Local News

Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပက်သက်နေတာလဲ…

ယမန်နေ့ ည အောက်တိုဘာလ ၇ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကန်ရိပ်သာလမ်းရှိ Brave Bar အမည်ခံ Clubအား စစ်ကောင်စီတပ်မှ ည ၁၁:၄၅ နာရီတွင် ဝင်ရောက်ဖမ်းဆီးရာ Brave Bar Clubတွင် အရက်,မူးယစ်တေဆေးဝါးများသုံးစွဲပြီးပျော်ပါးနေတဲ့ အမျိုးသား အမျိုးသမီး ဝန်ထမ်းအပါအဝင် စုစုပေါင်း လူ၂၀၀ဝန်းကျင်ခန့်ဖမ်းဆီးခံရတယ်လို့ ကနဦးသိရှိရပါတယ်။

ဒါပေမဲ့ ယနေ့ မနက် ၉:၀၀ နာရီဝန်းကျင်တွင် အဆိုပါ Brave Bar Clubအတွင်းဖမ်းဆီးခံရတဲ့ ဧည့်သည်များ clubရှိမန်နေဂျာ ဝန်ထမ်းအားလုံး အန္တရာယ် ကင်းစွာ မိမိတို့နေအိမ်အသီသီးသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သတင်းခိုင်မာစွားကြားသိရပါတယ်။ညတုန်းက စစ်ကောင်စီတပ်ကဖမ်းခံရတဲ့သူအားလုံး လွတ်မြောက်သွားကြောင်း မည်သူ့ကိုမှဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိကြောင်း သိရှိရပါတယ်။Brave Bar Clubကို အခုလို ည၁၀ နာရီကစပြီး မနက်၄နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်ဘယ်လိုပုံစံနဲ့ဖွင့်ထားတာလဲ ဆိုတဲ့အချက်ကအရေးကြီးပါတယ်။Bar ဖြစ်ဖြစ်Clubဖြစ်ဖြစ်တိတ်တဆိတ်မသိအောင် ခိုးပြီးလျှို့ဝှက်ဖွင့်လို့အဆင်ပြေတဲ့လုပ်ငန်မျိုးမဟုတ်ပါဘူး။ ဒါဆိုအခုလို ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်Bar တို့ clubတို့ ဖွင့်နိုင်တယ်ဆိုတာ

နယ်မြေမြို့နယ်ရဲစခန်း ခရိုင်ရဲတပ်ဖွဲ့လောက်ကို လာဘ်ပေးပြီးဖွင့်ဖို့မဖြစ်နိုင်ပါဘူး။လက်ရှိအာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ပိုင်းအချို့နဲ့ပက်သက်မှုရှိမှဖွင့်လို့ရတဲ့အခြေအနေပါ။ပိုင်ရှင်ဘယ်သူဖြစ်နေလို့အခုလိုပေါ်ပေါ်ထင်ထင်ဖွင့်ရဲတာလဲဆိုတော့ Brave Barရဲ့ပိုင်ရှင်က ကိုစိုးလှိုင်ဆိုတဲ့စီးပွားရေးသမားတယောက်ဘဲဖြစ်ပါတယ်။ကိုစိုးလှိုင်ဆိုတဲ့ Brave Barပိုင်ရှင်က ဘယ်သူဖြစ်နေလို့လဲဆိုတဲ့မေးခွန်းမေးစရာရှိပါတယ်။

Brave Bar ပိုင်ရှင် ကိုစိုးလှိုင် မှာ အမွှာညီအကို နောက်တယောက် ကိုစိုးနိုင်ဆိုတဲ့တယောက်ရှိပါသေးတယ်။ သူတို့ ညီအကိုနှစ်ယောက်က (နအဖ)အစိုးရ ဦးသန်းရွှေလက်ထက် ၂၀၀၉-၂၀၁၀ ဝန်းကျင်လောက် DoKoMoနာမည်နဲ့ မြေနီကုန်း ပါရမီနှင့် နေရာတချို့မှာ တန်ဖိုးနည်းတရုတ်ဖုန်းများကို ရောင်းတဲ့ဆိုင်ဖွင့်လှစ်ပြီး လိုင်စင်မဲ့ကားကိုသာဝယ်စီးနိုင်တဲ့အခြေအနေသာရှိပြီးတရုတ်ပြည်ထုတ်တန်ဖိုးနည်းဖုန်းများကိုသာ သူတို့ညီအကိုနှစ်ဦးပိုင်တဲ့ DoKoMoဖုန်းဆိုင်တွေမှာ ရောင်းရတဲ့တန်ဖိုးနည်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေခဲ့ရသူတွေပါ။ဒါပေမဲ့၂၀၁၆နောက်ပိုင်း ကိုစိုးလှိုင်ရဲ့စိးပွားရေးလုပ်ငန်းတွေက DoKoMoဖုန်းဆိုင်းခွဲတွေမဟုတ်တော့ပါဘူး။ ယခုစစ်ကောင်စီတပ်ကဝင်ဖမ်းတဲ့ ကန်ရိပ်သာလမ်းက Brave Bar ဆရာစံလမ်းပေါ်က World Wide KTV ၇မိုင် ကုန်းမြင့်ရိပ်သာလမ်းက

Icon KTV ၊Worldwide KTV Mdy ၊ Icon KTV Mdy ၊ ဆရာစံလမ်းပေါ်က Canton Paradise Chinese Fine dining Restaurant ၊ ဆရာစံလမ်းပေါ်က Beauty In The Pot Hot Pot ဆိုင်၊ ဆရာစံလမ်းပေါ်က NYX KTV၊ JanJanJan Japanese Restaurant ၊ Brave Empire Production ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း,Hotel SS Aung Ban စသည့်လုပ်ငန်းများအပြင် သိန်း၃၀၀၀၀သောင်းအထက်

အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းများကိုလုပ်ကိုင်နေတာတွေ့ရပါတယ်။ယခုလက်ရှိ Brave Bar ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်သူဌေးက 7miles Villa လို့ခေါ်တဲ့ ၇မိုင် အေဒီမီးပွိုင့်အနီး ပြည်လမ်းပေါ်ကနေဝင်ရတဲ့ ခြံတခြံအကျယ်အဝန်း ၁ဧကကျယ်ဝန်းတဲ့ခြံ ၇ခြံသာရှိတဲ့ ခြံတွေထဲက ခြံတခြံမှာ နန်းတော်ကြီးပုံစံအိမ်နဲ့နေထိုင်လျှက်ရှိပါတယ်။နိုင်ငံရဲ့စီမံကိန်းတွေလုပ်တဲ့လုပ်ငန်းတခုမှမရှိဘဲဘာကြောင့်နှစ်အနည်းငယ်အတွင်းချမ်းသာမှုပမာဏအများကြီးရှိတာလဲဆိုတဲ့အကြောင်းအရင်းက ကိုစိုးလှိုင်လုပ်တဲ့လုပ်ငန်းအများစုက Night Life(ညပိုင်းဖျော်ဖြေရေးလုပ်ငန်း)တွေဖြစ်နေတော့ အဓိက မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ငန်းဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ဒီလိုလုပ်ငန်းကို တကယ့်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့သူတယောက်က တပ်ကထိပ်ပိုင်းခေါင်းဆောင်တွေနဲ့

အကျိုးတူလုပ်ကိုင်နိုင်မှ မူးယစ်ဆေးဝါးများကို တရားဝင်ပုံစံဖြန့်ဖြူးရောင်းချနိုင်မှာဖြစ်တယ်။ကိုစိုးလှိုင်ရဲ့လုပ်ငန်းတခုဖြစ်တဲ့ World Wide KTV Mdyမှာ ၂၀၁၈ခုနှစ်ဝန်းကျင်က ပြည်ထဲရေးဝန်ကြီးဌာနမှသတင်းအရ မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းအကြီးအကျယ်လုပ်ကိုင်တဲ့ ကုန်သည်တွေ Mdy World Wide KTVမှာ ရောက်နေတယ်လို့သတင်းအတိအကျနဲ့တိုင်တဲ့အတွက် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ထိုသို့ဖမ်းဆီးရာအဓိကတရာခံ၅ဦးဖမ်းခံရပေမဲ့ သတင်းတစုံတရာထုတ်ပြန်ခြင်းမရှိပါဘူး။ ဖမ်းခံရတဲ့သူ၅ဦးအနက် ၁ဦးက မန္တလေးနဲ့ရန်ကုန် ကျောက်သူဌေးလောကမှာ နာမည်အရမ်းကြီးတဲ့ ဦးအိုက်ထွေး(ကျောက်အရောင်းအဝယ်လုပ်ငန်းရှင်)ရဲ့သားမက် ကိုအောင်ဝင်း ဆိုသူဖြစ်ပါတယ်။အခုလို မူးယစ်ဆေးဝါးကို နိုင်ငံတကာရောင်းတဲ့မူးယစ်ရာဇာတယောက်ကို ဖမ်းခံရပြီး၁နှစ်မပြည့်ခင်အချိန်အတွင်းမှာလွတ်မြောက်လာခဲ့ပါတယ်။ဘယ်သူမှ မသိတဲ့ကြီးမားတဲ့ဖြစ်စဉ်တခုပါ။နောက်ပြီး ကိုးစိုးလှိုင်ရဲ့ World Wide KTV Mdyဆိုင်ကတစုံတရာ အရေးယူခံရခြင်းမျိုးလဲမဖြစ်ခံ့ပါဘူး။ကိုစိုးလှိုင်ပိုင်ဆိုင်တဲ့ KTV,Club,Barနေရာတိုင်းမှာ စိတ်ကြွမူးယစ်ဆေးဝါးမျိုးစုံကို သုံးစွဲဖို့ accessories များအဆင်သင့်ပြင်ဆင်ထားပြီး အဆင်သင့်သုံးစွဲနိုင်ရန်စီစဉ်ပေးထားပြီးကိုယ်ကြိုက်နှစ်သက်ရာ မူးယစ်ဆေးဝါးများကို

စိတ်ကြိုက်လွယ်ကူစွာဝယ်ယူ သုံးစွဲ နိုင်တဲ့နေရာတွေက ကိုစိုးလှိုင်ပိုင်ဆိုင်တဲ့ နေရာတွေမှာလွယ်လင့်တကူလွတ်လပ်စွာဝယ်ယူသုံးစွဲနိုင်အောင်ရောင်းချလျှက်ရှိပါတယ်။ကိုစိုးလှိုင်ရဲ့ရင်းနှီးတဲ့လုပ်ငန်းစပ်တူလုပ်ကိုင်တဲ့သူတွေ အာဏာသိမ်းစစ်ခေါင်းဆောင်တပ်ချုပ် မင်းအောင်လှိုင် သမီးခင်သီရိသက်မွန်နှင့် ခင်ပွန်းဟောင်းလင်းမြင့်ဖွယ်(DJ Xoon Mite),သားအငယ် အောင်ပြည့်စုံနှင့်ချွေးမ မျိုးရတနာထိုက်

ဒုချုပ်စိုးဝင်း (DSA22)ရဲ့မယားပါသားအငယ်လင်းထူးနှင့် ချွေးမ သဲသဲ (Mdy ရဲ့လုပ်ငန်း),ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ(DSA 22),ပြည်ထဲရေးဒုဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး အောင်စိုး(DSA 26),ရဲချုပ်ဟောင်း ရဲချုပ်အောင်ဝင်းဦး (DSA26),လက်ရှိပြည်ထဲရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီး စိုးထွဠ်(OTS 64),စရခချုပ်ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး (OTS 77) တို့ဘဲဖြစ်ပါတယ်။ဒီလိုမျိုးတပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လုပ်ငန်းအတူလုပ်ကိုင်နေသူဖြစ်လို့ မနေ့ညပိုင်း၁၁:၄၅မှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးပေမဲ့ ဖမ်းဆီးခံရသူ ၂၀၀ဝန်းကျင်က တယောက်မှဖမ်းဆီးထိန်းသိမ်းခြင်းမခံရဘဲ ပိုက်ဆံပေးစရာမလိုဘဲ ခံဝန်ထိုးပြီး ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။ကိုးစိုးလှိုင်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့အဓိက မင်းသားက ပြည်သူတွေရဲ့အချစ်တော်မင်းသားပိုင်တံခွန်ဘဲဖြစ်ပါတယ်။

မင်းသားပိုင်တံခွန်က လက်ရှိ ၅၀၅-ကနဲ အင်းစိန်ထောင်မှာ အမှုရင်ဆိုင်နေရပါတယ်။ပိုင်တံခွန်ဖမ်းခံရတဲ့ဖြစ်စဉ် အမှန်က မင်းသားပိုင်တံခွန်က လွတ်မြောက်နယ်မြေတခုသို့ရောက်ရှိနေပြီး သူ့အတွက်လွတ်မြောက်နယ်မြေမှာ နေထိုင်ဖို့အဆင်မပြေတဲ့အကြောင်းပြချက်နဲ့ မင်းသားပိုင်တံခွန်က သူ့ရဲသူဌေးရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်ကိုစိုးလှိုင်ကိုဆက်သွယ်ပြီး ကိုစိုးလှိုင်ရဲ့ အစီအစဉ်ပြုလုပ်ပေးမှုကြောင့်

စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ(စရဖ)တပ်ဖွဲ့ဝင်များက မင်းသားပိုင်တံခွန်ကို သူ့ရဲနေအိမ် မြောက်ဒဂုံသို့ လျှို့ဝှက်ပို့ဆောင်ပေးခဲ့ပါတယ်။စစ်ကောင်စီက ည၈နာရီသတင်းမှာ ၅၀၅-က ဝရမ်းထုတ်ပြန်ခံရတဲ့အနုပညာရှင်တွေစာရင်းတွေကြေငြာတဲ့အခါ April ၇ရက်နေ့မှာမင်းသားပိုင်တံခွန်ရဲ့ ဝရမ်းထုတ်ခံရတယ်ဆိုတာ သတင်းမှာပါလာပါတယ်။စရဖတပ်ဖွဲ့နဲ့ပြည်ထဲရေးတပ်ဖွဲ့အချင်းအချင်းမကျေနပ်မှုကြောင့်နေအိမ်သို့တိတ်တဆိတ်ပြန်ရောက်နေတဲ့မင်းသားပိုင်တံခွန် သတင်းရထားပြီးဖြစ်နေတဲ့အတွက် April ၈ရက်နေ့ မနက်လင်းအားကြီးအချိန် မင်းသားပိုင်တံခွန်ရဲ့ နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ထိုသို့ဖမ်းဆီးပြီး မင်းသားပိုင်တံခွန်ကို အင်းစိန်အကျည်းထောင်သို့ ပို့ဆောင်လိုက်ပြီး တရားစွဲဖို့ စီစဉ်ပါတယ်မင်းသားပိုင်တံခွန်အင်းစိန်အကျည်းထောင်သို့ပို့ဆောင်ပြီး ၅၀၅-ကဖြင့်စတင်တရားစွဲဆိုတဲ့အခါ

Brave Empire Production ထုတ်လုပ်ရေးပိုင်ရှင်ကိုစိုးလှိုင်ရဲ့ တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပိုင်နိုင်တဲ့အတွက် မင်းသားပိုင်တံခွန်ကို မြောက်ဒဂုံ မာရှယ်လော စစ်အုပ်ချုပ်ရေးကြေငြာထုတ်ပြန်ထားတဲ့ မြို့နယ်မှာ ဖမ်းဆီးခံရပေမဲ့ မင်းသားပိုင်တံခွန်ရဲ့ထုတ်လုပ်ရေးပိုင်ရှင်ကိုစိုးလှိုင်ရဲ့ကူညီပေးမှုကြောင့် စစ်ခုံရုံးနဲ့ရုံးတင်တရားစွဲဆို ပြစ်ဒဏ်ချရမှာဖြစ်ပေမဲ့ အရပ်ဘက်တရာရုံး မြောက်ဒဂုံမြို့နယ်တရားရုံးကနေအမှုရင်ဆိုင်ရပါတယ်။

မင်းသားပိုင်တံခွန်လို မြောက်ဒဂုံမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ အသက်၂၀ကျော် မိန်းကလေးတဦးကတော့ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့မြောက်ဒဂုံမြို့နယ်မှာဖမ်းဆီးခံရလို့ မြောက်ဒဂုံမြို့နယ် စစ်ခုံရုံးကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၁နှစ်ချမှတ်ခံလိုက်ရပါတယ်။အဆိုပါ မိန်းကလေးဖမ်းခံရတဲ့ရက်နဲ့မင်းသားပိုင်တံခွန်ဖမ်းခံရတဲ့ရက်က ၁ရက်ဘဲကွာပါတယ်။ဒါကြောင့် Brave Bar ပိုင်ရှင်ကိုစိုးလှိုင် စစ်ကောင်စီကိုဘယ်လိုပိုင်တယ်ဆိုတာ တွေ့နိုင်မြင်နိုင်ပါတယ်။

အပြစ်မဲ့ပြည်သူတွေအိမ်တွေကို ညဦးပိုင်းအချိန်မှာ စကစတပ်တွေက ရပ်ကွက်တွေထဲဆဲဆိုကြိမ်းမောင်းပြီး ဧည့်စာရင်းဝင်စစ်ပြီး အသားလွတ်အပြစ်မရှိဘဲ မတရားဖမ်းဆီးထောင်ထဲထည့်ခံရပေမဲ့ စစ်ကောင်စီနဲ့ပက်သက်တဲ့ရေပေါ်ဆီအသိုင်းအဝိုင်းတွေကတော့ ည၁၀နာရီမထွက်ရဆိုတဲ့ ဥပဒေချိုးဖောက်ကာ တရားမဝင်တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကိုသုံးစွဲပြီးတည်ဆဲဥပဒေ ပြဌာန်းဥပဒေတွေကိုချိုးဖောက်ကျူးလွန်

အပြစ်ရှိပေမဲ့ မတရားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ မတရားဥပဒေကြောင့် အပြစ်လုပ်တဲ့သူတရားခံအစစ်တွေက လွတ်မြောက်နေတာပါ။အပြစ်မဲ့ပြည်သူပေါင်မျာစွားကတော့ မတရားဖမ်းဆီး လူမဆန်စွာနှိပ်စက် သတ်ဖြတ်လူ့အခွင့်အရေးတွေချိုးဖောက်ခံနေရပြီး သူတို့နဲမသက်ဆိုင်တဲ့ အကျဉ်းထောင်တွေ

စစ်ကြောရေးစခန်းတွေမှာမတရားဖမ်းဆီးခံနေရတာက မတရားအာဏာလုထားတဲ့ အာဏားရူးစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အာဏာရူးစစ်ဗိုလ်ချုပ်ကြီးရာထူးကိုယ့်ဘာသာယူထားတဲ့ စစ်အာဏာရှင်ရဲ့ အမွေဆိုးစနစ်ဆိုး အကျင့်ဆိုးတွေကြောင့်ဖြစ်နေရတာဘဲဖြစ်ပါတယ်။

1382 Revolution

Credit