လူတစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်တာဟာ စစချင်းက ရုပ်ရည်ကြောင့်လို့ ပြောလို့ရတယ်။
သူ့ရုပ်ရည်က ကိုယ့်မျက်စိထဲ လှနေလို့၊ ကြည့်ကောင်းနေလို့ ကိုယ်ကြိုက်မိသွားတယ်၊ ချစ်မိသွားတယ်ပေါ့။ နောက်တော့ အချင်းချင်း ချစ်မိကြပြီ ဆိုပါစို့… ချစ်စမှာတော့ တစ်ယောက်ချို့ယွင်းချက်ကို တစ်ယောက် မမြင်တတ်ဘူး။ မမြင်အောင်လည်း ချစ်စိတ်ကဖုံးထားပေးတယ်။
မြင်ခဲ့လည်း ချစ်စိတ်ကြောင့် ခွင့်လွှတ်နားလည်ပေးတယ်။ချစ်သူအချင်းချင်း ချစ်ကြိုက်တာပဲဖြစ်ဖြစ် လူလူချင်း ပေါင်းသင်းခင်မင်တာပဲဖြစ်ဖြစ်ပေါ့၊ ရေရှည်တည်တံ့ဖို့က စစချင်းတွေ့တဲ့ ရုပ်ရည်နဲ့ပဲမရတော့ဘူး။ အကျင့်စရိုက်၊ အပြောအဆို၊ စိတ်သဘောထား၊
ဝတ်စားဆင်ယင်မှု.. စတာတွေက ပါလာပြီ။ ပတ်ဝန်းကျင်မှာ ဒီလိုစကားတွေ ငါတို့ မကြာခဏကြားဖူးကြမှာပေါ့၊ “အကျင့်မကောင်းလို့ မပေါင်းတော့ဘူး ” “အချိုးမပြေလို့ မခေါ်တော့ဘူး..” “ကပ်စေးနည်းလို့ ဘယ်သွားသွားမခေါ်တော့ဘူး” “စရိုက်မတူလို့ လမ်းခွဲလိုက်တယ်”…. ဆိုတာမျိုးတွေလေ။
ချစ်ရင်း၊ ချစ်ရင်း လမ်းခွဲသွားကြသူတွေဟာ နောက်တစ်ယောက်ကြောင့်၊ ကြားလူကြောင့်လည်း ဖြစ်နိုင်သလို အထက်ကပြောတဲ့.. အကျင့်စရိုက် သဘောထားတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ချစ်သက်တမ်းလေး နည်းနည်းရှည်လာမှ
တစ်ဘက်လူအကြောင်း ပိုသိလာရတာမျိုးဆိုတော့ ဘယ်သူကမှလည်း တိုးတက်လိုစိတ်၊ ကြီးစားလိုစိတ်မရှိသူကို ကိုယ့်အနာဂတ်ပုံအပ်ပြီး မယူရဲကြဘူး။ အပြင်ပန်းကို လှနေအောင်ဆင်နိုင်သလောက် ကိုယ့်အိမ်ခန်းကို သပ်ရပ်အောင်
မလုပ်နိုင်တဲ့၊ ကြက်ဥတစ်လုံးတောင် မကြော်တတ်သူကိုလည်း ရေရှည်လက်တွဲဖို့ စဉ်းစားစရာတွေ အများကြီးပေးတယ်။ ကိုယ့်မိဘ၊ သူ့မိဘကို ရိုသေလေးစားရမှန်းမသိရင် ပိုဆိုးပါတယ်။ဒါကြောင့် RS တစ်ခုပြတ်သွားတဲ့အခါ သူခြံခုန်ချင်လို့၊ သူ အသစ်အဆန်းရှာချင်လို့ဆိုပြီး
တစ်ဘက်လူကို အပြစ်ပိုဖို့မယ့်အစား ဘာကြောင့် လမ်းခွဲကြရတာလဲ ကိုယ့်ဘက်က အားနည်းချက်၊ သူ့ဘက်က သိမ်ငယ်မှုတွေကို ဆန်းစစ်ကြည့်ဖို့ လိုတယ်။ လမ်းခွဲတဲ့အခါ နှစ်ဦးနှစ်ဘက်စလုံး ခံစားရတာချည်းပဲ။ စိတ်ထားတတ်သူနဲ့ တနုံ့နုံ့ခံစားတတ်သူတာ ကွာသွားတာ။
နှစ်ရှည်ချစ်ကြိုက်ခဲ့ကြသူဆိုရင် လမ်းခွဲမယ်ဆိုတဲ့စကားကို ပြောဖို့ အားယူ၊ အချိန်ယူရတာမျိုးလည်း ရှိတတ်တယ်။ ပစ္စည်းဝယ်တဲ့အခါ ကိုယ့်အတွက် အသင့်တော်ဆုံး၊ အလှဆုံး၊ အကောင်းဆုံးကို ငါတို့ ရွေးယူတတ်ကြသေးတာပဲ။ အိမ်ထောင်ပြုတယ်၊ ဘဝတစ်သက်လက်တွဲဖို့ဆိုတာက ပစ္စည်းဝယ်သလောက်မှ မလွယ်ကူတာလေနော်
အဲဒိလိုပဲ RS တစ်ခု ခိုင်မြဲလာတာ ပေါင်းသင်းဆက်ဆံရေးတစ်ခု နှစ်ကြာလာတာ ပိုပိုချစ်မိလာတာတွေဟာလည်း တစ်ဘက်လူရဲ့ အကျင့်စရိုက်၊ စိတ်နေစိတ်ထား၊ ရိုးသားမှု.. စတာတွေကြောင့်ပဲ။ သင့်တော်တဲ့၊ အတွဲညီတဲ့၊ လိုက်ဖက်မှုရှိ၊ နားလည်မှုရှိတဲ့ ဆက်ဆံရေးတစ်ခုကို သူတို့ရှာဖွေတွေ့သွားလို့ပေါ့။
ချစ်တုန်းကတော့ ချစ်ခဲ့ကြပြီး လမ်းခွဲချိန်ရောက်လာတဲ့အခါမှာတော့ ကိုယ်ဘက်က အပြစ်မဲ့အောင် တစ်ဘက်လူကို အပြစ်ပုံချတာမျိုးက မကောင်းဘူးပေါ့။ ချစ်တဲ့အချိန်က ကြည်ကြည်နူးနူးချစ်ခဲ့ကြပြီး လမ်းခွဲချိန်ရောက်ရင်လည်း သာသာယာယာလမ်းခွဲကြတာပေါ့နော်။
ဘာပဲဖြစ်ဖြစ် ဒီလိုလူမျိူးကိုပဲ ကိုယ်ရွေးချယ်ခဲ့မိတာ ဒီလိုလူမျိုးကိုပဲ ကိုယ်ချစ်ခဲ့တာလေ မဟုတ်ဘူးလား
Credit
Zawgyi
လူတစ်ယောက္နဲ့တစ်ယောက် ခ်စ်ကြိုက္တာဟာ စစခ်င်းက ရုပ်ရည်ကြောင့္လို့ျေပာလို့ရတယ်။
သူ့ရုပ်ရည္က ကိုယ့္မ်က္စိထဲ လွေနလို့၊ ကြည့်ကောင်းနေလို့ ကိုယ်ကြိုက္မိသြားတယ်၊ ခ်စ္မိသြားတယ်ပေါ့။ နောက်တော့ အခ်င်းခ်င်း ခ်စ္မိကြပြီ ဆိုပါစို့… ခ်စ္စမွာတော့ တစ်ယောက္ခို့ယြင်းခ်က္ကို တစ်ယောက် မျမင္တတ္ဘူး။ မျမင်အောင္လည်း ခ်စ္စိတ္ကဖုံးထားပေးတယ်။
ျမင္ခဲ့လည်း ခ်စ္စိတ်ကြောင့် ခြင့္လွှတ္နားလည်ပေးတယ်။ခ်စ်သူအခ်င်းခ်င်း ခ်စ်ကြိုက္တာပျဲဖစ်ျဖစ် လူလူခ်င်း ပေါင်းသင်းခင္မင္တာပျဲဖစ်ျဖစ်ပေါ့၊ ရေရွည္တည္တံ့ဖို့က စစခ်င်းတြေ့တဲ့ ရုပ်ရည္နဲ့ပဲမရေတာ့ဘူး။ အက်င့္စရိုက်၊ အျေပာအဆို၊ စိတ်ေသဘာထား၊
ဝတ္စားဆင်ယင္မှု.. စတာတြေက ပါလာပြီ။ ပတ်ဝန်းက်င္မွာ ဒီလိုစကားတြေ ငါတို့ မကြာခဏကြားဖူးကြမွာပေါ့၊ “အက်င့်မေကာင်းလို့ မေပါင်းတော့ဘူး ” “အခိုးမျေပလို့ မေခ်ါတော့ဘူး..” “ကပ်စေးနည်းလို့ ဘယ်ြသားသြားမေခ်ါတော့ဘူး” “စရိုက္မတူလို့ လမ်းခြဲလိုက္တယ်”…. ဆိုတာမိုးတြေလ။
ခ်စ်ရင်း၊ ခ်စ်ရင်း လမ်းခြဲသြားကြသူတြေဟာ နောက္တစ်ယောက်ကြောင့်၊ ကြားလူကြောင့္လည်ျးဖစ္နိုင်သလို အထက္ကျေပာတဲ့.. အက်င့္စရိုက် သေဘာထားတြေကြာင့္လည်ျးဖစ္နိုင္တယ်။ ခ်စ်သက္တမ်းလေး နည်းနည်းရွည္လာမွ
တစ္ဘက္လူအေကြာင်း ပိုသိလာရတာမိုးဆိုတော့ ဘယ်သူကမွလည်း တိုးတက္လိုစိတ်၊ ကြီးစားလိုစိတ္မရွိသူကို ကိုယ့်အနာဂတ္ပုံအပ်ပြီး မယူရဲကြဘူး။ အျပင္ပန်းကို လွေနေအာင္ဆင္နိုင်ေသလာက် ကိုယ့်အိမ္ခန်းကို သပ်ရပ်အောင်
မလုပ္နိုင္တဲ့၊ ကြက်ဥတစ္လုံးတောင် မေကြ္တာတ်သူကိုလည်း ရေရွည္လက္တြဲဖို့ စဉ်းစားစရာတြေ အမ်ားကြီးပေးတယ်။ ကိုယ့္မိဘ၊ သူ့မိဘကို ရိုသေလးစားရမွန်းမသိရင် ပိုဆိုးပါတယ်။ဒါကြောင့် RS တစ္ချုပတ်ြသားတဲ့အခါ သူခြံခုန္ခ်င္လို့၊ သူ အသစ်အဆန်းရွာခ်င္လို့ဆိုပြီး
တစ္ဘက္လူကို အျပစ္ပိုဖို့မယ့်အစား ဘာကြောင့် လမ်းခြဲကြရတာလဲ ကိုယ့္ဘက္က အားနည်းခ်က်၊ သူ့ဘက္က သိမ်ငယ္မှုတြေကို ဆန်းစစ်ကြည့္ဖို့ လိုတယ်။ လမ်းခြဲတဲ့အခါ နွစ်ဦးနွစ္ဘက္စလုံး ခံစားရတာခ်ည်းပဲ။ စိတ္ထားတတ်သူနဲ့ တနုံ့နုံ့ခံစားတတ်သူတာ ကြာသြားတာ။
နွစ်ရွည္ခ်စ်ကြိုက္ခဲ့ကြသူဆိုရင် လမ်းခြဲမယ္ဆိုတဲ့စကားကိုျေပာဖို့ အားယူ၊ အခိန်ယူရတာမိုးလည်း ရွိတတ္တယ်။ ပစ္စည်းဝယ္တဲ့အခါ ကိုယ့်အတြက် အသင့်တ္ဆောုံး၊ အလွဆုံး၊ အေကာင်းဆုံးကို ငါတို့ ရြေးယူတတ်ကြေသးတာပဲ။ အိမ်ထောင်ျပုတယ်၊ ဘဝတစ်သက္လက္တြဲဖို့ဆိုတာက ပစ္စည်းဝယ်ေသလာက္မွ မလြယ္ကူတာလေနာ်
အဲဒိလိုပဲ RS တစ္ခု ခိုင်ျမဲလာတာ ပေါင်းသင်းဆက္ဆံရေးတစ္ခု နွစ်ကြာလာတာ ပိုပိုခ်စ္မိလာတာတြေဟာလည်း တစ္ဘက္လူရဲ့ အက်င့္စရိုက်၊ စိတ်နေစိတ္ထား၊ ရိုးသားမှု.. စတာတြေကြာင့္ပဲ။ သင့်တ္တောဲ့၊ အတြဲညီတဲ့၊ လိုက္ဖက္မှုရွိ၊ နားလည္မှုရွိတဲ့ ဆက္ဆံရေးတစ္ခုကို သူတို့ရွာဖြေတြ့သြားလို့ပေါ့။
ခ်စ္တုန်းကေတာ့ ခ်စ္ခဲ့ကြပြီး လမ်းခြဲခိန်ရောက္လာတဲ့အခါမွာတော့ ကိုယ္ဘက္က အျပစ္မဲ့အောင် တစ္ဘက္လူကို အျပစ္ပုံခ်တာမိုးက မေကာင်းဘူးပေါ့။ ခ်စ္တဲ့အခိန္က ကြည်ကြည်နူးနူးခ်စ္ခဲ့ကြပြီး လမ်းခြဲခိန်ရောက်ရင္လည်း သာသာယာယာလမ်းခြဲကြတာပေါ့နော်။
ဘာပျဲဖစ်ျဖစ် ဒီလိုလူမိုးကိုပဲ ကိုယ်ရြေးခ်ယ္ခဲ့မိတာ ဒီလိုလူမိုးကိုပဲ ကိုယ္ခ်စ္ခဲ့တာလေ မဟုတ္ဘူးလား
Credit