Local News
ရဲဘော်တွေအတွက် အားဆေးတစ်ခွက်ဖြစ်သွား စေမယ့် စာလေး တစ်စောင် ကို လက်ခံရရှိခဲ့ကြောင်းပြသလာတဲ့ လူရွှင်တော်ပိုးလေး
ဟားငါးကောင်အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူရွှင်တော် ပိုးလေးကတော့ ယခုလက်ရှိ လွတ်မြောက်နယ်မြေမှာခိုလှုံနေသူတစ်ဦး ဖြစ်ပါတယ်။
ပိုးလေးနဲ့အတူ အဖွဲ့ဝင်တွေအားလုံးက စစ်ရေးလေ့ကျင့်ရေးသင်တန်းတွေကိုတက်ရောက်ရင်း တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲ ရှင်သန်နေထိုင်နေတာ ဖြစ်ပါတယ် ။ ကြုံလာသမျှ
ဒုက္ခမျိုးစုံကို ခါးစည်းခံပြီး ကြိုးစားပမ်းစား ရှင်သန်နေတဲ့ ပိုးလေးတို့အဖွဲ့ကို ပြည်သူတွေကလည်း လေးစားချစ်ခင်နေကြတာ ဖြစ်ပါတယ်
။ပိုးလေးတို့ကတော့ တောထဲတောင်ထဲကို ရောက်ရှိနေပေမယ့်လည်း ပြည်သူတွေ စိတ်ဓာတ်မကျစေဖို့အတွက်
လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ အမြဲတမ်း အားပေးစကား ပြောကြားပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း ပိုးလေးကသူ့ဆီကိုပေးပို့လာတဲ့ စာလေးတစ်စောင်ကို အားလုံးမြင်တွေ့ရအောင် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။
ဒီစာကိုတော့ အမျိုးသမီးတစ်ဦးက လူရွှင်တော်ပိုးလေးထံကို Chat Box ကတစ်ဆင့်ပေးပို့ခဲ့တာပြီး တင်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
စာထဲမှာတော့ အဲ့ဒီအမျိုးသမီးလေးက သူမနေနဲ့ စစ်မှုထမ်းနိုင်စွမ်းမရှိပေမယ့်လည်း နိုင်ရာတာဝန်ကို ထမ်းဆောင်သွားမှာဖြစ်ကြောင်း
ရေးသားထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်လူတစ်စုက ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုလာခဲ့မယ်ဆိုရင် “မတွေဝေပါနဲ့၊
နောက်မဆုတ်ပါနဲ့၊ လက်နက်မချပါနဲ့” ဆိုပြီး သူမက အမှာစကားပါထားတာ ဖြစ်ပါတယ် ။ အသက်စွန့်ဖို့ ဝန်မလေးတဲ့
ပြည်သူတစ်ဦးဆီကနေ ရရှိခဲ့တဲ့ စာလေးက PDF ရဲဘော်တွေအတွက် အားဆေးတစ်ခွက်ဖြစ်စေနိုင်တာကြောင့် လူရွှင်တော်ပိုးလေးက ပြန်လည်ဖော်ပြပေးထားတာ ဖြစ်ပါတယ်
celethatin
Zawgyi
celethatin
Credit