ ဆွေးနွေးကြပြီး နောက်ပိုင်း ဗားကလပ် ဟာဗဲသမ္မတဖြစ်လာတာပဲ။ ပြောချင်တာက လူညီရင် အကုန်ဖြစ်တယ်ဆိုတာပဲ။

မြန်မာတစ်နိုင်ငံလုံးမှာ အကျဉ်းထောင် ၄၆ ခုနဲ့ အလုပ်ကြမ်းစခန်း ၅၀ ပဲ ရှိပါတယ်၊ တစ်ပြည်လုံးက ပြည်သူတွေကို ထောင်ထဲ ထည့်မထားနိုင်ပါဘူး။မရှဲရ် ကြပါနဲ့စာသားကို ကော်ပီကူး၊ ဓါတ်ပုံကို save ပြီး ပြန်ထည့်ကာ အသစ်တင်ကြပါအင်တာနက် ဘရောက်ဇာမှာ Velvet Revolution လို့ ရိုက်ပြီး ပုံတွေ ရှာကြည့်နိုင်ပါတယ်။
Credit
စိတ်ကိုပြင်ဆင်ပြီး ကူးယူဖော်ပြပါတယ်
ထွက်ဖို့အဆင်သင့်ပါပဲ။