Knowledge

အချစ်ရေး အိမ်ထောင်ရေးအဆင်ပြေဖို့ ဒီနည်းကို မဖြစ်မနေသုံးပါ

အချစ်ရေး အိမ်ထောင်ရေးအဆင်ပြေဖို့ ဒီနည်းကို မဖြစ်မနေသုံးပါ

ချစ်ခြင်းရဲ့ လျို့ဝှက်ချက် နှစ်ပေါင်း ၂၅ နှစ်တိုင် ပြသနာလုံးဝမဖြစ်စေတဲ့ နည်းလေးပါ စုံတွဲတွေအဆင်ပြေစေချင်လွန်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်

တစ်ခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ အိမ်ထောင်သက် ၂၅ နှစ်အတွင်းမှာ တခါမှကတောက်ကဆမဖြစ်ဖူးဘူးလို့ မြို့မှာနာမည်ကြီး ပါတယ်

ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာကအဲဒီ ပျော်ရွှင်ချမ်းမြေ့ တဲ့ အိမ်ထောင်ရေး ရဲ့ လျှို့ဝှက်ချက်ကိုမေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။

အယ်ဒီတာ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်း ပါတယ်။ ဒီလိုအိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်…

“ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွား ခဲ့ကြပါတယ်။ အဲဒီမှာမြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့နည်းနည်းရိုင်းပုံရတယ်ဗျ။

လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်းရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီပြုတ်ကျပါလေရော။ ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီမြင်းရဲ့ကျောကုန်းလေးကိုအသာလေးပွတ်ပေးရင်းနဲ့ မြင်းကို “ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်…” လို့ ပြောပါတယ်။

ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက် ခဲ့တာပေါ့ဗျာ။ ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။

ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမကတည်တည်ငြိမ်ငြိမ်ပဲ ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်…” လို့ပြောပြီး ဆက်သွားကြပြန်ပါတယ်။

တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့ ကျွန်တော့်မိန်းမက ဘာမှမပြောပဲး ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး မြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ

ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့မင်း ဘယ်လို လုပ်လိုက်တာလည်းကွ။သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား” လို့အော်လိုက်မိတယ်။


အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ “ဒါ ရှင့်ရဲ့ပထမဆုံးအကြိမ်နော်…” တဲ့။

အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ ဘာပြဿနာမှ မရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာ အခုအချိန်အထိပါပဲဗျာ…”

crd

zawgyi

အခ်စ္ေရး အိမ္ေထာင္ေရးအဆင္ေျပဖို႔ ဒီနည္းကို မျဖစ္မေနသုံးပါ

ခ်စ္ျခင္းရဲ့ လ်ိဳ႕ဝွက္ခ်က္ ႏွစ္ေပါင္း ၂၅ ႏွစ္တိုင္ ျပသနာလုံးဝမျဖစ္ေစတဲ့ နည္းေလးပါ စုံတြဲေတြအဆင္ေျပေစခ်င္လြန္းလို႔ ျပန္လည္မၽွေဝေပးလိုက္ပါတယ္

တစ္ခါတုန္းက လင္မယားႏွစ္ေယာက္ဟာ သူတို႔ရဲ့ အိမ္ေထာင္သက္ ၂၅ ႏွစ္အတြင္းမွာ တခါမွကေတာက္ကဆမျဖစ္ဖူးဘူးလို႔ ၿမိဳ႕မွာနာမည္ႀကီး ပါတယ္

ဒါေၾကာင့္ နယ္ခံသတင္းစာရဲ့ အယ္ဒီတာကအဲဒီ ေပ်ာ္ရႊင္ခ်မ္းေျမ့ တဲ့ အိမ္ေထာင္ေရး ရဲ့ လၽွို႔ဝွက္ခ်က္ကိုေမးျမန္းေဖာ္ထုတ္ဖို႔ အစီအစဥ္တစ္ခု လုပ္လိုက္ပါတယ္။

အယ္ဒီတာ ဒီအျဖစ္အပ်က္က မယုံနိုင္စရာ အံ့အားသင့္ဖို႔ ေကာင္းလြန္း ပါတယ္။ ဒီလိုအိမ္ေထာင္ေရးမ်ိဳးကို ဘယ္လိုမ်ား တည္ေဆာက္ခဲ့ ၾကပါသလဲ ခင္ဗ်ာ ေယာက္်ားျဖစ္သူက သူတို႔ရဲ့ Honeymoon ေန႔ရက္ေတြကို ျပန္ေတြးရင္းေျပာပါတယ္…

“ကၽြန္ေတာ္တို႔ေတြ Honeymoon အတြက္ ရွီမလာ (Shimla) ကိုသြား ခဲ့ၾကပါတယ္။ အဲဒီမွာျမင္းစီးသြားမယ္ဆိုၿပီး ျမင္းတစ္ေကာင္စီ စီးၾကတာေပါ့ဗ်ာ။ အဲဒီမွာကၽြန္ေတာ့္ျမင္းက စီးရတာအဆင္ေျပေပမယ့္ ကၽြန္ေတာ့္မိန္းမစီးတဲ့ ျမင္းကေတာ့နည္းနည္းရိုင္းပုံရတယ္ဗ်။

လမ္းမွာ သြားေနရင္းနဲ႔ပဲ အဲဒီျမင္း႐ုတ္တရက္ထခုန္လိုက္တာ ကၽြန္ေတာ့္မိန္းမ ဒယိုင္းဒယိုင္ျဖစ္ၿပီျပဳတ္က်ပါေလေရာ။ ဒါေပမယ့္ သူက ေျမႀကီးေပၚကေန လူးလဲထၿပီျမင္းရဲ့ေက်ာကုန္းေလးကိုအသာေလးပြတ္ေပးရင္းနဲ႔ ျမင္းကို “ဒါ မင္းရဲ့ ပထမဆုံးအႀကိမ္ေနာ္…” လို႔ ေျပာပါတယ္။

ေျပာၿပီးေတာ့ သူလည္း ျမင္းေက်ာေပၚျပန္တက္ၿပီး ခရီးဆက္ ခဲ့တာေပါ့ဗ်ာ။ ခဏအၾကာမွာ ေစာေစာကလိုပဲ ျဖစ္ျပန္ပါတယ္။

ဒီတစ္ခါမွာလည္း ကၽြန္ေတာ့္မိန္းမကတည္တည္ၿငိမ္ၿငိမ္ပဲ ဒါ မင္းရဲ့ ဒုတိယအႀကိမ္ေနာ္…” လို႔ေျပာၿပီး ဆက္သြားၾကျပန္ပါတယ္။

တတိယအႀကိမ္ေျမာက္ ျမင္းက ခါခ်တဲ့အခါမွာေတာ့ ကၽြန္ေတာ့္မိန္းမက ဘာမွမေျပာပဲး ေျခာက္လုံးျပဴးေသနတ္ကို ပိုက္ဆံအိတ္ထဲက ထုတ္ၿပီး ျမင္းကို အေသပစ္သတ္လိုက္ပါေလေရာဗ်ာ

ကၽြန္ေတာ္လည္း ေဒါသထြက္ထြက္နဲ႔မင္း ဘယ္လို လုပ္လိုက္တာလည္းကြ။သနားစရာေကာင္းတဲ့ တိရိစၧာန္ေလးကို မင္းသတ္ပစ္လိုက္ၿပီ။ မင္း႐ူးေနလား” လို႔ေအာ္လိုက္မိတယ္။

အဲဒီအခါ ကၽြန္ေတာ့္မိန္းမက ကၽြန္ေတာ့္ကို ေအးစက္စက္ျပန္ၾကည့္ၿပီး ႏူးညံ့တဲ့ေလသံေလးနဲ႔ ဘာေျပာလဲဆိုေတာ့ “ဒါ ရွင့္ရဲ့ပထမဆုံးအႀကိမ္ေနာ္…” တဲ့။

အဲဒီအခ်ိန္ကစၿပီး ကၽြန္ေတာ္တို႔ေတြ ဘာျပႆနာမွ မရွိဘဲ ႏွစ္ေယာက္အတူတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနလာခဲ့ၾကတာ အခုအခ်ိန္အထိပါပဲဗ်ာ…”

crd