Local News


တရုတ်နှင့် စစ်တပ်ပိုင်မြန်မာ့စီးပွားရေး ဦးပိုင် ဖက်စပ် ကြေးနီထုတ်စီမံကိန်းများမှမြန်မာဝန်ထမ်းများ အလုပ်မဆင်းဘဲစစ်အာဏာသိမ်းမှုကို သပိတ်မှောက် တရုတ်နိုင်ငံနှင့် မြန်မာအစိုးရ၊

စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲအကြီးစားသတ္တုတွင်းလုပ်ငန်းတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းက ကြေးနီစီမံကိန်းရှိ မြန်မာအလုပ်သမားတွေက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာအလုပ်မဆင်းဘဲနဲ့ စစ်အာဏာရှင်ကို သပိတ်မှောက်မှု စတင်လိုက်ပါတယ်။

ဒီသပိတ်မှောက်ဆန္ဒပြမှုမှာ မြန်မာ-ယန်စီကုမ္ပဏီ၊မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၊စီနိုဟိုက်ဒရိုကုမ္ပဏီ၊ပေပေါက်အောက်ရှင်း ကုမ္ပဏီ‌တွေက မြန်မာ ဝန်ထမ်းတွေ ပါဝင်ပြီး အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အနေနဲ့ လက်ပတ်နီပတ်ကာ သပိတ်မှောက် ကန့်ကွက်ဆန္ဒထုတ်ဖော်နေကြတာလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုက တရုတ်ရဲ့ ပါဝင်ပတ်သက်မှုမကင်းဘူးလို့လည်း ပြည်သူလူထုတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေကြားလူထုတွေကြားမှာ သံသယရှိနေကြပါတယ်။လက်ရှိမှာ နိုင်ငံ့ဝန်ထမ်းတွေပါဝင်တဲ့ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင် ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေလည်း နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd Original Post

(ZAWGYI)

တရုတ်နှင့် စစ်တပ်ပိုင်မြန်မာ့စီးပွားရေး ဦးပိုင် ဖက်စပ် ကြေးနီထုတ်စီမံကိန်းများမှမြန်မာဝန်ထမ်းများ အလုပ်မဆင်းဘဲစစ်အာဏာသိမ်းမှုကို သပိတ်မှောက် တရုတ်နိုင်ငံနှင့် မြန်မာအစိုးရ၊

စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ အကြီးစားသတ္တုတွင်းလုပ်ငန်းတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းက ကြေးနီစီမံကိန်းရှိ မြန်မာအလုပ်သမားတွေက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာအလုပ်မဆင်းဘဲနဲ့ စစ်အာဏာရှင်ကို သပိတ်မှောက်မှု စတင်လိုက်ပါတယ်။