Local News

Andaman Gold နဲ့ တစ်နှစ်စာ စာချုပ်ချုပ်မယ့်ကိစ္စကို ဖျက်သိမ်းလိုက်တဲ့ အဆိုတော် ဖော်ကာ



ကူညီပေးခဲ့ကြသော “သာမန်ပြည်သူဝန်ထမ်း” ညီအကိုများကိုတော့ ကျေးဇူးတင် အားနာခွှင့်လွှတ်စေချင်ပါကြောင်း လို​ရေးသားထားတာဖြစ်ပါတယ်။



Photo Credit

Unicode

အဆိုတော်ဖော်ကာကတော့ ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်တစ်ဦးအဖြစ် ထင်ရှားပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေတွေအရသူလုပ်သင့်တယ်လို့ ထင်တဲ့ အလုပ်တစ်ခုကို ပြတ်ပြတ်သားသားလုပ်ကိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။အဲဒါကတော့ Andaman Gold ကုန်ပစ္စည်း နဲ့ တစ်နှစ်စာ စာချုပ်ချုပ်မယ့်ကိစ္စကို အဆိုတော်ဖော်ကာ ဘက်ကနေစပြီးဖျက်သိမ်း လိုက်တာပဲဖြစ်ပါတယ်။

၂ လကျော်ခန့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး Brand Kol အဖြစ် Andaman Goldနဲ့ ဒီအပတ်ထဲတစ်နှစ်စာ စာချုပ်ချုပ်မည့်ကိစ္စအား ကျွန်တော့်ဖက်က ဖျက်သိမ်း လိုက်ပါကြောင်း။

ကူညီပေးခဲ့ကြသော သာမန်ပြည်သူဝန်ထမ်းညီအကိုများကိုတော့ ကျေးဇူးတင် အားနာခွှင့်လွှတ်စေချင်ပါကြောင်း” လို့ ရေးသားထားတာဖြစ်ပါတယ်။

ဒါ့အပြင် Civil Disobedience အတွက်လည်းပြည်သူတွေနဲ့ထပ်တူ ရပ်တည်သွားမယ့် အကြောင်းကို “ ထို့အပြင် ကျွန်တော်သည် ဂီတနဲ့အသက်ရှင်သော ဂီတသမားတစ်ဦး ဖြစ်ပါသည်။Civil Disobedience ပြုလုပ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော ပြည်သူ့ ဝန်ထမ်းအင်ဂျင်နီယာများ၊ ပြည်သူ့ဝန်ထမ်း ဆရာဝန်များနှင့်၊

အခြား‌သော ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် အတူ တကွ ရပ်တည်သွားပါမည်” လို့ အဆိုတော်ဖော်ကာက ထပ်မံ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo Credit