Knowledge
credit to lotaya
Unicode
သင့်ရဲ့ဘယ်အရည်အချင်းတွေက သင့်ကိုစီးပွားလာဘ်လာဘတွေ တိုးတက်အောင် စွမ်းဆောင်ပေးနေလဲဆိုတာ ပြောပြပေးမယ်
နံပါတ် (၁)သင့်ဟာသဉာဏ်က သင့်ကိုပိုက်ဆံတွေဝင်အောင် ဖန်တီးပေးနေတဲ့ ပိုက်ဆံအရင်းအမြစ်ပါ။ ဘယ်လိုနေရာဒေသ၊ ဘယ်လိုလူမျိုးနဲ့မဆို လိုက်လျောညီထွေဖြစ်အောင် ပြောင်မြောက်တဲ့ ဟာသတွေနှောပြီး ပြောတတ်တာကြောင့် ၊
အစစအရာရာ အဆင်ပြေတတ်ပါတယ်။ ဒီစွမ်းရည်ကြောင့်ပဲ သင်ဟာ မိမိရဲ့အသက်မွေးဝမ်းကြောင်းမှာ သူမတူအောင် အောင်မြင်မှုတွေ ရတတ်ပြီး စစ်မှန်တဲ့သူငယ်ချင်းတွေ ရနိုင်ပါတယ်။ ဒါ့အပြင် မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ကူညီဖေးတတ်ပါသေးတယ်။
နံပါတ် (၂)သင့်ရဲ့စီးပွားရေးက သင့်ကိုပိုက်ဆံတွေဝင်အောင် ဖန်တီးပေးနေတဲ့ ပိုက်ဆံအရင်းအမြစ်ပါ။ ဆောက်လုပ်ရေးနဲ့ ပတ်သက်ရင် ပိုပြီးတောင် ပိုက်ဆံဝင်တတ်ပါတယ်။ သင်ဟာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိသူဖြစ်ပြီး ပြောရင် ပြောတဲ့အတိုင်း ၊
တစ်သွေမတိမ်း လုပ်ဆောင်တတ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့အမှားတွေကတစ်ဆင့် သင်ခန်းစာယူပြီး ပိုကောင်းမွန်တဲ့ရလဒ်ဖြစ်အောင် ဖန်တီးတတ်ပါတယ်။ လူငယ်တွေအတွက်လည်း စံပြလူတစ်ယောက်ဖြစ်အောင် ပြုမှုကျင့်ကြံပြီး နေထိုင်တတ်ပါတယ်။
နံပါတ် (၃)သင်ကိုယ်တိုင်ကပဲ သင့်ကိုပိုက်ဆံတွေဝင်အောင် ဖန်တီးပေးနေတဲ့ ပိုက်ဆံအရင်းအမြစ်ပါ။ သင်ဟာ ဘယ်အရာကိုမဆို ယုတ္တိရှိရှိ တွေးခေါ်ကြံဆတတ်ပါတယ်။ ဒါ့အပြင် သမာရိုးကျပုံစံအဟောင်းတွေက ဖောက်ထွက်ပြီ၊
း သစ်လွင်တဲ့ စိတ်ကူးအကြံဉာဏ်တွေနဲ့ ဖန်တီးလုပ်ဆောင်တတ်ပါတယ်။ သင်ဟာ လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်ဝံ့ဝံ့ တွေးခေါ်စဉ်းစားတတ်တဲ့အတွက် ငွေကြေး၊ ဥပဒေနဲ့ သိပ္ပံနယ်ပယ်တွေက သင့်ကိုအောင်မြင်စေတဲ့နယ်ပယ်တွေပါပဲ။
နံပါတ် (၄)သင့်ကံတရားက သင့်ကိုပိုက်ဆံတွေဝင်အောင် ဖန်တီးပေးနေတဲ့ ပိုက်ဆံအရင်းအမြစ်ပါ။ သင်ဟာ ရိုးသားကြိုးစားပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူတစ်ယောက်ပါ။ သင့်အိပ်မက်တွေ၊ စွမ်းဆောင်ရည်တွေနဲ့ ဘေးလူတွေ အပေါ်ယုံကြည်ပြီး ၊
ဘယ်အရာကိုမဆို ရဲရဲဝံ့ဝံ့ လုပ်ဆောင်လိုက်ပါ။ ဒါ့အပြင် တခြားလူတွေကိုလည်း မျှော်လင့်ချက်တွေ တိုးပွားစေအောင် သင့်အတွေ့အကြုံတွေဝေမျှပြီး အားပေးလိုက်ပါ။ ဆရာဝန်၊ ဘုန်းကြီးနဲ့ တရားဟောဆရာ အစရှိတဲ့နယ်ပယ်တွေမှာ သင်ဟာ အောင်မြင်နိုင်ပါတယ်။
နံပါတ် (၅)သင့်ရဲ့ပူးပေါင်းဆောင်ရွက်မှုက သင့်ကိုပိုက်ဆံတွေဝင်အောင် ဖန်တီးပေးနေတဲ့ ပိုက်ဆံအရင်းအမြစ်ပါ။ သင့်ဘေးနားမှာ သင်နဲ့စိတ်တူကိုယ်တူရှိပြီး သင်လုပ်သမျှကို အကောင်းအဆိုး ဝေဖန်ပိုင်းခြားပေးပြီး ၊
ကူညီအားပေးမယ့် မိတ်ဆွေသူငယ်ချင်း၊ အိမ်ထောင်ဖက်နဲ့ မိသားစုဝင်တွေ သင့်မှာလိုအပ်ပါတယ်။ ဒါမှ သင်ဟာ သင်လုပ်နေတဲ့အလုပ်မှာ အောင်မြင်ပြီး အဆင်ပြေနိုင်မှာပါ။
credit to lotaya