ချစ်သူရည်းစားတွေကြား သဝန်တိုတာတွေ နည်းပါးသွားစေမယ့် အဓိကသော့ချက် (၁၀) ချက်
သဝန်တိုတာဟာ လူတိုင်းမှာရှိပြီးတော့ ကိုယ်တန်ဖိုးထားရတဲ့ တစ်စုံတစ်ဦးက တခြားသူနဲ့ စကားပြောပြီဆိုရင် ဖြစ်လာတတ်ကြတဲ့ အရာပါပဲ။ ဒီစိတ်ဟာ လုပ်ဖော်ကိုင်ဖက်တွေထဲမှာတင် မဟုတ်ပဲ သမီးရည်းစားတွေ
ကြားထဲမှာပါ ဖြစ်တတ်ပါတယ်။ တကယ်လို့ သင်က ဒီစိတ်ကို ထိန်းချုပ်နိုင်ပြီ ဆိုရင်တော့ သင်တို့ကြားဆက်ဆံရေးတွေ ပိုကောင်းလာမှာ အသေအချာပါပဲ။ ဒါကြောင့် သဝန်တိုတဲ့စိတ်ကို ဘယ်လို လျှော့ချမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
၁။ သင်သဝန်တိုတယ် ဆိုတာကို အမှန်အတိုင်းရှင်းပြပါ။
သင်က အမှားတစ်ခုခု လုပ်ထားတယ် ဆိုရင်လည်း အမှန်အတိုင်း ဖွင့်ပြောပါ။ ရိုးသားတာက အရာရာကို အောင်မြင်စေနိုင်ပါတယ်။ တကယ်လို့ သင်က သင့်ရဲ့ခံစားချက်တွေကို ဖုံးကွယ်ထားမယ် ဆိုရင်တော့
သူကလည်း မမြင်နိုင်သလို သိလည်းသိမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူက သင်မကြိုက်တဲ့သူ တစ်ဦးဦးနဲ့ ပတ်သက်နေတယ်ဆိုရင်လည်း မကြိုက်ဘူး ဆိုတာကို အမှန်အတိုင်း ပြောလိုက်ပါ။ တကယ်လို့ တစ်ဖက်သတ် ချစ်နေတယ်ဆိုလည်း ဖွင့်ပြောလိုက်တာ အကောင်းဆုံးပါပဲ။ဒီလိုဆို တစ်ယောက်နဲ့တစ်ယောက် နားလည်လာပြီး အရာရာ အဆင်ပြေလာပါလိမ့်မယ်။
၂။ သဝန်လိုက်တိုနေတယ်ဆိုတာက သင့်ရဲ့အတ္တပါ။
ပြဿနာတစ်ခုခု ဖြစ်ပြီဆိုရင် ဖြေရှင်းလိုက်တာက အကောင်းဆုံး နည်းလမ်းပါပဲ။ ဒါပေမယ့် ဒီလို မဖြေရှင်းခင်မှာ ကိစ္စတိုင်းကို အကျိုးသင့်အကြောင်းသင့် စဉ်းစားသင့်ပါတယ်။ သင့်ရဲ့ သဝန်တိုစိတ်ကြောင့် ဖြစ်လာတဲ့ပြဿနာ ဆိုရင်တော့ ပိုလို့တောင် စဉ်းစားသင့်ပါတယ်။
ပြီးတော့ “ငါ့ရဲ့ သဝန်တိုမှုက ဘာကိုဖြေရှင်းဖို့ ကြိုးစားနေတာလဲ “လို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ဒီလိုပြဿနာက သင့်ရဲ့ ချစ်သူရည်းစားကို ထိခိုက်စေနိုင်လား။ သူ့အလုပ်မှာ အဆင်မပြေမှုတွေ ဖြစ်သွားစေမလား ဆိုတာကို သေချာလေး တွေးသင့်ပါတယ်။
၃။ သင့်ခံစားချက်တွေကို ထုတ်ပြောပါ။
သဝန်တိုမှုကို ဖြေရှင်းဖို့ နောက်ထပ်နည်းလမ်းက သင့်ရဲ့ခံစားချက်နဲ့ ဘာကြောင့်လဲ ဆိုတာကို သင့်ရဲ့လက်တွဲဖော်ကို ပြောဖို့ပါ။ မပြောပဲနေရင် သူသတိမထားမိနိုင်ပါဘူး။ ပြောပြရင်လည်း စိတ်အနှောင့်အယှက်
ဖြစ်မသွားစေဖို့ကို သတိထားပါ။ အပြောမတော်ရင် သင်တို့ဆက်ဆံရေး ပိုဆိုးသွားနိုင်ပါတယ်။ ပြီးတော့ နှစ်ယောက်တည်း သီးသန့်ရှိနေချိန်မှာ ပြောတာက ပိုကောင်းပါတယ်။
၄။ ကိုယ့်ကိုယ်ကို အကောင်းမြင်ပါ။
သင့်ရဲ့အားနည်းချက်တွေကို မေ့ပစ်ပြီး သင့်ရဲ့အပြုသဘောဆောင်တဲ့ စရိုက်လက္ခဏာတွေကို အာရုံစိုက်တာဟာ ကိုယ့်ကိုယ်ကို လေးစားမှုကို တိုးတက်စေနိုင်ပါတယ်။ သဝန်တိုတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သူများနဲ့သွားပြီး နှိုင်းယှဉ်နေမိတတ်ပါတယ်။ လူတိုင်းမှာ တန်ဖိုးကိုယ်စီ ရှိတာကြောင့် သင့်ရဲ့တန်ဖိုးကို ကိုယ်တိုင်မြင်အောင် အာရုံစိုက်ကြည့်ပါ။
၅။ အတိတ်က အရာတွေကိုမေ့ပြီး လက်ရှိအချိန်ကိုပဲ အာရုံစိုက်ပါ။
သင့်ချစ်သူရဲ့အတိတ်ကို လိုက်ပြီး သဝန်တိုက တကယ်တော့ အဆင်မပြေပါဘူး။ သင့်အတွက်လည်း တွေးလေ နာကျင်လေ ဖြစ်နေမှာပါ။ အဲဒါကြောင့် လက်ရှိအချိန်ကို တန်ဖိုးထားပြီး အကောင်းဆုံး ချစ်ပေးလိုက်တာက ပိုပြီး ပျော်စရာကောင်းတဲ့ အချစ်ရေး၊ စိတ်ဖိစီးမှုကင်းတဲ့ အချစ်ရေး ဖြစ်လာစေပါတယ်။
၆။ သဝန်တိုမယ်လို့ တွေးလိုက်ရင် နှစ်ခါပြန်စဉ်းစားပါ။
သင့်ချစ်သူက တစ်ယောက်ယောက်နဲ့ စကားပြောနေတဲ့အချိန်၊ အလုပ်လုပ်နေတဲ့အချိန်မှာ သင်က သဝန်တိုနေမှာပါ။ သဝန်တိုပြီး တစ်ဖက်လူနဲ့ သင့်ချစ်သူကို သင့်ရဲ့မသေချာတဲ့ အထင်တွေနဲ့ စွပ်စွဲလိုက်ရင် အမှားကြီး မှားသွားပါလိမ့်မယ်။ တစ်ဖက်လူရဲ့ သိက္ခာကို စော်ကားရာရောက်သလို သင့်ချစ်သူကိုလည်း မယုံကြည်ရာရောက်ပါတယ်။ သင့်ချစ်သူကလည်း သင့်ကို မရင့်ကျက်တဲ့သူအဖြစ် ထင်မြင်သွားပါလိမ့်မယ်။
၇။ အေးအေးဆေးဆေး ဆွေးနွေးပါ။
သဝန်တိုလာရင် စကားလုံးတွေ၊ အပြုအမူတွေက ပြင်းထန်လာပါတယ်။ အဲဒီအခါ ပြဿနာက ပိုဆိုးလာနိုင်ပါတယ်။ တစ်ခါနှစ်ခါ သဝန်တိုတာက ပြဿနာ မရှိပေမယ့် အမြဲတမ်း သဝန်တိုနေတယ် ဆိုရင်တော့ အချိန်ယူ ဆွေးနွေးဖို့ လိုအပ်နေပါပြီ။
၈။ သင့်ရဲ့အခြေအနေကို ယုံကြည်ရတဲ့ သူငယ်ချင်းတစ်ယောက်ကို ပြောပြပါ။
သင့်ရဲ့ပြဿနာနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှု ဖြစ်လာတဲ့အခါ သဝန်တိုတာက လူအများစုမှ ဖြစ်လေ့ရှိတဲ့ ပြဿနာဆိုတာ သတိရပေးပါ။ သင်ကြုံနေရတဲ့ ပြဿနာကို ယုံကြည်ရတဲ့ သူငယ်ချင်းတစ်ယောက်ကို ပြောပြလိုက်တဲ့အခါ သင့်ကို ကူညီပေးနိုင်ပါလိမ့်မယ်။ စိတ်ဖိစီးမှုတွေ၊ ကြောက်စိတ်တွေလည်း လျော့ပါးသွားပါလိမ့်မယ်။
၉။ မသေချာတဲ့ အထင်တွေကို စွန့်လွှတ်လိုက်ပါ။
သင့်ချစ်သူကို တစ်ယောက်ယောက်နဲ့ လိုက်သဝန်တိုနေပေမယ့် လက်တွေ့မှာတော့ သူတို့က သင်ထင်သလို ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ တကယ် လက်တွေ့မှာ ခံစားနေရမှာကတော့ သင်ကိုယ်တိုင်ပါပဲ။ အဲဒါကြောင့် မရေရာတဲ့ တစ်ဖက်သတ် အတွေးတွေကို ထားပစ်ခဲ့ပါ။
၁၀။ သင့်ချစ်သူမရှိလည်း ပျော်ရွှင်တတ်အောင် ကြိုးစားပါ။
သင့်ချစ်သူကို ချစ်တာက ကောင်းပေမယ့် တစ်ချိန်လုံး သူမရှိရင် မဖြစ်ဘူးဆိုပြီး စိတ်ပိုင်းဆိုင်ရာ မှီခိုနေတာကတော့ မကောင်းပါဘူး။ နှစ်ယောက်လုံးမှာလည်း ကိုယ်ပိုင်အချိန် ဆိုတာ ရှိသင့်ပါတယ်။ သူကြိုက်တဲ့အရာတွေကို လုပ်ဖို့ ယုံကြည်မှုပေးပြီး သင့်အတွက်လည်း ပြန်ပြီး အချိန်ပေးပါ။ သင့်ရဲ့ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို သင်ကိုယ်တိုင်ပဲ ဖန်တီးနိုင်မှာပါ။
Zombie (Lovemedia)
Credit