Local News

ငွေဆောင်မြို့အနီး ပင်လယ်ပြင်တွင် ပေါက်ကွဲသံများ ကြားနေရသည်မှာ လေးကြိမ်တိုင်ရှိပြီ ဖြစ်ကြောင်းသိရ

ငွေဆောင်မြို့အနီး ပင်လယ်ပြင်တွင် ပေါက်ကွဲသံများ ကြားနေရသည်မှာ လေးကြိမ်တိုင်ရှိပြီ ဖြစ်ကြောင်းသိရ။ပုသိမ်ခရိုင် ငွေဆောင်မြို့ အနီး ပင်လယ်ပြင် အ တွင်းတွင် ထူးဆန်းသည့် ပေါက်ကွဲသံများကို ဖေ ဖော်ဝါရီ လ ၂ ရက်မှ စတင်ကာ နေ့စဉ်ကြားနေရကြောင်း ငွေဆောင်မြို့ ဖုန်းမောင်ကြိုင် ကျေးရွာတွင် နေထိုင်သည့် ဒေသခံများထံမှ သတင်းရရှိပါသည်။

မည်သည့် ပေါက်ကွဲသံဟု အမျိုးအစားခွဲခြမ်း၍ မပြောနိုင်သော်လည်း ပင်လယ်အတွင်းမှ ကျယ်လောင်သည့် ပေါက်ကွဲသံကို ဖေဖော်ဝါ ရီလ ၂ ရက်တွင် မွန်းလွဲ ၂ နာရီခန့်တွင် တကြိမ်၊ ည ၉ နာရီခန့်တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ်၊

ဖေဖော်ဝါ ရီ ၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် တစ်ကြိမ် ကြားခဲ့ရ ကြောင်း ဒေသခံများထံမှ သိရပါ သည်။ “ကြားခဲ့ ကြုံခဲ့ရ တာတော့ ဟိုတစ်နေ့ကလေ တစ်ချက်ကြားတာ တော်တော်လေး ကျယ်တယ်။

နောက်တစ်ခါက ခပ်အုပ်အုပ်ပဲ ပင်လယ်ဘက်ကနေပဲ ကြားတာ။ အခုလည်း သိပ်မကြာသေးခင်ကပဲ နေ့လယ် ၁၅ မိနစ် လောက်က (ဖေ ဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီ) အခုခဏ တစ်ချက်ကြားတယ်။ အဲဒါလည်း တော်တော်လေးကျယ်တယ်။

ဘာသံလဲတော့ မသဲကွဲဘူး။ ပေါက် ကွဲသံတော့ သေချာတယ်။ ပင်လယ် ရေပြင် က တော့ ထူးခြားတာ မရှိဘူး။ အိမ်တွေ တောင်တုန်တယ် တစ်ကြိမ်ကဟု ဖုန်းမောင်ကြိုင် ကျေးရွာ ရာအိမ်မှူး ဦးတင်ထွန်းက ပြောကြားသည်။

ယင်းအကြောင်း အရာနှင့် ပတ်သက်၍ ငွေဆောင်မြို့ အုပ်ချုပ် ရေးမှူးထံ ဆက်သွယ် မေးမြန်းခဲ့ သော် လည်း တယ်လီဖုန်း ခေါ်ဆို၍ မရခဲ့ပါ။ CO VID-19 ရောဂါ ကာကွယ်တားဆီး နိုင်ရေးအတွက်၊

ငွေဆောင် ကမ်းခြေကို အပန်းဖြေ ခရီးသွားလာမှုရပ်ဆိုင်း ထားမှုကြောင့် ခရီးသွား အပန်းဖြေ သူ များမှ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း မပြုလုပ်နိုင် သည့်အချိန်တွင် ယခုကဲ့သို့ ပေါက်ကွဲသံများ ကြားရခြင်း ဖြစ်ကြောင်း သိရသည်။

Unicode

ပုသိမ်ခရိုင် ငွေဆောင်မြို့ အနီး ပင်လယ်ပြင် အ တွင်းတွင် ထူးဆန်းသည့် ပေါက်ကွဲသံများကို ဖေ ဖော်ဝါရီ လ ၂ ရက်မှ စတင်ကာ နေ့စဉ်ကြားနေရကြောင်း ငွေဆောင်မြို့ ဖုန်းမောင်ကြိုင် ကျေးရွာတွင် နေထိုင်သည့် ဒေသခံများထံမှ သတင်းရရှိပါသည်။

မည်သည့် ပေါက်ကွဲသံဟု အမျိုးအစားခွဲခြမ်း၍ မပြောနိုင်သော်လည်း ပင်လယ်အတွင်းမှ ကျယ်လောင်သည့် ပေါက်ကွဲသံကို ဖေဖော်ဝါ ရီလ ၂ ရက်တွင် မွန်းလွဲ ၂ နာရီခန့်တွင် တကြိမ်၊ ည ၉ နာရီခန့်တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ်၊

ဖေဖော်ဝါ ရီ ၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် တစ်ကြိမ် ကြားခဲ့ရ ကြောင်း ဒေသခံများထံမှ သိရပါ သည်။ “ကြားခဲ့ ကြုံခဲ့ရ တာတော့ ဟိုတစ်နေ့ကလေ တစ်ချက်ကြားတာ တော်တော်လေး ကျယ်တယ်။

နောက်တစ်ခါက ခပ်အုပ်အုပ်ပဲ ပင်လယ်ဘက်ကနေပဲ ကြားတာ။ အခုလည်း သိပ်မကြာသေးခင်ကပဲ နေ့လယ် ၁၅ မိနစ် လောက်က (ဖေ ဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီ) အခုခဏ တစ်ချက်ကြားတယ်။ အဲဒါလည်း တော်တော်လေးကျယ်တယ်၊ ဘာသံလဲတော့ မသဲကွဲဘူး။ပေါက် ကွဲသံတော့ သေချာတယ်။

ပင်လယ် ရေပြင် က တော့ ထူးခြားတာ မရှိဘူး။ အိမ်တွေ တောင်တုန်တယ် တစ်ကြိမ်ကဟု ဖုန်းမောင်ကြိုင် ကျေးရွာ ရာအိမ်မှူး ဦးတင်ထွန်းက ပြောကြားသည်။ယင်းအကြောင်း အရာနှင့် ပတ်သက်၍ ငွေဆောင်မြို့ အုပ်ချုပ် ရေးမှူးထံ ဆက်သွယ် မေးမြန်းခဲ့ သော် လည်း တယ်လီဖုန်း ခေါ်ဆို၍ မရခဲ့ပါ။

CO VID-19 ရောဂါ ကာကွယ်တားဆီး နိုင်ရေးအတွက် ငွေဆောင် ကမ်းခြေကို၊အပန်းဖြေ ခရီးသွားလာမှုရပ်ဆိုင်း ထားမှုကြောင့် ခရီးသွား အပန်းဖြေ သူ များမှ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း မပြုလုပ်နိုင် သည့်အချိန်တွင် ယခုကဲ့သို့ ပေါက်ကွဲသံများ ကြားရခြင်း ဖြစ်ကြောင်းကို သိရပါသည်။

Credit-Eleven