အရာအားလုံးမြန်ဆန်လှတဲ့ အင်တာနက်ခေတ်ကြီးထဲမှာ ရည်းစားတစ်ယောက်ထားဖို့၊ချစ်သူတစ်ယောက်ထားဖို့ဆိုတာလည်း အချိန်တွေအများကြီးယူစရာမလိုတော့ပါဘူး။ဆိုရှယ်မီဒီယာမှာအခုတွေ့ပြီး ခဏနေဆိုချစ်သူတွေဖြစ်သွားတတ်ကြတဲ့ အထိ မြန်ဆန်တဲ့ခေတ်ကိုရောက်နေပါပြီ။
တကယ်တော့ ကိုယ့်အတွက်ချစ်သူရွေးချယ်ရာမှာ အချိန်အများကြီး မယူချင်ဘူးဆိုရင်တောင်ချစ်သူတွေအဖြစ်မတွဲကြခင်မှာ ဒီလိုမျိုးစကားစမြည်လေးတွေ ပြောဖူးသင့်ပါတယ်။
(၁) အခြေခံအကြိုက်လေးတွေအကြောင်းပြောပါ
လူတစ်ယောက်နဲ့တစ်ယောက် ရေရှည်အဆင်ပြေမပြေဆိုတာ အကြိုက်တူ၊မတူဆိုတဲ့အချက်နဲ့ အများကြီးသက်ဆိုင်နေပါတယ်။အသွင်တူမှအိမ်သူဖြစ်တယ်ဆိုတဲ့ စကားက အလကားရှိခဲ့တာမဟုတ်ပါဘူး။
ဒါကြောင့် သူနဲ့တွေ့ပြီး အခြေခံအကြိုက်လေးတွေအကြောင်း အပြန်အလှန်ပြောကြည့်ပါ။အကြိုက်တွေကွဲလွဲလွန်းနေရင် သင်တို့နှစ်ယောက်က ရေရှည်အဆင်ပြေဖို့မဖြစ်နိုင်တာကြောင့် ရှေ့ဆက်တိုးဖို့မစဉ်းစားပါနဲ့။
(၂) ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်၊လက်ရှိနေထိုင်နေတဲ့ပတ်ဝန်းကျင်အကြောင်းပြောပါ
တစ်ယောက်နဲ့တစ်ယောက်က ကြီးပြင်းခဲ့တဲ့ပုံစံချင်း မတူနိုင်ဘူးဆိုပေမယ့် အရမ်းကြီးတော့ ကွဲလွဲမနေသင့်ပါဘူး။ဘယ်လိုလူတွေနဲ့အတူတူကြီးပြင်းခဲ့သလဲ၊ လက်ရှိမှာ ဘယ်လိုလူမျိုးတွေနဲ့ အချိန်ကုန်နေသလဲဆိုတာ သိရအောင်လုပ်ပါ။ပြီးမှ ကိုယ်နဲ့အဆင်ပြေလောက်လားဆိုတာ စဉ်းစားပါ။
(၃) အခုလတ်တလောခေတ်စားနေတဲ့အကြောင်းအရာတွေအကြောင်းပြောပါ
သူနဲ့ကိုယ်နဲ့ပုံစံတူရဲ့လား၊ စိတ်ဝင်စားတာတွေတူရဲ့လားဆိုတာ သိရဖို့ အခုလတ်တလောခေတ်စားနေတဲ့ အကြောင်းအရာတွေကို ပြောကြည့်ပါ။လတ်တလောခေတ်စားနေတဲ့ ရုပ်ရှင်၊ သီချင်း၊ နိုင်ငံရေး စတာတွေကို ပြောကြည့်ပါ။ သူနဲ့ကိုယ်နဲ့ဘယ်လောက်ကွဲလွဲလဲဆိုတာ သိလာပါလိမ့်မယ်။
(၄) သူဟာသင့်ကိုဘယ်လောက်ဦးစားပေးလဲကြည့်ပါ
သင်တို့နှစ်ယောက်စကားပြောတဲ့အခါ သူကများများပြောသူလား၊ များများနားထောင်ပေးသူလားဆိုတာ သိရအောင် အကဲခတ်ကြည့်ပါ။သင်ပြောတာကိုသေချာအာရုံစိုက်ပြီးနားထောင်ပေးတယ်၊ သူနည်းနည်းပြောပြီး များများနားထောင်ပေးတယ်ဆိုရင် သူဟာ တစ်ဖက်သားကိုဦးစားပေးတတ်တဲ့သူ၊
သင့်ကိုဂရုတစိုက်ရှိတဲ့သူဆိုတာ သိနိုင်ပါတယ်။ကဲ စာဖတ်သူသမီးလေးတွေလည်း ကိုယ်နဲ့ချစ်သူဖြစ်မယ့်သူကို အပေါ်ယံကြည့်ပြီး လွယ်လွယ်မရွေးချယ်ဘဲအခုလိုမျိုး တစ်ယောက်အကြောင်းတစ်ယောက်လေ့လာပြီးမှ ရွေးချယ်ကြဖို့ အကြံပေးချင်ပါတယ်။
written by PP
Credit
Zawgyi
အရာအားလုံျးမန္ဆန္လွတဲ့ အင္တာနက်ခေတ်ကြီးထဲမွာ ရည်းစားတစ်ယောက္ထားဖို့၊ခ်စ်သူတစ်ယောက္ထားဖို့ဆိုတာလည်း အခိန်တြေအမ်ားကြီးယူစရာမလိုတော့ပါဘူး။ဆိုရွယ္မီဒီယာမွာအခုတြေ့ပြီး ခဏေနဆိုခ်စ်သူတျြေဖစ်ြသားတတ်ကြတဲ့ အထျိမန္ဆန္တဲ့ခေတ္ကိုရောက်နေပါပြီ။
တကယ်တော့ ကိုယ့်အတြက္ခ်စ်သူရြေးခ်ယ်ရာမွာ အခိန်အမ်ားကြီး မယူခ်င္ဘူးဆိုရင်တောင္ခ်စ်သူတြေအျဖစ္မတြဲကြခင္မွာ ဒီလိုမိုးစကားဈမည်လေးတြေျေပာဖူးသင့္ပါတယ်။
(၁) အျေခခံအကြိုက်လေးတြေအေကြာင်ျးေပာပါ
လူတစ်ယောက္နဲ့တစ်ယောက် ရေရွည်အဆင်ျေပမျေပဆိုတာ အကြိုက္တူ၊မတူဆိုတဲ့အခ်က္နဲ့ အမ်ားကြီးသက္ဆိုင်နေပါတယ်။အသြင္တူမွအိမ်သျူဖစ္တယ္ဆိုတဲ့ စကားက အလကားရွိခဲ့တာမဟုတ္ပါဘူး။
ဒါကြောင့် သူနဲ့တြေ့ပြီး အျေခခံအကြိုက်လေးတြေအေကြာင်း အျပန်အလွန်ျေပာကြည့္ပါ။အကြိုက်တြေကြဲလြဲလြန်းနေရင် သင္တို့နွစ်ယောက္က ရေရွည်အဆင်ျေပဖို့မျဖစ္နိုင္တာကြောင့် ရွေ့ဆက္တိုးဖို့မစဉ်းစားပါနဲ့။
(၂) ကြီျးပင်းခဲ့တဲ့ပတ်ဝန်းက်င်၊လက်ရွိနေထိုင်နေတဲ့ပတ်ဝန်းက်င်ေအကြာင်ျးေပာပါ
တစ်ယောက္နဲ့တစ်ယောက္က ကြီျးပင်းခဲ့တဲ့ပုံစံခ်င်း မတူနိုင္ဘူးဆိုပေမယ့် အရမ်းကြီးတော့ ကြဲလြဲမေနသင့္ပါဘူး။ဘယ္လိုလူတြေနဲ့အတူတူကြီျးပင်းခဲ့သလဲ၊ လက်ရွိမွာ ဘယ္လိုလူမိုးတြေနဲ့ အခိန္ကုန်နေသလဲဆိုတာ သိရေအာင္လုပ္ပါ။ပြီးမွ ကိုယ္နဲ့အဆင်ျေပေလာက္လားဆိုတာ စဉ်းစားပါ။
(၃) အခုလတ္တေလာခေတ္စားနေတဲ့အေကြာင်းအရာတြေအေကြာင်ျးေပာပါ
သူနဲ့ကိုယ္နဲ့ပုံစံတူရဲ့လား၊ စိတ်ဝင္စားတာတြေတူရဲ့လားဆိုတာ သိရဖို့ အခုလတ္တေလာခေတ္စားနေတဲ့ အေကြာင်းအရာတြေကိုျေပာကြည့္ပါ။လတ္တေလာခေတ္စားနေတဲ့ ရုပ်ရွင်၊ သီခ်င်း၊ နိုင်ငံရေး စတာတြေကိုျေပာကြည့္ပါ။ သူနဲ့ကိုယ္နဲ့ဘယ်လောက္ကြဲလြဲလဲဆိုတာ သိလာပါလိမ့္မယ်။
(၄) သူဟာသင့္ကိုဘယ်လောက်ဦးစားပေးလဲကြည့္ပါ
သင္တို့နွစ်ယောက္စကာျးေပာတဲ့အခါ သူကမ်ားမ်ာျးေပာသူလား၊ မ်ားမ်ားနားထောင်ပေးသူလားဆိုတာ သိရေအာင် အကဲခတ်ကြည့္ပါ။သင်ျေပာတာကိုသေခ်ာအာရုံစိုက်ပြီးနားထောင်ပေးတယ်၊ သူနည်းနည်ျးေပာပြီး မ်ားမ်ားနားထောင်ပေးတယ္ဆိုရင် သူဟာ တစ္ဖက်သားကိုဦးစားပေးတတ္တဲ့သူ၊
သင့္ကိုဂရုတစိုက်ရွိတဲ့သူဆိုတာ သိနိုင္ပါတယ်။ကဲ စာဖတ်သူသမီးလေးတြေလည်း ကိုယ္နဲ့ခ်စ်သျူဖစ္မယ့်သူကို အေပ်ါယံကြည့်ပြီး လြယ္လြယ္မေရြးခ်ယ္ဘဲအခုလိုမိုး တစ်ယောက်ေအကြာင်းတစ်ယောက်လေ့လာပြီးမွ ရြေးခ်ယ်ကြဖို့ အကြံပေးခ်င္ပါတယ်။
written by PP
Credit