ဂီတလောကမှာ အောင်မြင်မှုတွေရရှိပြီးမှ ကွယ်လွန်သွားရှာခဲ့တဲ့ အဆိုတော်ရေမွန်ကို ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာမောင်နုမတွေက အမြဲအမှတ်ရနေခဲ့ပါတယ်။ ရေမွန်ဟာ Idiots Bandရဲ့ ပင်တိုင်အဆိုတော်တစ်ဦးဖြစ်ပြီး တေးသီချင်းများစွာကိုလည်း ထွက်ရှိထားကာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိခဲ့ပါတယ်။
ဇွန်လ (၂၃) ရက်နေ့မှာတော့ လွတ်မြောက်နယ်ကိုရောက်နေရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။အသက်(၃၂)နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့တဲ့ ရေမွန်အတွက် ချစ်တဲ့ပရိသတ်တွေက အမြဲအမှတ်ရစေဖို့
ရေမွန်ရဲ့ ပုံလေးတွေနဲ့ သီချင်းတွေကို ခန္ဓာကိုယ်ပေါ်တွေမှာ ရေးထိုးထားခဲ့ကြသလို တောင်ကြီးမြို့က ဆိုင်တစ်ဆိုင်မှာဆိုရင်လည်း အမှတ်တရအနေဖြင့် Idiots Raymond Roomဆိုတဲ့ အခန်းလေးတွေလည်း သီးသန့် ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။
အဲ့ဒီဆိုင်လေးကိုတော့ ရေမွန်ကိုချစ်တဲ့ ပရိသတ်တွေက မကြာခဏလာရောက်တတ်ကြတယ်လို့ သိရပါတယ်။ဒီကနေ့မှာတော့ ရေမွန်ရဲ့ အမှတ်တရပစ္စည်းတွေထားရှိတဲ့ တောင်ကြီးမြို့က Idiots Raymond Roomဆိုတဲ့ အခန်းလေးရဲ့ စိတ်မကောင်းစရာ သတင်းတစ်ခုကို ကြားသိရပါတယ်။
ဒါကတော့ Idiots Raymond Roomဆိုတဲ့ အခန်းလေးမှာထားရှိတဲ့ ရေမွန့်အမှတ်တရပစ္စည်းတွေ အားလုံးနီးပါး အခိုးခံရတာ ဖြစ်ပါတယ်။Y Nyein Kywe” Facebook အကောင့် ပိုင်ရှင်က ရေမွန့်အမှတ်တရပစ္စည်းတွေ
လာရောင်းတာတွေတွေ့ရှိရင် ဆက်သွယ်ပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။ဒါ့အပြင် ချစ်ခင်အားပေးခဲ့တဲ့ အဆိုတော် ရေမွန်ရဲ့ အမှတ်တရပစ္စည်းတွေ အခိုးခံရလို့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာ တွေ့ရပါတယ်။
CRD MMLoadmdatenews
mdatenewsmdatenews
Zawgyi
ဂီတေလာကမွာ အောင်ျမင္မှုတြေရရွိပြီးမွ ကြယ္လြန်ြသားရွာခဲ့တဲ့ အဆိုတော်ရေမြန္ကို ခ်စ္တဲ့ပရိသတ်တြေနဲ့ အနုပညာမောင်နုမေတြက အျမဲအမွတ်ေရနခဲ့ပါတယ်။ ရေမြန်ဟာ Idiots Bandရဲ့ ပင္တိုင်အဆိုတ္တောစ်ဦျးဖစ်ပြီး တေးသီခ်င်းမ်ားစြာကိုလည်း ထြက်ရွိထားကာ ပရိသတ်တြေရဲ့ အားပေးမှုတြေကို အခိုင်အမာရရွိခဲ့ပါတယ်။
ဇြန္လ (၂၃) ရက်နေ့မွာတော့ လြတ်ျေမာက္နယ္ကိုရောက်နေရင်း ရုတ္တရက် ကြယ္လြန်ြသားခဲ့တျာဖစ္ပါတယ်။အသက်(၃၂)နွစ်အရြယ္နဲ့ ကြယ္လြန်ြသားခဲ့တဲ့ ရေမြန်အတြက် ခ်စ္တဲ့ပရိသတ်တြေက အျမဲအမွတ်ေရစဖို့ ရေမြန်ရဲ့ ပုံလေးတြေနဲ့ သီခ်င်းတြေကို ခန္ဓာကိုယ်ပေါ်တြေမွာ ရေးထိုးထားခဲ့ကြသလို တောင်ကြီးမြို့က ဆိုင္တစ္ဆိုင္မွာဆိုရင္လည်း အမွတ္တရအေနျဖင့် Idiots Raymond Roomဆိုတဲ့ အခန်းလေးတြေလည်း သီးသန့်ျပုလုပ်ပေးထားတာ တြေ့ရပါတယ်။
အဲ့ဒီဆိုင်လေးကိုတော့ ရေမြန္ကိုခ်စ္တဲ့ ပရိသတ်တြေက မကြာခဏလာရောက္တတ်ကြတယ္လို့ သိရပါတယ်။ဒီကေန့မွာတော့ ရေမြန်ရဲ့ အမွတ္တရပစ္စည်းတြေထားရွိတဲ့ တောင်ကြီးမြို့က Idiots Raymond Roomဆိုတဲ့ အခန်းလေးရဲ့ စိတ္မေကာင်းစရာ သတင်းတစ္ခုကို ကြားသိရပါတယ်။
ဒါကေတာ့ Idiots Raymond Roomဆိုတဲ့ အခန်းလေးမွာထားရွိတဲ့ ရေမြန့်အမွတ္တရပစ္စည်းတြေ အားလုံးနီးပါး အခိုးခံရတျာဖစ္ပါတယ်။Y Nyein Kywe” Facebook အေကာင့် ပိုင်ရွင္က ရေမြန့်အမွတ္တရပစ္စည်းတြေ
လာရောင်းတာတြေတြ့ရွိရင် ဆက်ြသယ်ပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။ဒါ့အျပင် ခ်စ္ခင်အားပေးခဲ့တဲ့ အဆိုတော် ရေမြန်ရဲ့ အမွတ္တရပစ္စည်းတြေ အခိုးခံရလို့ ပရိသတ်တြေကလည်း စိတ္မေကာင်ျးဖစ်နေကြတာ တြေ့ရပါတယ်။
CRD MMLoadmdatenews
mdatenewsmdatenews